အချိန်အားဖြင့် သုံးရက်ကျော်ပြီ ဖြစ်သည်...Sofa ပေါ် အိပ်ရတာ သုံးရက် မြောက်သည့်နေ့ တနည်းအားဖြင့် အရူးလေး သူ့အိမ်ရောက်တာ သုံးရက် မြောက်သည့်နေ့ပင် ဖြစ်သည်....
ထို အရူးလေးက တစ်ချက် တစ်ချက် ထထ ဖောက်တာက လွဲလို့ တခြား အန္တရာယ်တော့ မပေးသေးတာမို့ ဂျုံအင်းခဗျာ နည်းနည်းတော့ စိတ်ချလက်ချ ဖြစ်လာရသည်...
ထိုအရူးလေးက စားချိန်သောက်ချိန်ရောက်မှ အခန်းထဲက ထွက်လာနေကျမို့ ဂျုံအင်းလည်း Sofa ပေါ်မှာတင် စာမူလေးရေး လိုက် အိပ်လိုက် ဖြင့် အချိန်ကုန်နေရသည်...
' တီးတောင်.....တီးတောင်....တီးတောင်...တီးတောင်'
'ဒေါက်..ဒေါက်... '
စာရေးနေတုန်း တံခါးက ဘဲလ်သံကြောင့် ခါးက မတ်ခနဲ...
အဆက်မပြတ် တံခါးကိုပါ ထုလာတာမို့ ကပျာကယာ တံခါးဆီ ထပြေးရ၏...
တော်ကြာ အခန်းတံခါးလေး ပျက်သွားမှဖြင့် ဒယ်ဒီဖားသားထံ လက်ဖြန့်နေရဦးမည်..
' ဘယ် မိမဆုံးမ ဖမဆုံးမ က တံခါးကို အတင်းထု.... အဲ.... အုပ်...အုပ်ချုပ်ရေးမှူး...'
ပြောလည်းပြော တံခါးလည်း ဆွဲဖွင့်လိုက်တော့မှ မြင်လိုက်ရတဲ့ မျက်နှာကြီးကြောင့် ပြောလက်စက တန့်ခနဲ...
တံခါးဝက အုပ်ကြီးကတော့ ဂျုံအင်းကို စူးခနဲ ကြည့်နေလေပြီမို့ ဟီးခနဲ သွားဖြဲ ပြလိုက်ရသည်...
သူ့နောက်မှာလဲ ရဲနှစ်ယောက် ပါသေးတာမို့ ဂျုံအင်း မှာ အူလည်လည်...
သူလည်း ဘာမှ ကြူးလွန်ထားတာမရှိ.
.' ဟို... ဘာကိစ္စများလည်း မသိဘူး ခင်ဗျ... '
' ဒီလိုကွ... မောင်ရင်ရ.... မင်းကို မသင်္ကာလို့ တိုင်ထားတာရှိလို့.. '
ဗုဒ္ဓေါ!!!!...
'နေကြပါဦးဗျာ... ကျွန်တော်က ဘာလုပ်ထားလို့ ဘယ်သူက တိုင်တာလဲ.. '
မရှင်း မရှင်း အုပ်ကြီးနှင့် အူလည်လည် ဂျုံအင်း တို့ တိုင်ပတ်နေကြတုန်း
ဘေးက ရဲ နှစ်ယောက်ကတော့ ဂျုံအင်း အိမ်ထဲ ဗို့အားတစ်သိန်း မျက်လုံးများနှင့် ကြည့်နေရင်းက မသင်္ကာစရာလေးများ တွေ့တာနဲ့ ချက်ချင်း လက်ထိပ်ခတ်ပြီး ခေါ်သွားချင်တဲ့ မျက်နှာပေးများနှင့်...
YOU ARE READING
Miracle Destiny... ☘[Completed]
Romanceဆန်းကြယ်တဲ့ ဖူးစာပါပဲ ~~ ဒီလိုနဲ့ပဲ.... ကျွန်တော်တို့ ဆုံတွေ့ခဲ့ကြတာပေါ့.. ♧♧