711 97 2
                                    


ရက်ပေါင်း 65 ရက်...

ကောင်လေး ထွက်သွားတာ နှစ်လကျော်သွားခဲ့ပြီ....

ထားခဲ့နိုင်သူကတော့ မသိ...

ထားခံခဲ့ရတဲ့ ဂျုံအင်းမှာတော့ ဒီနှစ်လလုံးလုံး ဝေဒနာ တစ်ပုံတစ်ခေါင်းနှင့်... 

ဘယ်သွားသွား ဘာလုပ်လုပ် စိတ်နဲ့ လူနဲ့  အဝေးကြီး ဝေးနေရသည်... 

စာမူကိစ္စကြောင့် စာအုပ်တိုက်ကို မသွားမဖြစ် သွားရမှာမို့ အပေါ်အင်္ကျီ ဆွဲကာ ထွက်လာရင်း ဓာတ်လှေကားထဲ အရောက်မှာ အောက်ထပ်က ဦးလေးနဲ့ ဆုံသည်...

' မောင်ရင်.... '

' ဗျာ!'

စိတ်နဲ့ လူနဲ့ မကပ်တဲ့ ဂျုံအင်း   ဦးလေးခေါ်သံကြောင့် ထထူးမိတာ ကပျာကယာ...

' ဟိုကလေးရော..... ပြန်သွားပြီလား'

' ဟုတ် .. '

ဂျုံအင်း ခပ်လေးလေး ဖြေတော့ ဦးလေးက သက်ပြင်းချသည်....

' ဒီကိစ္စက ဦးလေးနဲ့ မဆိုင်ဘူးဆိုပေမယ့် တစ်ခုတော့ ပြောပါရစေ... ဒီကလေးကို မမုန်းပါနဲ့ .... သူမင်းအပေါ် လိမ်ညာခဲ့တဲ့ဆိုပေမယ့် မင်းကို ထိခိုက်စေလိုတဲ့ စိတ် မရှိဘူးဆိုတာတော့ ဦးလေး သက်သေခံပေးနိုင်ပါတယ် မောင်ရင်ရယ်... '

' ဦးလေးသူနဲ့ ပက်သက်လို့ တစ်ခုခုများ သိထားလို့လားဟင်.... '

ဂျုံအင်း ကပျာကယာ မေးတော့ ဦးလေးက တွေတွေဝေဝေ နဲ့ စဉ်းစားဟန်ပြုသည်...

' သိထားတယ်ဆိုရင် ကူညီပါ ဦးလေးရယ် ကျွန်တော့ကို ပြောပြပေးပါ... ကျွန်တော် သူ့ကို အဆုံး အရှုံး မခံနိုင်လို့ပါ ဦးလေးရယ်... နော်..  '

' အေးကွာ.... '

.
.
.
.
.
.
.
.

' ကျွန်တော့်ကို ခွင့်ပြုပါဦး ဦးလေး... '

' အေး...အေး..... '

အောက်ထပ်က ဦးလေး ကို နှုတ်ဆက်ရင်း လှေကားကနေ ပြေးဆင်းခဲ့တဲ့ ဂျုံအင်း ခြေလှမ်းတွေက သွက်လက်နေသည်...

မျက်နှာမှာလည်း ပျော်နေတဲ့ အရိပ်အယောင်တွေ ဖုံးဖိမရ......

လက်ထဲ က ကုမ္ပဏ္ဏီကြီး တစ်ခုရဲ့ လိပ်စာကဒ်လေးကို ကိုင်ရင်း ဖုန်း နံပါတ်တွေကို ခပ်သွက်သွက် နှိပ်ချလိုက်သည်.......

Miracle Destiny... ☘[Completed]Where stories live. Discover now