( ZAWGYI)ဂျုံအင်း တစ်ယောက် America ကို ရောက်တာ နှစ်ပတ်လောက် ရှိနေပြီ ဆိုပေမယ့် စရောက်ကတည်းက လုံးပန်းနေရတဲ့ ကုမ္ပဏီ ကိစ္စတွေကြောင့် အခုထိ မိမိရည်ရွယ်ချက်က အထမမြောက်သေး.....
ဒီနေ့လည်း ဂျုံအင်းတို့ ကုမ္ပဏီနဲ့ ပူးပေါင်းမယ့် ကုမ္ပဏီ တစ်ခု က CEO နဲ့ တွေ့ဖို့ချိန်းထားရသေးသည်.....
အရင်နေ့တွေကတော့ ပူးပေါင်းဖို့ လျာထားတဲ့ ကုမ္ပဏီက CEO တွေနဲ့တွေ့ဖို့ဆို ဂျုံအင်းရဲ့ အတွင်းရေးမှူး ဂျီဆော့ ကပဲ တွေ့ပေးပေမယ့်
ဒီ ကုမ္ပဏီကိုတော့ ထူးထူးခြားခြား ဂျီဆော့က ကိုယ်တိုင် တွေ့ကြည့်ဖို့ ပြောတာမို့ လက်ခံဖြစ်တာပင်.....
နေ့လည်ရောက်တော့ ချိန်းထားတဲ့ စားသောက်ဆိုင်ကို ဂျီဆော့နဲ့ အတူ ပြေးရသည်..
ဒီကိစ္စပြီးရင်တော့ မိမိကိစ္စကို ဦးတည်ဖို့လည်း တွေးပြီးသား....
ဒီထက်ပိုပြီး အချိန်မဆွဲချင်တော့.... ကောင်ကလေးကို တွေ့ချင်လှပြီ ဖြစ်သည်....
စားသောက်ဆိုင်ရောက်တော့ တစ်ဖက်လူက ရောက်နှင့်နေပြီ....
' တွေ့ရတာ ဝမ်းသာပါတယ်.. Kim Gp ရဲ့ ကိုယ်စားလှယ် ကင်မ်ဂျုံအင်း လို့ ခေါ်ပါတယ်... '
' ဟုတ်ကဲ့.... ဝူရိဖန်ပါ Wu Gp ရဲ့ CEO ပါ.... တွေ့ရတာ ဝမ်းသာပါတယ်... '
တစ်ဖက်လူရဲ့ နှုတ်ဆက်သံ အဆုံး ရင်ထဲ ဒိတ်ခနဲ....
တစ်လက်စတည်း လိပ်စာကဒ် ဖြူဖြူလေးထဲက WU GROUP ဆိုသည့် စာလုံးတွေကို ထင်းခနဲ ပြေးမြင်သည် ..
ဘေးက ဂျီဆော့ကို လှမ်းကြည့်တော့ ပြုံးစိစိ...
ဒါကြောင့် ဖြစ်မည်... သွားတွေ့ရမည့် ကုမ္ပဏီ ဆိုပေမယ့် သက်ဆိုင်တဲ့ အချက်အလက်တွေ မပေးတာမို့ ဂျုံအင်းလည်း ထူးဆန်းနေတာ...
ဒီငတိက ဒီလိုကိုး ဟုတွေးမိတော့ သူပါ ပြုံးစိစိ ဖြစ်သွားရသည်...
လောလောဆယ်တော့ လမ်းစတွေ့ပြီ ဆိုပေမယ့် ဒီရှေ့က လူက ကောင်လေးနဲ့ ဘယ်လို တော်စပ်သည် မသိတာမို့ ဂျုံအင်းမှာ ရင်တလှပ်လှပ် ....
YOU ARE READING
Miracle Destiny... ☘[Completed]
Romanceဆန်းကြယ်တဲ့ ဖူးစာပါပဲ ~~ ဒီလိုနဲ့ပဲ.... ကျွန်တော်တို့ ဆုံတွေ့ခဲ့ကြတာပေါ့.. ♧♧