အိုဆယ်ဟွန်းကို နည်းနည်းမှ မကျေနပ်နိုင်ပါ....
ခရစ်တို့နဲ့လည်း အတူမရှိချင်တော့တာကြောင့်
အားလုံးကိုနှုတ်ဆက်ကာ ဘားသို့ထွက်လာလိုက်သည်။ညနေကျရင် မမရဲ့ အိမ်ထောင်ဘက်ဆိုတာကို တွေ့ရဦးမယ် အများကြီးသောက်လို့ကမဖြစ်
Shit! ! သောက်တာတောင်မှ....ဟူး....
ချန်းယောလ် သည် တော်ရုံ ကိစ္စ ဆိုလျှင် စိတ်ထဲ သိပ်မထားတတ်ပါ..
သို့သော်လည်း အိုဆယ်ဟွန်းကို ခုလို စိတ်ထဲ ထားနေမိခြင်းအား အသားလွတ်ကို ဒေါသထွက်နေမိသည်။
အရင်လိုသာဆိုရင် မူးပြီးမှောက်တဲ့အထိ စိတ်ဖြေလိုက်ရင် ရသော်လည်း ညနေ မတော်ရသေးတဲ့ယောက်ဖ လောင်း ကြောင့် ချိန်ဆ၍ သောက်နေရခြင်းကိုလည်း ဒေါသထွက်မိသည်။
အား..!! အကုန်လုံးက ဒေါသထွက်စရာကွာ
အိုဆယ်ဟွန်းကိုလည်း ဒေါသထွက်သည်...
ယောက်ဖလောင်းကိုလည်း ဒေါသထွက်သည်...
မမကိုလည်း ဒေါသထွက်သည်...
အကုန်လုံး အကုန်လုံးကိုဒေါသထွက်သည်....
ဒီနေ့တစ်ရက်လုံးကို ဒေါသထွက်သည်.....
အရက်ပြင်းထည့်ထားသော ဖန်ခွက်ကို အကုန်မော့ချလိုက်တော့သည်....
ဒေါသတွေ ပါသွားရင်ကောင်းမယ်
....No LOVE,MY BROTHER _IN _LAW....
အိမ်ရှေ့ရောက်တော့ ခြံတံခါးသည် ပွင့်လျက်သားမို့....
ခြံထဲဝင်လိုက်တော့ စင်ဝင်အောက်တွင်ရပ်ထားသော ကားတစ်စီးကြောင့် ကိုယ့်ကားကို ဂိုထောင်ထဲ တစ်ခါတည်းသွင်းလိုက်၍...အိမ်ထဲသို့ ဟန်ချက်ထိန်းရင်းဝင်လိုက်သည်။
ချန်းယောလ် မူးတော့မူးနေသည်။ သို့သော် ပုံပျက်လောက်အောင်မဟုတ်သဖြင့်..မမ မရိပ်မိနိုင်လောက်ပေ....
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun