ရေကူးကန်အစပ်တွင်ထိုင်နေသော..ဆယ်ဟွန်းကို...အဝေးက နေ၍..ချန်းယောလ် လှမ်းကြည့်နေမိသည်။...
မမကတော့. ..ရေကူးကန်ထဲတွင်...အခြားသူငယ်ချင်းများနဲ့ ရေကစားနေသည်။
ကိုကိုက ရေကြောက်တတ်ပုံပါပဲ..ရေထဲ လုံးဝ မဆင်းဘူးလေ..
ကျွန်တော်ကတော့ မဆင်းချင်လို့ မဆင်းဖြစ်..
ညနေမှ ပြန်ရောက်မည်ဆိုသော မမ သည် မနက်အစောပိုင်းပြန်လာသဖြင့်..
မမက စိတ်ပြေလက်ပျောက် သဘောရော...အပျို လူပျို နောက်ဆုံးနေ့ရော အတွက်ဟု ဆိုကာ သူငယ်ချင်းများနဲ့ တကွ ရေကူးကန်ကိုရောက်ရှိလာခြင်း....
ကိုကို့ ဘက်ကတော့ သူငယ်ချင်းများများ စားစား မပါ.......
ကင်ဆူဟို ဆိုသော ကိုကို့ရဲ့ အတွင်းရေးမှူးတစ်ယောက်နဲ့ ကင်မင်ဆော့ ဆိုသော ထိုသူရဲ့အစ်ကို သာပါသည်...
ထို ကင် ညီအစ်ကိုသည်..ရီရှင်းနဲ့ ဓာတ်ကျကာ...ရေကန်ထဲ အပြိုင် ဒိုင်ဗင်ပစ်ထိုးနေကျသည်။
ကိုကို ကတော့ အဲ့ဒါကိုကြည့်ကာ.တဝိုးဝိုး..တဝါးဝါး လုပ်နေတော့သည်။
ခရစ်နဲ့ ဘတ်ဟျွန်း လား....လာမမေးနဲ့...ဒရင်းဘက် ကျပ်ကျပ်သက်သက်မှာ တစ်ယောက်ကိုတစ်ယောက် အကြည်ဆိုက် ပြီး..လူးနေကြတာ.......lotionတွေ.......
သူတို့ နှစ်ယောက်လည်း လက်ထပ်တော့မယ် ထင်ပါရဲ့.....
ကျွန်တော်ကတော့ ကိုကို့ကိုသာ ငေးကြည့်နေမိပါတော့သည်.....
မပိုင်ဆိုင်ရလဲပဲ ငေးကြည့်ခွင့်ကတော့ ကျွန်တော့်လက်ထဲမှာ မဟုတ်လား...
ချန်းယောလ်ဆီသို့ တည့်တည့်မတ်မတ်လျှောက်လာသောဆယ်ဟွန်းကြောင့်..ချန်းယောလ် မျက်နှာ လွှဲထားလိုက်သည်။
.ချန်း..ရေမကူးဘူးလား..
.အင်း မကူးချင်လို့...
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun