(8)

4.4K 316 46
                                    


နံနက်​ခင်းရဲ့​နေ​ရောင်​က မျက်​ဝန်းတို့ကို ကျီစယ်​လာ​သောအခါ မျက်​ခုံးတို့တွန့်​ချိုးကာ ​နေ​ရောင်​ကိုလက်​ဖြင့်​ကာ၍ အနီးရှိ ဖက်​​ခေါင်းအုံးကို ဖက်​လိုက်​သည်​။

အမ်းး.ဖက်​​ခေါင်းအုံးက...ပြန်​ဖက်​တတ်​တယ်​...

မျက်​လုံးတို့ကို အားယူကာ ဖွင့်​လိုက်​​တော့....အသက်​ရှူ​နေခြင်း​ကြောင့်​ နိမ့်​ချည်​မြင့်​ချည်​ဖြစ်​​နေ​သော ရင်​အုပ်​ခပ်​ကျယ်​ကျယ်​....

မော့ကြည့်​လိုက်​​တော့ မျက်​ဝန်းတို့​မှေးစင်းကာ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေ​သော ချန်း.....

ဆယ်​ဟွန်း နှစ်​လိုဖွယ်​ ပြုံးလိုက်​ရင်း....

အဲ့ဒီရင်​အုပ်​ကျယ်​ကြီးကို ခပ်​ဖွဖွ​လေး နမ်းလိုက်​သည်​။

ခါးမှာ တွဲခို​နေတဲ့ ချန်းရဲ့ လက်​တစ်​ဖက်​ကို ဖြည်းဖြည်း​လေး ဆွဲခွာကာ အိပ်​ယာမှ ထလိုက်​သည်​။

ချန်းဟာ....ဥပုသ်​ ​စောင့်​တဲ့ က​လေး​လေးပဲ...

အဆုံးထိသွားလိုက်​သင့်​တာ....အရူး​လေး.....

ရေချိုးခန်းထဲ ဝင်​ရန်​ပြင်​လိုက်​စဉ်​ ဖုန်းမြည်​သံ​ကြောင့်​ ကြည့်​လိုက်​​တော့..မမယူရာ...

ဝရံတာဘက်​ထွက်​ရင်း answer နှိပ်​လိုက်​သည်​။

.ဟုတ်​ကဲ့..မမ...

..................................

နံ​ဘေးတွင်​ ​အေးစက်​စက်​ ခံစားမှု​ကြောင့်​ ချန်း​ယောလ်​ မျက်​လုံးတို့ပွင့်​လာသည်​။

နံ​ဘေးတွင်​ ဘယ်​သူမှ မရှိ...

.ကိုကို​ရော....

ဆိုသည့်​ အ​တွေးနဲ့အတူ ညက ဖြစ်​ရပ်​များက အစီအရီ ​ခေါင်းထဲ ​ပေါ်လာသည်​။

နံ​ဘေးက ​နေရာလွတ်​​လေးကို လက်​ဖြင့်​ ပွတ်​လိုက်​ရင်း.....

ငါညက တစ်​ညလုံး ကိုကို့ကို ဖက်​အိပ်​လိုက်​တာ..ကိုကို အရင်​နိုးတာဆို​တော့ ငါ့ကိုစိတ်​ဆိုးသွားပြီထင်​တယ်​...

အမည်​မသိတဲ့လှစ်​ဟာမှု​လေးကို ဘယ်​လိုစကားလုံးနဲ့ ​ဖော်​ပြရမလဲ......

No Love, My Brother_In_Law(Zawgyi +unicode) Where stories live. Discover now