ဧည့်ခန်းမထဲမှ..ဧည့်သည်တော်များ အလျှိုလျှို ပြန်သွားကြပြီ.....ပြောရရင်တော့ ချန်းယောလ် နားမလည်နိုင်သော မင်္ဂလာ ပွဲ ကို ရှင်းရှင်းလင်းလင်း သိချိန်တန်ပြီ......
ကိုကို့ရဲ့ ဖေဖေနဲ့ ဒေါ်လေးကတော့ ညနေ ခရီးမထွက်ခင် အိမ်ကို လာကန်တော့ဖို့ မှာကြား ပြီးပြန်သွားကြလေပြီ...
ခရစ်တို့က နောက်မှ တွေ့မယ်ဆိုကာ ပြန်သွားကြသည်။
သူတို့လည်း လန့်သွားကြမှအသေချာ..
သိထားတာက ကိုကိုနဲ့ မမရဲ့ ပွဲ...
ဖြစ်သွားတာက ကိုကိုနဲ့ ကျွန်တော်...
သူတို့သိချင်နေကြပေမယ့်လဲ ကျွန်တော်ကိုယ်တိုင်တောင်ဘာမှနားမလည်မှန်း သူတို့ရိပ်မိပုံပင်...
ဒါကြောင့် အလွန်စပ်စုချင်သော ဘတ်ဟျွန်း.. နေခဲ့ ဦးမယ်ဟုပြောနေသေးသည်။
သခွားသီးကျွေးလိုက်ရမလားလို့ ချိန်းခြောက်လိုက်တဲ့ ခရစ်ကြောင့် သာ.. ဘတ်ဟျွန်း ငြိမ်ကုပ်ကာ ပြန်လိုက်သွားခြင်း. .
( ဘတ်ဟျွန်း သခွားသီးမကြိုက်တာ သိကြတယ်နော်..အဲ့ သခွားသီးပဲ...ကျန်တာတွေ မစဉ်းစားကြနဲ့...ရွှေဥာဏ်တွေ စူးရောက်တာမို့..ကြိုပြောရတာ...😒😒😌 )
ချန်းယောလ် သည် ဆယ်ဟွန်းကို စကားပြောဖို့ ကြံလိုက်သောလည်း မမက အနားရောက်လာသည်။
.ကဲ...သတို့သားတို့...မင်္ဂလာ ကားကိုစီးပြီး အိမ်ပြနိင်ပါပြီနော်.....
ဆယ်ဟွန်း...မမရဲ့ ယောလ်လေးကို စောင့်ရှောင့်ရမယ်နော်...
ယောလ်လေးကလဲ ဆယ်ဟွန်းရဲ့စကားကို နားထောင်နော်...ကျွန်တော်တို့နှစ်ယောက်ရဲ့လက်တွေကိုဆုပ်ကိုင်ကာ မှာတမ်းခြွေနေသော မမသည်...
ကိုကိုဟာ..လုံးဝ သူနဲ့မပက်သတ်ခဲ့သလို...
သူ့ရဲ့ ချစ်သူ မဟုတ်သလို....
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun