ဟန်မြစ်ဘေး ကားရပ်ကာ..ကားထဲကတော့မထွက်ဖြစ်......
ခရစ်ဆီကိုဖုန်းဆက်ပြီး..ရင်ဖွင့်မည်ဟု ကြံရွယ်လိုက်သော်လည်း ဖုန်းကို စက်ပိတ်ပစ်လိုက်သည်။
မပြောပြချင်ပါ....
ဒါဟာ လူမှုရေးကျင့်ဝတ်ဖောက်ပျက်မှုဟု ခံယူလိုက်တာကြောင့်......
သေချာပေါက်...ကိုကို ချစ်တယ်လို့ပြောခဲ့တာ....
မူးနေပေမယ့် မှတ်မိနေတယ်....
အားမလိုအားမရ ကိုကို..အတင်းကော့ပေးခဲ့တာတွေလဲ မှတ်မိတယ်...
အရမ်းကို နွေးထွေးပြီးနူးညံ့တဲ့ အတွင်းသားတွေကိုလဲ မှတ်မိတယ်....
ရုန်းကန်ခြင်းမရှိပဲ...အလိုတူစွာလိုက်လျောခဲ့တာ မဟုတ်ဘူးလား ကိုကိုရယ်..
ကျွန်တော့ဘက်က ချစ်တယ်လို့ပြောခဲ့တာလည်း မှတ်မိတယ်......
မြတ်နိုးလွန်းလို့ နဖူးလေးတောင် နမ်းခဲ့တာပါ...
မူးနေပေမယ့်...မသိစိတ်ထဲမှာအသိစိတ်ရှိနေခဲ့တာပါ.......
ကိုကို ဘာတွေဟန်ဆောင်နေတာလဲ.....
ဒါပေမယ့် ချန်းယောလ်ကို မနက်က ကြည့်နေခဲ့တဲ့ ကိုကို့ မျက်ဝန်းတွေဟာ..ပကတိ ခံစားချက်ကင်းမဲ့နေခဲ့တယ်....
.ကိုကို တကယ်ပဲ မမကိုပဲချစ်တာလား....
ကျွန်တော့်ကိုရော..ကိုကို...
.ချစ်တယ်ပြောတိုင်းချစ်ရောတဲ့လား.ငါ မှားပြီးပြောမိတာနေမှာပါ...
နားထဲမှာ..ကိုကို့ အသံကို ပြန်ကြားယောင်လာသည်။
.မဟုတ်ဘူး...ကိုကို..ကျွန်တော်ကို ချစ်တယ်ဆိုတာ..ကျွန်တော်သိနေတယ်...
ကိုကိုဟာ..ကျွန်တော့် အတွက်.....
ကျွန်တော့ရဲ့ ပထမဆုံးက...ကိုကို မို့....
ကိုကို့ကို..ကျွန်တော်ပဲ ပိုင်ရမယ်.....
ကျွန်တော်ပဲ တာဝန်ယူမယ်...
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun