ချန်းယောလ်သည်...အိမ်မှာ ကိုကို တစ်ယောက်တည်း ဟူသော အတွေး ဖြင့် ဘာသာ စိတ်မချဖြစ်ကာ အိမ်သို့ အပြေးပြန်နေမိသည်၊
အဒေါ်ကြီးတို့အိမ်သို့မရောက်လိုက်....
လမ်းတဝက်မှာပဲ...ဦးလေး ဂင် ကို တွေ့တာကြောင့်..အကုန်မှာလိုက်တော့သည်....
ဟီး...ညကျရင် အရမ်းလှတဲ့ မီးပုံပွဲလေး ကိုတွေ့ပြီး ကိုကို ပျော်နေတဲ့ ပုံလေးကို မြင်ချင်လှပြီ....
ချန်းယောလ်အိမ်ထဲဝင်တော့ ကိုကို့ကို မတွေ့...
စချင်တာကြောင့် ဝင်လာခဲ့တာ...
ကိုကို ရေများ ချိုးနေလေသလား...အဟမ်း..
အခန်းဆီသို့ ဦးတည်လိုက်ချိန်...
.မြန်မြန်လာခေါ်ပါတော့. မဖြစ်ဖြစ်တဲ့နည်းနဲ့ လာခေါ်ပေးပါ
ကြားလိုက်ရတဲ့ အသံကြောင့် ချန်းယောလ် ခြေလှမ်းတို့ တုံ့ဆိုင်းသွားသည်။
ကိုကို့ အသံ....
နားထင်ဆီကို ထိုးတက်လာတဲ့ ခံစားမှုက....
နားလည်လိုက်တာ....သစ္စာဖောက်ခြင်း....
သို့မှမဟုတ်.. အယုံသွင်းခြင်း....
.အဲ့ဒါဆို..ဒါပဲနော်...
ချန်းယောလ် ရှိနေမှန်းတောင် ကိုကို မသိ...
မမ ဆီ ဖုန်းခေါ်ပြီးတော့ ဖုန်းကိုနေရာတကျ ပြန်ထားနေသည်။
ချန်းယောလ်ပုန်းနေရမလား...
ဟင့်အင်း...မလုပ်ချင်ပါ....
မလုပ်ချင်တာမဟုတ်ပဲ မလှုပ်နိုင်တော့တာဖြစ်သည်။
ကိုကို့ရဲ့ အချစ်ကို ရပြီလို့ထင်ခဲ့တာ....
ကိုကို တကယ်ပဲ ချစ်တယ်လို့ ယုံကြည်ခဲ့တာ..
ကိုကို ပျော်နေတယ်လို့ ခံယူထားတာ.....
နောက်ဆုံးတော့..ကိုကိုရဲ့ အယောင်ဆောင်မှုတွေရဲ့...ပန်းတိုင်က မမဆီ ဖုန်းဆက်ရဖို့တဲ့လား......
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun