.အနောက်မှာထိုင်ပါ ကိုကို..
ရှေ့တံခါးကိုလက်လှမ်းလိုက်သော်လည်း...ဆယ်ဟွန်း ခေါင်းညိတ်ကာ..အနောက်ဘက်သို့ ဝင်ထိုင်လိုက်သည်။
ကားကို ပုံမှန်အတိုင်း မောင်းနေသော ချန်းကို ဆယ်ဟွန်း မသိမသာ အနောက်မှ တစ်ချက်တစ်ချက်ခိုးကြည့်နေမိသည်။
ပကတိတည်ငြိမ်စွာ...ကားမောင်းနေတဲ့ ချန်းယောလ်ဟာ အမူအရာ ကင်းမဲ့နေသည်။
ကျွန်း မှသဘောင်္နဲ့ ပြန်လာတဲ့အထိ ဆယ်ဟွန်းကို စကားမပြော...
ကားဖြင့်...ဆိုးလ် ကိုပြန်တဲ့ အခု....လမ်းမှာလည်း.. တစ်ခွန်းမှ မဟ.......
ဆယ်ဟွန်း..ကိုယ့်အပြစ်နဲ့ ကိုယ်မို့... တိတ်တဆိတ်သာနေလိုက်သည်။....
သို့သော်လည်း...စိတ်ထဲမှာ..အရမ်းပင် ဝမ်းနည်းရသည်။....
ချန်း စကားမပြောတော့ မနေတတ်တာမို့...
.ချန်း...ကိုယ်သီချင်းနားထောင်ချင်တယ်...
ချန်းယောလ် သည် ဆယ်ဟွန်းကို မှန်မှတဆင့်ကြည့်ကာ....
ဖုန်းဖြင့် သီချင်းဖွင့်ပြလေသည်။
တငြိမ့်ငြိမ့်နဲ့ ပျံ့လွင့်လာတဲ့...တေးသံကို...
ဆယ်ဟွန်း မျက်လုံးလေးမှိတ်၍..စီးမျောလိုက်သည်...
ထွက်ပေါ်လာတဲ့ သံစဉ်ရဲ့နောက်မှလိုက်လာသော...သြရှရှအသံကြောင့်....
ဆယ်ဟွန်းရဲ့ ရင်ခုန်သံဟာ....ပရမ်းပတာ....
All of me.....သီချင်းဟာ....ချန်း အသံမှ ချန်း အသံ စစ်စစ်
မမှားနိုင်ဘူးလေ..ဆယ်ဟွန်းရဲ့ အရှင်သခင့်အသံကိုမှားစရာလား...
.ချန်း..ချန်းဆိုထားတာလား...
.အင်း..
ချန်းကအေးစက်စက်ပင် ပြန်ဖြေလာသည်....
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun