ချစ်ရသော ကိုကိုသည် ဝိုင်တွေများစွာသောက်ပြီး မူးကာ ငြိမ်နေလေသည်...
.ကိုကို အိမ်ပြန်ရအောင်
မေးစေ့လေးကို ပွတ်ကာသီကာဖြင့် ချော့၍ ပြောတော့ ကိုကို က ပြုံးပြသည်..
.အင်း ပြန်မယ်...
ကိုကိုက မူးရင်သေအောင်ချစ်ဖို့ကောင်းတာ
မြန်မြန်ပြန်မှပဲ...လမ်းမလျှောက်နိုင်တော့တဲ့ ကိုကို့ကို ကုန်းပိုးလိုက်ကာ ဘတ်ဟျွန်းတို့နှုတ်ဆက်ရသေးသည်..
ကားပါကင်ရှိရာထိ ကုန်းပိုးရာတွင် ကိုကိုက ငြိမ်ငြိမ်လေးလိုက်လာသည်..
ကားထဲထည့်ကာ ခါးပတ်ပတ်ပေးတော့ ချန်းယောလ်ရဲ့ လည်တိုင်တွေကို ဆွဲဖက်လာသည်
.ချန်း....
နီရဲနေတဲ့နှုတ်ခမ်းပါးလေးကို ပြွတ်စ်ခနဲနမ်းလိုက်မိတော့သည်..
.အိမ်ပြန်မယ်လေ ကိုကို
.အင်း..
အိမ်သို့ပြန်ရာ လမ်းတွင် ကိုကိုသည် တိတ်ဆိတ်လွန်းသည်..
မူးနေပေမယ့် ကိုကိုက ဒီလို အငြိမ်လေးမှ မဟုတ်တာပဲ..
မဟုတ်မှ...ကိုကို..ဘတ်ဟျွန်းတို့ကို အားကျနေတာများလား...
.ချန်း....
.အင်းပြောလေ ကိုကို
.ချန်းလေ...ကလေးလိုချင်နေပြီလားဟင်
ဟား..ဟုတ်နေတာပဲ ချန်းယောလ် ရဲ့ အဖြေကြောင့် ကိုကို စိတ်မကောင်းဖြစ်နေတာပဲ
ချန်းယောလ် ကလေးချစ်တတ်တာမှန်ပေမယ့် ကလေးမလိုချင်သေးပါဘူး...
.မလိုချင်ပါဘူး ကိုကိုရယ် ကိုကို ဘာတွေပြောနေတာလဲ
.ချန်း လိုချင်ရင်လေ ကိုကို..
.တော်တော့..ကိုကိုအိပ်တော့..မူးပြီးလျှောက်ပြောမနေနဲ့..ချန်း..ဘယ်ကလေးမှ မလိုချင်ဘူး
ချန်းယောလ်ရဲ့အပြောကြောင့် ကိုကို အသံတိတ်သွားသည်..
မျက်လုံးတို့မှိတ်သွားသည်မို့ ချန်းယောလ် သက်ပြင်းချလိုက်သည်...ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်သွားပြီလို့ ချန်းယောလ် ထင်မှတ်မှားသွားခဲ့ကြောင်း နောက်ရက်သတ္တပတ်ကြာမှ သိလိုက်ရတော့သည်...
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanficစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun