ဆယ်ဟွန်း စားပွဲခုံပေါ်က ဆန်ပြုတ်ကိုသာ ယူ၍ သောက်နေလိုက်သည်။ကြမ်းပြင်တွင်ထိုင်ကာခေါင်းငိုက်စိုက်ကျသွားသော ချန်းယောလ်ကို မသိမသာ ကြည့်ရတာအမော.......
ဆယ်ဟွန်း ဆန်ပြုတ် ကုန်ခါနီးမှတော့ ကုန်းထလာသော...ချန်းယောလ် ၏ မျက်ဝန်းတွေနီရဲနေတော့သည်။
ဆယ်ဟွန်းကို မည်သည့်စကား တစ်ခွန်းမျှမပြောပဲ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။
ချန်း ဒီလို ဖြစ်နေတာကို ဆယ်ဟွန်းစိတ်မကောင်းပါ...
ဒါပေမယ့် ရှေ့ရေးကို တွေးကြည့် ရင် ပျော်စရာမို့..... ဆယ်ဟွန်း ပျော်နေမိပြန်သည်။
ကိုယ့်ကို ခွင့်လွှတ်ပေးမယ်လို့...မျှော်လင့်ပါတယ် ချန်းရယ်...
ရေချိုးခန်းထဲမှ ပြန်ထွက်လာသောချန်းသည်...
ဆယ်ဟွန်းလက်ထဲမှ ပန်းကန်ကိုယူ၍ ဆယ်ဟွန်းလက်ထဲသို့ ဆေးများထည့်ပေးလေသည်။
.သောက်လိုက် ကိုကို မဟုတ်ရင် အရမ်းနာနေလိမ့်မယ်...
ချန်းယောလ်ရဲ့အပြောကြောင့် ဆယ်ဟွန်းရှက်သွားတာကို ချန်းယောလ်မြင်လိုက်ရပါသည်။
ချစ်ရဲ့သားနဲ့ ဘာတွေဟန်ဆောင်နေတာလဲ ကိုကိုရယ်...
ဆယ်ဟွန်းကမ်းပေးတဲ့ရေခွက်လေးနဲ့ ဆေးသောက်အပြီးမှာတော့.....
ချန်းယောလ်သည်...ဆယ်ဟွန်းအတွက် အပေါ်အောက် အဝတ်စားတစ်စုံ ပေးလေသည်မို့ ဆယ်ဟွန်း ချန်းယောလ်ကိုကြည့်လိုက်မိသည်။
.ကိုကို အဲ့ဒါလဲ ထားလိုက် ကျွန်တော်အပြင်ထွက်ပေးမယ် ပန်းကန်သွားထားလိုက်ဦးမယ်
တစ်ခုချင်းလေသံအေးအေးနဲ့ပြောနေသောချန်းယောလ်ကို ဆယ်ဟွန်းအကဲခက်ကြည့်သည်။
ချန်းရဲ့ အမူအရာတွေဟာ ပကတိ အသက်မဲ့နေပြီး တစ်ခုခုကို စိတ်ဆုံးဖြတ်ပြီးတဲ့ပုံစံ.....
YOU ARE READING
No Love, My Brother_In_Law(Zawgyi +unicode)
Fanfictionစိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun စိတ်ကိုထိန်းစမ်းပါ ပတ်ချန်းယောလ်ရယ် သူက မင်းရဲ့ ယောက်ဖဖြစ်တော့မယ့်သူ..... @real_pcy & @oohsehun