🌺 အပိုင်း ၁၇ 🌺

5.6K 375 38
                                        


" ငါနင့်​ကို ချစ်​တယ်​ ချမ်း...  ''

ဆိုင်းမဆင့်​ ဗုံမဆင့်​ ​ပြောချလိုက်​​သော ပြတ်​သားသည့်​ ပတ္တမြားဆက်​ ပါ​ပေ။

" အမ်​ ''

က​လေးစုတ်​က ဘာလား ။ အခု ​အနေအထားကြီးမှာ သူမလို့ ဒီလိုစကားကြီးကို ​ပြောထွက်​သည်​ ။

လော​လောဆယ်​ကိုယ်​က သူ့လက်​ထဲမှာ ။ ပြီး​တော့ ​ပွေ့ချီခံထားရ​သေးသည်​ ။ ငယ်​ငယ်​ကတည်းက တိုက်​ကွန်​ဒို​တွေ ၊ ဂျူဒို​တွေ သင်​တန်း​ပေါင်းစုံတက်​ထားသည်​​ကြောင့်​ ထိုက​လေးစုတ်​က သူမထက်​သန်​မာသည်​ဆိုတာကို သိသည်​ ။

ရုန်းလျှင်​လည်း မရ​သောအ​နေအထား ။

" ဘယ်​လို​ပြောလိုက်​တယ်​ ဆက်​ ''

" ချစ်​တယ်​လို့... ပတ္တမြားဆက်​က ချမ်းမြမြကိုကို ချစ်​တယ်​ ''

ပွေ့ချီထား​သော ချမ်း၏ကိုယ်​လုံး​လေးကို ​အောက်​ကိုအသာအယာချပြီး ​နောက်​ကမှန်​ဗီဒိုနှင့်​ကပ်​ထားလိုက်​သည်​ ။

ချမ်း၏ကိုယ်​​လေးက ဒီတစ်​ခါလည်း ဗီဒိုနှင့်​ ဆက်​ကြားမှာလွတ်​လမ်းမရှိပိတ်​မိသွားပြန်​၏ ။

ဘာလား ... ဒီ​နေ့ တစ်​​နေ့အတွင်း ဒီလိုပုံစံကြီးကြုံရတာနှစ်​ခါရှိပြီ.... ။

ချမ်း ​တွေးလို့မှ မဆုံး​သေး...။

" ချမ်း​ရော... ဆက်​ကို မချစ်​ဘူးလား... ''

" ခဏ... ''

ချမ်း ​မော့ကြည့်​လိုက်​ပြန်​​တော့ သူ့​မေး​စေ့နဲ့ ကိုယ့်​နဖူးနဲ့က ခွပ်​ကနဲမိတ်​ဆက်​သွားပြန်​သည်​ ။ နာသွား​သောနဖူးကို မပွတ်​အား​သေး ။ သူမကို စိုက်​ကြည့်​​နေ​သော မျက်​ဝန်းနက်​တို့၏ပိုင်​ရှင်​​ကြောင့်​ ရင်​ခုန်​လာရပြန်​သည်​ ။

" ချမ်းက မိန်းက​လေးတစ်​​ယောက်​... ''

" သိတယ်​... ''

" ဆက်​ ကလည်း မိန်းက​လေးတစ်​​ယောက်​​လေ... ''

" သိတယ်​​လေ... ဒါ​ပေမယ့်​ ဆက်​ ချစ်​တာက ချမ်းမြမြကို ကို​လေ...မိန်းက​လေး​တွေကို ချစ်​​တာမှမဟုတ်​ဘဲ... ''

ပျောက်ကွယ်ခဲ့သော... Z+UМесто, где живут истории. Откройте их для себя