🌺 ဇာတ်​သိမ်းပိုင်း ၄ 🌺

5.5K 351 38
                                        


" ဆက်​... ''

အကူအထိန်းမပါလဲ လမ်း​လျှောက်​နိုင်​​နေပြီဖြစ်​​သော ဆက်​၏​ခြေသလုံးသွယ်​သွယ်​​လေး​တွေအား နှိပ်​​ပေး​နေရင်း ချမ်းက​ခေါ်လိုက်​၏ ။

" ဆက်​ လုံးဝ​နေပြန်​​ကောင်းလာရင်​ ချမ်းကအရင်​ဆုံး​ခေါ်သွားချင်​တဲ့ ​နေရာတစ်​ခုရှိတယ်​... ''

" ဘယ်​ကိုလဲ... ''

" ဆက်​ ​ဖေ​ဖေရဲ့ အုတ်​ဂူဆီကိုသွားရ​အောင်​... ချမ်းကို ဆက်​ရဲ့လက်​ထပ်​မယ့်​သူတစ်​​ယောက်​အဖြစ်​ တရားဝင်​မိတ်​ဆက်​​ပေးပါ ''

" အင်း... ဆက်​မြန်​မြန်​​နေ​ကောင်း​အောင်​လုပ်​ပါ့မယ်​... ''

" ပုံမှန်​အတိုင်းဘဲလုပ်​ပါဆက်​ရယ်​... ဝန်​ပိစရာမလိုဘူး... ချမ်းက ​ယောက္ခထီးကြီးဆီက အသိအမှတ်​ပြုတာ​လေးလိုချင်​ရုံဘဲ... ''

သွားဖြီးကာ​ပြော​နေ​သော ချမ်းမျက်​နှာ​လေးကို ဆက်​ ဆွဲ​မော့ပြီးမျက်​နှာချင်းဆိုင်​​စေလိုက်​သည်​။

" ဆက်​ သတိ​မေ့​နေတုန်း ချမ်းက​တော်​​တော်​​လေး​ပြောင်းလဲသွားတာဘဲ... ''

" မ​ပြောင်းလဲပါဘူး... အရင်​အတိုင်း ဆက်​ကိုချစ်​​နေတုန်းဘဲ​လေ... ''

" ဟင့်​အင်း အရင်​က ချမ်းကမပွင့်​မလင်းနဲ့ ချစ်​ဖို့​ကောင်းတဲ့ neko ​လေး​လေ... က​လေး​လေးနဲ့တူတဲ့ မမ​လေ... ''

" အင်း အခု​တော့ ခင်​ဗျား​လေးကို ထမင်း​ကြော်​​ကျွေးဖို့အဆင်​သင့်​ဖြစ်​​နေတဲ့ Tachi ကြီးဖြစ်​​နေပြီ... ''

Social media ​တွေနှင့်​အလှမ်း​ဝေး​နေ​သော ဆက်​အတွက်​ ချမ်း​ပြော​သောစကားကို သိပ်​ပြီးနားမလည်​ ။

" ဆက်​ကထမင်း​ကြော်​မှ မကြိုက်​တာ... ရင်​ပြည့်​တယ်​... မစားဘူး... ''

"ဒါဆို ဘာစားချင်​လဲ စဉ်းစားထား​လေ...  ဪ ပြီး​တော့ ​ဘေဘီ​လေးကို​ရေ​ရောချိုး​ပေးရဦးမလား... ''

" ဟာ... ချမ်း... ဘာ​တွေလာ​ပြော​နေလဲ... ရှက်​​ကြောပြတ်​​နေတယ်​ ဟုတ်​လား... ''

" အား.... ''

ဆက်​၏မျက်​နှာနီရဲလာသ​လောက်​ကို ချမ်း၏ဗိုက်​သား​လေးလဲ နီရဲသွား၏ ။ အရှက်​ပို​သော မမဆက်​က ဘယ်​ကရလာမှန်းမသိ​သော အား​တွေနှင့်​ဆွဲလိမ်​လိုက်​​လေသည်​ ။

ပျောက်ကွယ်ခဲ့သော... Z+UOnde histórias criam vida. Descubra agora