အပိုင်း (၁)

14.5K 350 7
                                    

တိမ်လွှာ ထိုးတဲ့ စီးချင်း (၁)

"မေမေ အဲ့တာ ဘာဖြစ်နေတာလဲ ဟင်"
"လာ လာ သားလေး သွားမကြည့်နဲ့"
မေမေက သူ့လက်ကိုဆွဲခါ အဲဒီ့နေရာ မှ ခပ်လှမ်းလှမ်းကို သွက်သွက် လျောက်နေတာမို့ သူလဲ မြန်မြန်လိုက် လာရပါတယ်။
"ကြည့်မယ်လေ မေမေရ"
"မကြည့်ရဘူး သားလေး အဲဒါ ရန်ဖြစ်နေတာ"
"ဘာလို့ရန်ဖြစ်တာလဲ"
"တစ်ယောက်ကို တစ်ယောက် မခံချင်အောင် ပြောရင် အပြောခံရတဲ့သူက မကျေနပ်လို့ ရှိရင် အ့တာမျိုးဖြစ် တက်တယ်သားလေးရဲ့ သားလဲကျောင်းမှာ သူများကို အဲ့ဒိ့လို မခံ ချင်အောင် သွားမ စရဘူးနော် ကြားလား"
"သားကို လာစရင်ကော အဲ့ဒိလို ပြန်ချရမှာလား"
မေမေ သူ့မျက်နှာကို တအံ့တသြ ပြန်လှည့်ကြည့်ရင်း ပိုက်ဆံအိတ်လေးကို ချိုင်းကြားမှာ ညှုပ်လိုက်ခါ ရင်ဘတ်ကို လက်နဲ့ ဖိပြီး
"အမလေး သားလေး ရယ် မေမေ ဒီလောက်ပြောနေတာကို ဘယ်တော့မှ အဲ့ဒိ့လို ရန်မဖြစ်ရဘူး ကို့ကို မခံ ချင်အောင် စနေမှန်း သိရင် ကိုက မသိချင်ဟန်ဆောင် နေလိုက် သူတို့ရှိတဲ့နားမှာမနေနဲ့ ပေါ့"
သူ နှုတ်ခမ်းကို ရှေ့ကို ထုတ်ခါ ဆူလိုက်ရင်း မေမေ့နောက်ကနေ လိုက်လာခဲ့ရပါတော့တယ်။ သိပ်တော့ ငျေနပ်လှတယ်မဟုတ်ဘူးလေ။

-----------------

အပြုံး တစ်စက နှုပ်ခမ်းထက်မှာ လှစ်ခနဲ အပေါ်မှာ သူ့ နှုပ်ခမ်းတစ်ဖက်က လှပစွာ ကောက်ကြောင်းတစ်ခုကို ဖန်တီးလိုက်သည့်နှယ်။
လက်က ဖုန်း စခရင်မှာ ပေါ်နေတဲ့ မေမေ ဆိုတဲ့ နံပါတ်လေးကို အသာနှိုပ်လိုက်မိပါတယ်။
အတော်နဲ့ လာမကိုင်တာမို့ ဖုန်းကိုပေါင်ပေါ်မှာ အသာ တင်ထားရင်း ကားအပြင်ဖက်က မိမိနဲ့ စိမ်းသက်လှတဲ့ ရှုခင်းအသစ်တွေကို ငေးကြည့်နေ မိတယ်။
"ဟယ်လို သားလေး"
"ဘာတေလုပ်နေတာလဲ မေမေရ သားဖုန်းခေါ်နေတာ ကြာနေပြီ"
"ကြားတယ် မေမေ ဘုရားဝတ်ပြုနေလို့ပါ ကဲ ဘယ်ကို ရောက်နေပြီလဲ ပြောပါဦး လမ်းမှာကော အစဉ်ပြေ ရဲ့လား"
သူ ထပ်ပြီး ပြုံးမိပြန်ပါတယ်။ မေမေ ဆိုတာ သူ့အတွက် ဒီလို အပြုံးတွေကို အမြဲ ပွင့်လန်းစေသူ။ သူခရီး ထွက်ပြီ ဆိုတာနဲ့ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်တော့ ဘုရားဝတ်ပြုကာ သူ့အတွက် ဆုတောင်းပေးလေ့ ရှိသလို သတိရတိုင်း မေတ္တာပို့ပေးနေတက်တဲ့သူလေ။
"သားအခု မြစ်ကြီးနားကနေ ဖားကန့်ကို ကားနဲ့တက် နေပြီ မေမေရ အခုမှ စထွက်တာ ကြာတော့ ကြာဦးမယ် သွားပြီ ဆိုတာ လှမ်း အသိပေးတာပါ မေမေနေကော ကောင်းရဲ့လား"
"ကောင်းပါတယ် သားလေး လမ်းမှာ အစစအရာရာ သတိထားနော် တွေ့တဲ့နေရာ အပေါ့ဆင်းမသွားနဲ့ မိုင်းတွေဘာတွေ နင်းမိမယ် ညဖက်ဆို အပြင်မထွက်နဲ့ နွေးနွေးထွေးထွေးလဲနေ..."
"ဟုတ်ပါပီ မေမေရယ် အ့လောက်ကြီး စိတ်မပူပါနဲ့ မေမေ့သားက ကလေး မဟုတ်တော့ဘူးလေ"
"မဟုတ်လို့ စိတ်ပူနေရတာပေါ့ အဲဒိ့အလုပ်ကြီးကိုဆက်ပြီး မလုပ်စေချင်တော့ဘူး သားလေးရယ် အန္တရယ် များလွန်းတယ်"
"ကဲပါ သားသိပါတယ် မေမေရယ် သားကိုသား စောင့်ရှောက်နိုင်ပါတယ် မေမေသာ ကျန်းမာရေး ဂရုစိုက်နော်"
"စိုက်ပါတယ် ကောင်းမှကောင်း"
"ဟုတ်ကဲ့ အဲဒါဆို သားဖုန်းချတော့မယ်နော် မေမေ"
"အေးအေး အကြောင်းရှိတာနဲ့ဆက်နော် သားလေး တစ်နေ့တစ်ခါလဲ မပျက်မကွက်ဆက်ပါ သားဖုန်းဆက်မှ မေမေအိပ်ပျော်တယ် ဆိုတာ သိတယ်နော်"
"ဟုတ်ကဲ့ပါ မေမေ တာ့တာနော်"
"တာ့တာ သားလေး"
သူဖုန်းကို ပိတ်လိုက်ပြီး သီချင်းလေး ဖွင့်ရင်း ကားအပြင်ဖက်ကို ငေးနေမိပြန်တယ်။ တကယ်ဆို ဒီနေရာကို တာဝန်အရသာ လာတာပါ။ မေမေ စိတ်ပူတာလဲ မပြောနဲ့ ရန်ကုန်ကနေ အတော်လေးဝေးလံတဲ့ နေရာလေ။ နောက်ပြီး သူအခုသွားမယ့် နေရာက ကချင်ပြည်နယ်ရဲ့ အထင်ကရနေရာ တစ်ခုဖြစ်တဲ့ ကျောက်စိမ်း နယ်မြေ။ လူပေါင်းစုံသလို အပျော်အပါး မျိုးစုံနဲ့ ဒုစရိုက်မှု မျိုးစုံ ရှိပြီး စည်ကားလှတဲ့ မြို့လေး တစ်မြို့လေ။
ရန်ကုန်ကနေ မြစ်ကြီးနားအထိ လေယာဉ်နဲ့ လာပြီး ဒီဖက်မှာတော့ ကားလမ်းပဲရှိတာမို့ ကားနဲ့သာတက်ခဲ့ ရတာ။ မိုးရာသီမို့ လမ်းကလဲ ကြမ်းတယ်တဲ့။ 4 wheel လို ကားအမြင့်တွေတောင် ကားဘီးကို ချိန်းကြိုးနဲ့ ပတ်ပြီး သွားရတဲ့အထိ ချော်တဲ့လမိးတွေလေ။ ဒါတွေ များသာ မေမေသိရင် သူ့ကို လာခွင့်မပြုမှာ သေချာပါပဲ။
ကားစီးရင်း မှေးခနဲ အိပ်ပျော်သွားလိုက် ထခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်နဲ့ အတော်လေးစီးလာပြီး နေ့လည်ပိုင်း ရောက်တော့ ရွာကြီး တစ်ရွာက ဆိုင်တစ်ဆိုင်မှာ ကားက ထိုးရပ်လိုက်ပါတယ်။
"ဗိုလ်လေးရေ နေ့လည်စာစားမယ်ဗျ လမ်းကတော့ ခရီး တစ်ဝက်ကြိုးပြီ ဟိုဖက်ဆို ဒီ့ထက်ဆိုးတဲ့ လမ်းတွေ ချည်းပဲ"
စကားတပြောပြောနဲ့ သူ့ကိုလာကြိုတဲ့ စခန်းက ရဲ ယာဉ်မောင်းက ကားပေါ်ကဆင်းပြီး ဆိုင်ထဲကို ဝင်သွား ပါတော့တယ်။ သူလဲ ကျောပိုးအိတ်လေးကို လွယ်လိုက်ရင်း အနောက်ကနေ လိုက်ခဲ့လိုက်တယ်။ ဆိုင်ထဲမှာ လူအတော်များများက သူ့အာရုဏ်နဲ့သူ စားသောက်နေကြပါတယ်။ ကြားနေရတဲ့ စကားသံတွေက တရုတ်တွေရော ကချင်၊ ရှမ်း၊ ဗမာ ဘာသာကို စုံနေတာပဲ။ သူတို့ ထမင်း မှာစားလိုက်ပြီး ခဏနားခါ ကားပြန်ထွက်ခါနီး ယာဉ်မောင်းက
"ဗိုလ်လေး အပေါ့အလေးသွားထားဦးလေ လမ်းရောက်မှ သွားချင်ရင်တော့ တောတွေပဲတိုးရမယ်ဗျာ့ ဟား ဟား"
"ဟုတ်ပါပီဗျာ ခများကားပေါ်ကပဲ စောင့်ပါ ကျနော် ခဏသွားလိုက်ဦးမယ်"
ယာဉ်မောင်းကခုဏက သွားပြီးပြီမို့ သူတစ်ယောက်ထဲ ဆိုင်နောက်ဖက်မှာ ရှိတဲ့ သန့်စင်ခန်းလေးထဲ ဝင်ခဲ့ လိုက်ပါတော့တယ်။
သန့်စင်ခန်းသာ ပြောတာ ပျဉ်ထောင် အိမ်သာလေး တစ်လုံးနဲ့ အပေါ့သွားဖို့ လုပ်ထားတဲ့ နေရာလေး နှစ်ခုသာ ရှိပါတယ်။ အိမ်သာထဲလဲ လူရှိနေတာမို့ အပေါ့ သွားတဲ့နေရာမှာ ဝင်ပြီး ရပ်လိုက်ပါတယ်။
နေရာက ကျဉ်းနေတာမို့ ဘေးလူနဲ့က ပုခုံးချင်း ထိတော့ မတက်။ စိတ်ထဲမှာ တစ်မျိုးခံစားလာရတာမို့ ဘေးကလူကို ကြည့်လိုက်တော့ သူ့ထက်အနည်းငယ် တော့အသက်ကြီးပုံရတဲ့ သူတစ်ယောက်။
ဆံပင်က ဖို့ယိုးဖားယား ပုခုံးကျော်ကျော်၊ နှပ်ခမ်းမွှေး၊ တွေ မုတ်ဆိတ်မွှေးတွေနဲ့ နှာတံကခပ်ချွန်ချွန်။ အားလုံးထဲမှာ အထူးခြားဆုံးက စူးရှတောက်ပနေတဲ့ သူ့ မျက်လုံးတွေကို မှေးစင်းခါ စူးစိုက်ကြည့်နေပုံက အပေါ့သွားနေတဲ့ သူပင် လန့်သွားရပါတယ်။
အဲဒိ့လူက ခါးပတ်ကိုတပ်ရင်း သူ့ကို မျက်ခုံးတစ်ဖက် ပင့်ပြခါ အနားက ထွက်သွားပါတော့တယ်။ သူ စိတ်ထဲ မှာ တင်းခနဲ ဖြစ်သွားရပေမယ့် လမ်းခရီးမှာမို့ မြိုသိပ်လို့သာ ထားလိုက်ရပါတော့တယ်။ ပုံမှန်ဆို ဒီလိုကောင်မျိုးကို ခေါက်ရိုးကြိုးအောင် ခြိုးပေး လိုက်မိမှာ အသေအချာပါပဲ။
ကားကို အတော် ခက်ခက်ခဲခဲ မောင်းနေရင်း တောင်ကြားနေရာ တစ်ခုအရောက်မှာတော့ ကားတန်းကြီးက ၁၀ စီးကျော်ခန့် တန်းစီကာ ရပ်ထားတာမို့
"ဘာဖြစ်တာလဲဗျ ကားတွေပိတ်နေတာ"
"အရှေ့မှာ ကားလမ်းချော်နေတာလား နွံနစ်နေတာလား မသိဘူး ဗိုလ်လေး"
"ဟာ ဒုက္ခပါပဲဗျာ မိုးချုပ်နေဦးမယ် တော်ကြာ"
"ဟုတ်တယ် ဗိုလ်လေး ဒီပုံစံအတိုင်းဆို မှောင်မှရောက်မယ်နဲ့တူတယ်။ ဒါတောင် ရှေ့ကကား အမြန် အဆင်ပြေမှဗျ"
သူ သက်ပြင်းကို ချလိုက်မိပါတယ်။ ဒီနေရာက ဖုန်း လိုင်းကလဲ မမိပေ။ ကားပေါ်ကနေ ဆင်းမလို့ ကြည့် လိုက်တော့ ရွှံ့တွေ မနဲမနောနဲ့မို့ ဘောင်းဘီကိုခေါက် ခါ ဒူးနားထိ တင်ပြီး စီးထားတဲ့ရှုးဖိနပ်ကိုချွတ်လိုက်ပါ တော့တယ်။
ကားတွေ ပိတ်နေတဲ့နားကို ရွှံ့တွေ နင်းရင်း သွားကြည့်မိတော့ အနားမှာ ရပ်ထားတဲ့ကားထဲက လူတွေသူ့ လိုပဲ ရပ်ကြည့်နေကြတယ်။ သူရွှံတွေကို ဂရုစိုက်နင်းရင်း လမ်းဘေးကိုကပ်ခါ တောင်စောင်းလေးကနေ တက်ကြည့်မလို့ လုပ်လိုက်စဉ်မှာပဲ
"ဘုတ် အ့"
လူတစ်ယောက်ကို တိုက်မိပြီး ရှောခနဲ လဲမလို့ ဖြစ်သွား တာကို အဲ့ဒိ့လူက ထိန်းပေးလိုက်လို့ မလဲတော့ပေ။ သူ့ကို ထိန်းဖက်ထားတဲ့ သူစီကနေ ပြန်ခွာလိုက်ရင်းက
"ကျေးဇူးတင်ပါတယ်ဗျာ ... ဟင် ခများ!"
"ရတယ် မလိုဘူး"
ပြောပြီး လှည့်ထွက်သွားတာမို့ သူတစ်ခုခုပြောချင်နေ တာကို ဆက်ပြောခွင့်မရလိုက်ပဲ ဒီတိုင်းကြည့်နေ လိုက် မိပါတယ်။ ခုဏက သန့်စင်ခန်းမှာ တွေ့လိုက်တဲ့သူလေ။ ဒါဆိုသူလဲ ဖားကန့်ဖက်တက်မှာပေါ့။ ပုံစံ ကြည့်ရတာ ဒေါင့်ကို မကျိုးဘူး။
ကားက အဲဒိ့နေရာမှာ တစ်နာရီကျော်လောက် သောင် တင်နေလိုက်ပြီးမှ ထွက်လာရတာမို့ ဖားကန့်ရောက်တော့ အနည်းငယ်ပင် မှောင်စပြုနေပါပြီ။
ဟိုရောက်တာနဲ့ စခန်းက လူတစ်ချို့နဲ့ စခန်းမှုးကပါ အသင့်စောင့်ကြိုနေကြပါတယ်။
အားလုံးကို နှုတ်ဆက်ပြီး သူနေ ရမယ့် အခန်းကို သွားခါ စိတ်လွတ်ကိုယ်လွတ် ရေမိုးချိုးပြီး အနားယူလိုက် ပါတော့တယ်။

တိမ်လွှာ ထိုးတဲ့ စီးခြင်း။Où les histoires vivent. Découvrez maintenant