တိမ်လွှာ ထိုးတဲ့ စီးချင်း (၇)
"ဟုတ်တယ် အခုပဲ စခန်းမှုးစီ ကိုသွား သတင်းပို့ လိက်ဦးမယ်"
"ဟာ နေပါဦး ကိုဇေရယ် ညီတော့ လိုက်ခွင့်ပြုပါ ညီ့ကို တော့ခေါ်ပါနော်"
"မရဘူး ထူးမြတ် ငါ စိတ်ဖြောင့်ဖြောင့် သွားပါရစေကွာ"
ပြောပြီး ဇေယျ လှည့်ထွက် လိုက်စဉ်မှာပဲ ထူးမြတ်က ဇေယျလက်ကို လှမ်းဆွဲ လိုက်ပါတယ်။ ထူးမြတ် ကို လှည့်မကြည့်ပဲ လက်ကို ရုန်းခါ ဇေယျ ထွက်ခဲ့ လိုက်ပါတော့တယ်။........................
ည (၈) နာရီ ထိုးခါနီးမှာ တောင်ကြားလေးထဲကို ဆိုင်ကယ် တစ်စီး ထိုးဝင်လာပါတယ်။ ဆိုင်ကယ်မီးရောင်မှ လွဲရင် ခပ်လှမ်းလှမ်းမှ မီးရောင် ခပ်မှိန်မှိန်တွေသာ ရှိနေပါတယ်။
ဆိုင်ကယ်လေးက ကျောက်ကျင်းထဲကို ဝင်လာ ချိန်မှာ တော့ ဇေယျ ပတ်ဝန်းကျင်ကိုလေ့လာရင်း ခပ်မှန်မှန် သာမောင်းလာခဲ့ပါတယ်။ ဆိုင်တန်းလေးတွေမှာ လူသူ ရှင်းလင်းနေသလို နေရာတိုင်းက တိတ်ဆိတ်မှုတွေ ကြီးစိုး လို့နေပါတယ်။
ဆိုင်ကယ်ကို မီးလင်းနေတဲ့ အိမ်လေး တစ်အိမ်ရှေ့မှာ ရပ်လိုက်တော့ အိမ်အဝက လူကနေရာတစ်ခုကို လက် ထိုးပြတာမို့ ဆက်မောင်း လာခဲ့ လိုက်ပါတယ်။
အဲဒီ့နေရာကို ရောက်တော့ ဆိုင်ကယ်ကို ထိုးရပ်လိုက် ပါတယ်။
မီးတိုင် အောက်မှာမို့ ဖိုက်တာဆိုင်ကယ်ဖင်တို လေးပေါ်ကနေ ခပ်သွယ်သွယ်ကျစ်ကျစ် လူငယ်လေး တစ်ဦး ဆင်းလာပုံက ညဖက် ဇာတ်ဝင်ခန်းရိုက်နေသလား ထင်ရအောင် လှပသေသပ်နေပါတယ်။
ပစ္စည်းတင်တဲ့ ထော်လီ သွားတဲ့ ရထားသံလမ်းလို လမ်း လေးက တောင်ကြီးထဲကို ဖောက်ဝင်သွားတာ တွေ့နေရပါတယ်။ အပေါက်က ၄ ပေကျော်သာ ရှိတာ မို့ လူတစ်ယောက် မတ်တပ်ရပ် သွားလို့တော့ မရပေ။
အသင့်ထိုးထားတဲ့ မြေသယ်တဲ့ ထော်လီ ပေါ်ကို ပက်လက်လှန် တက်လိုက်ခါ လက်တစ်ဖက်က ထော်လီ လက်ကိုင် ကို တံတောင်စစ်နဲ့ ညှုပ်ထား လိုက်ပါတယ်။ ကျန်လက်တဖက်နဲ့ ချည်ထားတဲ့ ကြိုးကို ဖြည်လိုက် တာနဲ့ ထော်လီလေးက ဝေါခနဲ တောင်ကျောထဲကို ပြေးဝင်သွားပါတော့တယ်။
အထဲရောက်တာနဲ့ အပြင်ကထက် ပိုပြီး အေးစိမ့်နေတာ ကို သတိထားမိလိုက်ပါတယ်။ မျက်နှာနဲ့ တစ်တောင်လောက် အကွာမှာတော့ ကျောက်သားကို တူးဖော်ထားတာမို့ ဆူးချွန် တွေနဲ့ ပြည့်နှက်လိဲု နေလေရဲ့။ ကွေ့လေး တစ်ခုမှာ အပေါ်မှာ အတော်လေး လွတ်သွားတာမို့ ဇေယျ ထထိုင်လိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်စဉ် လက်ခနဲ အရောင်တစ်ခု ဇေယျ လှည်းလေးပေါ် အသာပြန်လှန်ချလိုက်ချိန်မှာပဲ မျက်နှာနဲ့ တစ်ထွာခန့်အကွာကနေ ဖြတ်သွားတဲ့ သံမဏီကြိုးမြှင်သေးသေး လေးတစ်ခုကို တွေ့လိုက်ရပါတယ်။ ဇေယျ သတိတစ်ချက်လွတ်တာနဲ့ ခေါင်းပြုတ်ကျ ကျန်ခဲ့မယ့် အဖြစ်။
ထော်လီလေးက ခုနလို ဂူပေါက်အကျဉ်းလေးတဲ ပြန်ဝင်သွားချိန်မှာတော့ ဒီတစ်ခါ အရင်ကထက် ပိုမှောင်သွားတာမို့ အတော်ကျဉ်းတယ် ဆိုတာ သတိထားမိပြီး လူကို ကျုံ့ထား မိပါတယ်။ ရုတ်တရက် အလင်းကို မြင်လိုက်ချိန်မှာပဲ ထော်လီလေးက တုံ့ခနဲ ထိုးရပ်ကာ ဇေယျ အရှေ့ကို ဂျွန်းပစ်ကျသွားပေမယ့် သတိအနေအထားနဲ့ မို့ သက်သာက်သာသာ ခြေထောက်နဲ့သာ ကျသွားပါတော့တယ်။ ကုန်းထမလို့ ပြင်လိုက်ချိန်မှာပဲ အသံတစ်ခုကြားတာမို့ သေချာကြည့်လိုက်မိတော့ သူဒူးထောက်လျက်သားဖြစ်နေတဲ့ နေရာကို တရွေ့ရွေ့ လာနေတဲ့ မြွေကြီးတွေ (၅) ကောင်။ ပါးပြင်ထောင်ပြီး ဒေါသတွေ ထွက်နေတဲ့ မြွေဟောက်ကြီးတွေ။ အနည်းငယ် လှမ်းနေသေးတာမို့ ဇေယျ ခြေကို နောက်ဖက်ကို အသာဆုတ်ရင်း အပေါ်အင်္ကျီကို ဖြေးဖြေးချင်း ချွတ်ပြီး လိပ်ခါလိပ်ခါနဲ့ ကြိုးကျစ်သလို ကျစ်နေလိုက် ပါတော့တယ်။ ပြီးတော့ ဘောင်းဘီ အိတ်ကပ်ထဲက မီးခြစ်ကို ထုတ်ခါ
"ခြစ်"
"ရွှီ"
ခြစ်လိုက်တာနဲ့ အကောင်ကြီးတွေ တွန့်သွားပြီး ပါးပြင်းတွေ ပိုထောင်လို့ လာပါတော့တယ်။ ဇေယျ အင်္ကျီကို မီးဆွဲအောင် တို့ထားရင်းက တဖြေးဖြေး ဆုတ်လာ တာ ဂူဝကျဉ်းလေးကို ရောက်လာပါတော့တယ်။ မီးဆွဲနေတဲ့ အင်္ကျီကို ယမ်းလိုက်တာနဲ့ ဟိုကောင်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို သူလဲ ဂူထဲကို နောက်ပြန် ဝင်လာခဲ့ ပါတော့တယ်။ ဂူကျဉ်းထဲ လူရောက်တာနဲ့ လက်တစ်ဖက်က သေနတ်ကို ထုတ်လိုက်ပြီး တစ်ကောင်ကို လှမ်းပစ်ချ လိုက်ပါတယ်။ တစ်ကောင်လဲ သွားတာနဲ့ ကျန်တဲ့အကောင်တွေ ရှေ့ တိုးလာမလို့ ပြင်တော့ မီးစနဲ့ ယမ်းတော့ တန့်သွားပြန်ပါတယ်။
ဒီလိုနဲ့ (၅) ကောင်လုံးကို ရှင်းပစ်လိုက်ရ ပါတော့တယ်။ ပြီးတာနဲ့ ထော်လီလေးကို နောက်ကို ပြန်ဆွဲထုတ်လာပြီး တခြားဖက် ရထားလမ်းလေးပေါ်ကို ပြန်တင် လိုက်ပါတော့တယ်။
ဂူက သိပ်အကြီးကြီး ဖြစ်ပုံမရပေမယ့် ရထားလမ်းလေူကိုတော့ လိုရာဂူရောက်အောင် ကြိုတင် စီစဉ်ထားပုံ ရပါတယ်။ ဇေယျ ထော်လီပေါ်ပြန်တက်ခါလျော ဆင်း လာတော့ အခန်းတစ်ခန်းထဲ ရောက်သွား ပြန်ပါတယ်။
"ဝုန်း ဝုန်း"
ပြေးလာနေတဲ့ ခွေအကြီးကြီး နှစ်ကောင် ကိုတွေ့လိုက်တာမို့ ထော်လီနဲ့ အကာကွယ် ယူလိုက် ရပါတယ်။ ခွေးကြီးတစ်ကောင် ထော်လီ ပေါ်ခုန်တက်လာသလို တစ်ကောင်က ဇေယျ အရှေ့ကို ရောက်လာခါ မျက်နှာ ချင်းဆိုင်ကနေ သွားစွယ်တွေဖြဲခါ မာန်ဖီလို့ နေပါတော့တယ်။ ရှေ့တည့်တည့်က တစ်ကောင်ကို နှဖူးကို ချိန်ပစ်လိုက် ချိန်မှာ အပေါ်ကခွေးကြီးက ဝုန်းခနဲ ခုန်ဆင်းလာခါ ဇေယျရဲ့ လက်ကို လှမ်းခဲ လိုက် ပါတော့တယ်။ အချိန်မှီ ရှောင်လိုက်ပေမယ့် အသားကို သွားနဲ့ ခြစ်မိခါ သွေးများ ချက်ခြင်း စီးကျလို့ လာပါတော့တယ်။ နာနေပေမယ့် ထပ်ပစ်ဖို့ ကြိုးစား ချိန်မှာပဲ ခွေးကြီးက ဇေယျပေါ် ခုန်အုပ်လိုက် ပါတော့တယ်။ ဗိုက်ထဲကို ကျည်နှစ်တောင့် ထညိ့ပေးလိုက်တော့မှ ဇေယျကိုယ်ပေါ်မှာတင် ပိကျလာခါ ငြိမ်ကျသွား ပါတော့တယ်။ ခွေးကြီးကို တွန်းဖယ်ရင်း ထရပ်လိုက်ချိန်မှာတော့ လူက ယိုင်ခနဲ ဖြစ်သွားရပါတယ်။ ဘေးကနေ ဝင်အုပ်လိုက်တဲ့ ခွေးကြီးနောက်တစ်ကောင်။ သေနတ်က လွင့်ထွက် သွားတာမို့ တရှိုန်ထိုးပြေးဝင်လာတဲ့ ခွေးကြီးခေါင်းကို လဲနေရာမှပဲ ဘောလုံးကန်သလို အချိန်ကိုက် ပတ်ခါ ကန်ချ လိုက်ရပါတော့တယ်။
ခွေးကြီး လဲကျခါ ဆန့်ငင့် ဆန့်ငင်ဖြစ်နေတုန်းမှာပဲ သေနတ်ကို ကောက်ခါ ထပိပစ်လိုက် ရပါတော့တယ်။ ထပ်လာဦးမလားလို့ ပတ်ကြည့်လိုက်တော့မှ လူတစ်ရပ်ခန့်ရှိတဲ့ ဂူပေါက်ကြီး တစ်ခုကို တွေ့လိုက် မိပါတော့ တယ်။ ခပ်လှမ်းလှမ်းက ကြည့်တာနဲ့ကို အထဲမှာ အတော်ကျယ်ပြီး တခြား အဆောက်အဦး အသေးစားလေးတွေ ရှိနေတာ သိလိုက်ရတာမို့ ခါးကြားထဲက သေနတ် နောက်တစ်လက်ကို ထုတ်ခါ ဘယ်ရောညာပါ သေနတ်ကိုင်ပြီး ဂူဝနားကို ကပ်သွား လိုက်ပါတော့တယ်။
"ဟင်"
ဂူထဲမှာကို သစ်သားအဆောက်အဦး (၂) လုံး ပြီးတော့ တစ်ခုခုကို ထုတ်လုပ်တဲ့ ပုံစံ ပစ္စည်းကိရိယာတွေနဲ့ ခုံတန်းရှေကြီးတွေ အများကြီးကို တွေ့လိုက်ရပါတော့တယ်။ ဂူထဲကို ဝင်လိုက်တာနဲ့
"မင်း မဆိုးဘူးပဲကွ ဟား ဟား ဟား"
အသံလာရာကို ကြည့်လိုက်တော့ အသက် ၅၀ ကျော် လူကြီး တစ်ဦးနဲ့ သူ့နောက်လိုက် ထင်ရတဲ့ လူတစ်ချို့ ကိုတွေ့ရပါတယ်။
"ခများ ဘာလိုချင်တာလဲ ကျုပ်မေမေကို အခုချက်ခြင်း လွှတ်ပေးပါ မဟုတ်ရင် ခများတို့အကုန်လုံးကို ဒီနေရာမှာ မြေမြှပ်ပြစ်မယ်"
"အေး ပြောတာပေါ့ကွာ လာကွာ ထိုင်ဦး"
လူကြီး ထိုင်နေတဲ့ စားပွဲရဲ့ မျက်နှာချင်းဆိုင်ကို ဇေယျ သွားထိုင်လိုက်တော့ လူကြီးက ဇေယျကို သေချာ တစ်ကိုယ်လုံးကို စိုက်ကြည့်နေပါတယ်။
"ငါသိပြီ ငါသိပြီ ဟား ဟား ဟား ဟေ့ကောင်တွေ ဟိုခွေးကောင်ကို ခေါ်ခဲ့စမ်း"
လူတစ်ချို့နဲ့ အတူ သစ်သားအိမ်လေးထဲက ထွက်လာသူက သစ္စာနီ။ လက်ပြန်ကြိုးတုပ်ထားသလို မျက်နှာမှာလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ သစ္စာနီ။
ဇေယျ ရင်ထဲမှာ ထိတ်ခနဲ စိုးရိမ်သွားပေမယ့် မျက်နှာမှာ မပေါ်အောင် ထိန်းထားလိုက်ရပါတယ်။
"ဟေ့ကောင် သစ္စာ ဒီမှာ ကြည့်စမ်း ဘယ်သူလဲ ဆိုတာ"
"ေဇ .. ယ် .."
ဇေယျကို မြင်တော့ အံ့အားသင့်နေသလို စိတ်ပူပန်မှု ကြီးစွာနဲ့ သစ္စာ ခေါ်လိုက်ပါတယ်။ ဇေယျက ဘာမှ မဖြစ် သလိုမျက်နှာနဲ့
"ကျုပ်ကျန်တာတွေ စိတ်မဝင်စားဘူး ကျုပ်ဘာလုပ်ပေး ရမလဲ ကျုပ်မေမေကိုလဲ ချက်ခြင်းလွှတ်ပေး"
"စိတ်မဝင်စားတာသေချာရဲ့လားကွ ဟားဟားဟား"
လူကြီးက ထိုင်ရာမှ ထခါ သစ္စာနီနားလျောက်သွားတော့ သစ္စာနီ အနောက်က လူက သစ္စာနဲ့ ကျောကို ပိတ်ကန်လိုက်တာ ရှေ့ကို ငိုက်ကျ ရသွားပါတော့တယ်။ ကြမ်းပြင်ပေါ်ကနေ ကုန်းထမလို့ ကြိုးစားလိုက်စဉ်မှာ သစ္စာနီရဲ့ မျက်နှာပေါ်ကို ရှုးဖိနပ် တစ်ရံက ဖိနင်းချလို့ လာပါတော့တယ်။ ရုန်းပေမယ့် မရ။
သစ္စာရဲ့ နှဖူး ဒေါင့်စပ်မှာ ပူခနဲ ဖြစ်သွားတာမို့ သစ္စာ မခံမရပ်နိုင်စွာ အူးးးခနဲ အော်လိုက် မိပါတယ်။ သစ္စာ နှဖူးကို ဒယ်ဒီ ဆေးလိပ်မီးထိုးသတ်လိုက်တာ ဖြစ်မှာပေါ့။ ဇေယျ ချက်ခြင်း ထိုင်ရာမှထခါ လူကြီးကို သေနတ်နဲ့ ထိုးချိန်ကာ
"ခများ ဖြစ်ချင်တာကို ပြောလို့ ပြောနေတယ်လေဗျာ ခများမဆိုင်တဲ့ သူကို သက်သက်ဒုက္ခ မပေးနဲ့"
ဇေယျ ပတ်ပတ်လည်မှာ ဇေယျကို ချိန်ထားတဲ့သူတွေ အယောက် (၂၀) နီးပါး။ သေနတ်မောင်းတင်သံတွေ ပင် တဖျောက်ဖျောက်နဲ့ ညံသွားပါတော့ရဲ့။
"ဟားဟားဟား ကြိုက်ပီကွာ ငါလိုချင်တာကိုပြောရမယ် ဆိုရင် ဒီမှာ ငါတို့ ဘာစီးပွားရေးပဲ လုပ်လုပ် မင်းဝင်မရှုတ်ဖို့နဲ့ မင်းကိုယ်တိုင်က ငါ့စီးပွားကို သဘောတူထားပါတယ် ဆိုတာ လက်မှတ်ထိုး ပေးရမယ်။"
"ဘာဗျ"
ဇေယျ ရှေ့တစ်လှမ်းတိုးလိုက်ချိန်မှာပဲ လူကြီး ခြေထောက် နည်းနည်း လှုပ်သွားသလို သစ္စာရဲ့ ညည်းသံကို ကြားလိုက်ရပါတယ်။ ဇေယျ ခြေလှမ်းတွေ တုန့်ကနဲ ဖြစ်သွားခါ ချက်ခြင်း သစ္စာကို လှ်မ်းကြည့် မိတယ်။ တကယ်ကို နာကြင်ခံ စားနေရတဲ့ ပုံစံ။
"မင်း သဘောမတူလဲရတယ်လေ မင်းကြောင့် လူနှစ်ယောက်နော်"
"မရဘူး ခများဘယ်တော့မှ အဲဒါမျိုး လုပ်ခွင့်မရစေရ ဘူး ခများ မြဲမြဲမှတ်ထား"
"အိုခေ ဟိုစားပွဲပေါ်မှာ စာချုပ် မြန်မြန်ထိုး ကြာတယ် မင်း မထိုးနိုင်ရင်တော့ သစ္စာနီပြီးရင် မင်းသိပ်ချစ်တဲ့ မင်း မေမေ အလှည့်လာမယ်"
ပြောပြီးတာနဲ့ လူကြီးက သစ္စာနီကို သေနတ်နဲ့ ထိုးချိန် ထားလိုက်ပါတယ်။
"ဒီတိုင်းတော့ မထိုးနိုင်ဘူး ကျုပ်လက်ထဲကို သစ္စာနီ ကို အရင်ပေးပါ ဒါမှ ထိုးပေးနိုင်မယ်"
"ဟားဟား မင်းကလဲ ကလေးအကွက်တွေကာ ကို့ဖာသာ ထိုးမှာ ထိုးစမ်းပါ"
"တောက်"
"မ .. ထိုး နဲ့ အ့"
သစ္စာနီရဲ့ အဖြစ်ကို ဘယ်လိုမှ မကြည့်ရက်တော့တာမို့ ဇေယျ စားပွဲပေါ်က ဘောပင်ကို ကောက်ကိုင်လိုက် ပါတော့တယ်။
"မ .. လုပ် .. နဲ့"
![](https://img.wattpad.com/cover/170414282-288-k769459.jpg)
YOU ARE READING
တိမ်လွှာ ထိုးတဲ့ စီးခြင်း။
Actionလူဆိုးတစ်ယောက်နဲ့ ရဲဝန်ထမ်းတစ်ဦး တို့ကြားက စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း။ (Zawgyi & Unicode)