ဇာတ်သိမ်းပိုင်း

6.9K 230 11
                                    

တိမ်လွှာ ထိုးတဲ့ စီးချင်း (ဇာတ်သိမ်း)

ပတ်ဝန်းကျင်က မှောင်မိုက်နေပေမယ့် နီးကပ်နေတဲ့ သူတို့ မျက်ဝန်းတွေကတော့ တစ်ယောက်ကို တစ်ယောက် သဲကွဲစွာ မြင်နေရပါတယ်။
သစ္စာရဲ့ လက်တစ်ဖက်က ဇေယျရဲ့ ဆံပင်တွေ နားရွက်တွေကို ပွတ်သပ်လို့ ပေးနေပါတယ်။
"ငါတို့ သွားကြမယ် သစ္စာ"
"အင်း မင်းသဘောလေ"
ဇေယျ ကော သစ္စာပါ လှဲနေရာမှ ကုန်းထလိုက်ပါတယ်။ ပြီးတော့ လက်ထိပ်ခတ်ထားတဲ့ လက်နှစ်ဖက်က တစ်ယောက်လက်ကို တစ်ယောက် စုပ်ကိုင်လိုက် ကြပါ တော့တယ်။
"ငါ ဘယ်လောက်ကြာကြာ ထောင်ကျနိုင်လဲ မင်းသိလား ဇေယျ"
ဇေယျ ခေါင်းကိုလေးပင်စွာနဲ့ ငြိမ့်ပြရင်း
"အနဲဆုံး အနှစ်(၂၀) ပဲ"
"ဟုတ်တယ် အခုငါ့အသက်က (၂၆) ငါလွတ်လပ် သွားတဲ့ အချိန်မှာ (၄၀) ကျော် (၅၀) နီးပါးဖြစ်သွားမှာနော် မင်း အဲဒီ့အချိန်အတွင်းမှာ ပျော်ရွှင်စွာနဲ့ ဖြန်သန်းနေမယ်လို့ ငါ မျှော်လင့်နေပါ့မယ်"
"အင်း အဲဒီ့လိုပဲ ဖြစ်မှာပါ အင့်"
ဇေယျ လမ်းလျောက်နေရင်းက ကုန်းတက်လေးမှာ ခြေချော်ကာ ယိုင်သွားတာမို့ သစ္စာက လှမ်းထိန်းပေး လိုက်ပါတယ်။ ဒါပေမယ့် ဇေယျ လက်မောင်းကို မလွှတ်ပေးသေးပဲ
"တစ်ခုပဲ သိချင်တာ မေးရမှာလဲ အားနာနေတယ်"
"မေး သစ္စာ ငါတို့ နှစ်ယောက်ထဲ စကားပြောခွင့်ရမယ့် အချိန်က ဒါနောက်ဆုံး ဖြစ်သွား နိုင်တယ်"
သစ္စာ ခေါင်းကို ငြိမ့်လိုက်ရင်းက
"မင်း ငါ့ကို စောင့်နေမှာလား"
ဇေယျ နှတ်ခမ်း နှစ်ဖက်ကို တင်းနေအောင် စေ့ထား လိုက်ရင်းက ခေါင်းကို ဖြေးညှုင်းစွာ ခါရမ်းလိုက်ရင်း
"ငါ အသက်ရှင်နေသရွေ့ပေါ့ သစ္စာ"
သစ္စာ လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ဇေယျ ကို တင်းနေ အောင် ဖက်ထားလိုက်သလို ဇေယျကလဲ ပြန်ပြီး ဖက်ထားလိုက်ပါတယ်။
တိုက်ပွဲတိုင်းမှာ သွေးတောက်တောက်ကျနေတာတောင် မျက်ရည် တစ်စက်မှ မကျတဲ့ ယောက်ျားကြီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ရင်းက မျက်ရည်တို့ တလိမ့်လိမ့် ကျလို့နေပါပြီ။
တစ်ယောက်နဲ့ တစ်ယောက်ခေါင်းခြင်း ပွတ်ရင်းက မျက်ရည်တို့ သွင်သွင်စီးကျလျက်။
ဇေယျ ဘောင်းဘီအိပ်ကပ်ထဲက တစ်စုံတစ်ရာကို ထုတ်လိုက်ရင်း လက်ထိပ်ကို ဆွဲယူလိုက် စဉ်မှာပဲ ဇေယျရဲ့ လက်ကို သစ္စာ ပုတ်ထုတ်လိုက် ပါတယ်။ ဇေယျ ကလဲ ဒူးတစ်ဖက်နဲ့ သစ္စာရဲ့ ပေါင်ရင်းကို ဖြတ်တိုက် ချလိုက် တာမို့ သစ္စာလဲ ယိုင်ခနဲ လဲကျသွားရ ပါတော့တယ်။ ဒါပေမယ့် ဇေယျက လက်ထိပ်ခတ်ထားတဲ့ လက်နဲ့ ဆွဲထားတာမို့ မြေပြင်ပေါ်အထိတော့ လဲကျ မသွားပေ။
နောက်တစ်ကြိမ်ထပ်မံ ဝင်လာတဲ့ ဇေယျရဲ့ လက်ကို သစ္စာ လက်ပြန်နဲ့ အသာ ပုတ်ထုတ်ပြီး ဗိုက်ထဲကို ဒူးနဲ့ တိုက်ချလိုက်ပါတယ်။
"မင်း ဘာတွေ လုပ်နေတာလဲ ဇေယျ"
ဇေယျ ခါးကိုင်း ကျသွားရာမှ ခါးကို ပြန်မတ်လိုက်ရင်း လက်ကို တံတောင်စစ်ကွေးကွေးကာ အားယူပြီး သစ္စာရဲ့ ရင်ဝကို ကပ်ထိုးချလိုက်ပါတယ်။
"အွတ် အဟွတ်"
သစ္စာ လဲကျသွားတော့ ဇေယျ ပါလှဲချလိုက်ပြီး ခတ်ထားတဲ့ လက်ထိပ်ကို ဖြတ်ဖို့ ပြင်လိုက်စဉ်မှာပဲ သစ္စာရဲ့ ခြေထောက်တစ်ဖက်က ဇေယျ လည်ပင်းကို လှမ်းထောက် လိုက်သလို ကျန်လက်တစ်ဖက်ကလည်း ဇေယျလက်ကို လှမ်းချုပ်လိုက်ပါတယ်။
"လွှတ်စမ်း သစ္စာနီ ငါ့ကိစ္စ ငါ့ဖာသာ တာဝန်ယူမယ်"
"မလုပ်ရဘူး ဇေယျ မင်း ဒါမျိုး မလုပ်ရဘူး"
ဇေယျ လက်ထိပ်တွဲခတ်ထားတဲ့ လက်နဲ့ ပဲ သစ္စာရဲ့ လက်ကို ပြန်ကိုင်ကာ ညှုစ်လိုက်ပါတယ်။ သစ္စာကလဲ ဇေယျရဲ့ နှဖူးကို ဆိုင်ခါ တိုက်ချလိုက်တာမို့ နှစ်ယောက်စလုံး ဆံပင်တွေ လွင့်ခါကာ ပက်လက်လန်လဲ လို့ ကျသွားပါတော့တယ်။
လဲနေရာမှ ဇေယျ ခြေနှစ်ဖက်ကို ထောင်ခါ လှည့်ပြီး ထလိုက်တာ ဒူးထောက်လျက်သား ဖြစ်သွားသလို သစ္စာ ကလဲ လက်တစ်ဖက်ကို ထောက်ကာ မျက်နှာချင်း ဆိုင် ဒူးထောက်ခါ ထိုင်လိုက် မိပါတော့တယ်။
လက်တစ်ဖက်စီက လက်ထိပ်ကြောင့် ထင်သလို မလှုပ် ရှားနိုင်ပေ။ ဇေယျရဲ့ ဘယ်လက်နဲ့ သစ္စာရဲ့ ညာလက်ကို တွဲခတ်ထားတာမို့ ဇေယျ ထိုးချက်တွေက အားသာနေတာ တော့အမှန်ပင်။ ဇေယျရဲ့ ညာလက်သီးကို သစ္စာ ဘယ်ဖက်လက်နဲ့ ပုတ်ထုတ် လိုက်ပါတယ်။ ပြီးတော့ ဇေယျရဲ့ လက်ကောက်ဝတ်ကို လှမ်းချုပ်ကိုင် လိုက်ကာ အားနဲ့ ဖိညှစ်ရင်း ခါထုတ်လိုက်တော့ ဇေယျ လက်ထဲက သော့လေး အမှောင်ထုထဲကို လွင့် ထွက်လို့ သွားပါတော့တယ်။
"အား ---- သွားပြီ သွားပြီ မင်းရူးနေလား သစ္စာနီ ငါက ငါ့ရဲ့ တာဝန်ကို သစ္စာဖောက်ပြီး မင်းအတွက် မိုက်မိုက် ကန်းကန်း ဆုံးဖြတ်တာ မင်းကို သိပ်ချစ်လို့ကွ သောက်ရူးရ အားဟားဟား"
သစ္စာ လက်တစ်ဖက်နဲ့ ဒူးထောက်ကာ ငိုနေတဲ့ ဇေယျကို တင်းနေအောင် ဖက်လိုက်ရင်းက
"သိတယ် ငါသိတယ် မင်းငါ့ကို ချစ်ရင် အဲ့လို မလုပ်ရဘူး ငါလဲ မင်းကို ချစ်တယ် ငါ့ကြောင့်မင်း မထိခိုက် စေရဘူး"
"အားဟားဟား"
သူတို့ တစ်ယောက်ကို တစ်ယောက်ဖက်ထားရင်းက သည်းထန်စွာ ငိုကြွေးနေမိ ကြပါတော့တယ်။ ခနနေတော့မှ သစ္စာ ထိုင်ရာမှ ထပြီး
"သွားရအောင် ဇေယျ ငါကျေနပ်ပြီ ငါကျေကျေနပ်နပ်ကြီး ငါ့အပစ်တွေကို ပေးဆပ်ပါ့မယ် ထပါ ဇေယျရာ"
ဇေယျကို အတင်းဆွဲထူလိုက်တော့မှ ဇေယျ လေးတွဲ့စွာနဲ့ ထလာပါတော့တယ်။
တောင်ကုန်းပေါ်အတက်မှာ တစ်ယောက်လက်ကို တစ်ယောက် မြဲမြံစွာ စုပ်ကိုင်ထားမိကြတယ်။ တစ်ယောက်က လဲပြိုကျမလို ဖြစ်နေရင် တစ်ယောက်က ထိန်းခါ ပေးတယ်။ အေးစိမ့်နေတဲ့ ရာသီဥတုကို အံတုရင်းက တစ်ယောက်ခြင်းစီရဲ့ မေတ္တာတွေနဲ့ နွေးထွေးလို့နေပြန်ပါတယ်။

တိမ်လွှာ ထိုးတဲ့ စီးခြင်း။Onde histórias criam vida. Descubra agora