တိမ်လွှာ ထိုးတဲ့ စီးချင်း (၈)
ဇေယျ စာရွက်ကို ကြည့်ပြီး သက်ပြင်း တစ်ချက်ချခါ လက်မှတ် ထိုးချလိုက်ပါတော့တယ်။ ပြီးတာနဲ့
"ထိုးပြီးပြီ သစ္စာနီကို ကျုပ်စီ လွှတ်လိုက်ပါ"
"ဟားဟားဟား ဝါးနုက ဝါးရင့်ကို ပတ်ချင်တာကိုးကွ မင်း အဲဒိ့ကနေ အနောက်ဆုတ်လိုက်"
ဖေယျ အံကျိတ်လိုက်ရင်းက နောက်ကို ဆုတ်လိုက်ပါတယ်။
"မင်းသေနတ်ကို ချပြီး ဒီဖက်ကို တွန်းထုတ်လိုက်ပါ"
"ဟ့ ခများ အသက်ကြီးပြီး စကားမတည်ပါလား ဒါများ ခေါင်းဆောင်လုပ်နေသေးတယ်"
"ဟေ့ကောင်"
လူကြီး ဒေါသနဲ့ အော်လိုက်တာမို့ ဇေယျကို ချိန်ထားတဲ့ သေနတ်သမားတွေ အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်ခါ ပစ်ဖို့အသင့်ချိန်လိုက်ကြပြန်ပါတယ်။
"မင်း သောက်စကားမရှည်နဲ့ ငါပြောတဲ့ အတိုင်းလုပ်"
ဇေယျ လူကြီးကို ဘုကြည့်ကြည့်လိုက်ရင်း လက်နှစ်ဖက်ကို မြှောက်ခါ ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချ လိုက် ပါတယ်။ ပြီးမှ သေနတ်ကိုင်ထားတဲ့ လက်ကို ဖြေးဖြေးချင်းချလိုက်ပြီး တွန်းထုတ်ပေးလိုက်ပါတော့တယ်။
အခြေအနေက ဘယ်လိုမှ လှုပ်လို့မရတဲ့ အခြေအနေ။ သစ္စာကို က်ာထုတ်ဖို့ကလဲ မလွယ်လှပေ။ မျက်မြင်တင် လက်နက်ပါတဲ့ လူအင်အားက (၂၀) ကျော်ခန့် ရှိနေ တာကိုး။
"ဟေ့ကောင်တွေ အဲ့ဒီ့ကောင်ကို ကြိုးနဲ့ တုတ်စမ်း"
ဇေယျ အနီးက လူနှစ်ယောက် သေနတ်နဲ့ ချိန်ထား ရာမှ သေနတ်ကို ခါးကြားထဲထိုးရင်း ဇေယျနား ကပ်လာ ပါတယ်။ အနားရောက်တာနဲ့ ဇေယျ ချက်ခြင်း လှုပ်ရှားလိုက်ပါတော့ တယ်။ တစ်ယောက်ကို ခြေစောင်းနဲ့ လည်ပင်းဖြတ်ကန်ကာ ကျန်တစ်ယောက်ရဲ့လက်သီးကို ခြေကန်ချက်နဲ့ အတူကိုယ်ကို စောင်း၍့ ရှောင်လိုက်ရင်း ဗိုက်ထဲကို အားဖိထိုးချ လိုက်ပါတော့တယ်။ ငိုက်ကျလာတာနဲ့ အဲဒိ့လူရဲ့ ဂုတ် ချိုင်းကြားထဲ ဆွဲသွင်းရင်း တပတ်လှည့်ခါ သူ့ကိုယ်လုံးကို အကာအကွယ် ယူလိုက်ပါတော့တယ်။
သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ဇေယျ အရှေ့က လူရဲ့ ခန္ဓာကိုယ်ပေါ်ကို စုပြုံကျ လာပါတော့တယ်။ ဇေယျ အဲဒိ့လူရဲ့ ခန္ဓာကိုယ်ကို ထိန်းခါ သူ့ခါးကြားမှ သေနတ်ကို ထုတ်ခါ ခုန လူကြီးကို လှမ်းပစ်လိုက် ပါတော့တယ်။
လူကြီး ရှောင်ရင်းက အဲဒိ့နေရာမှ ထွက်ပြေးသွား ချိန်မှာ သစ္စာလဲ လဲနေရာမှ ကုန်းထလို့ လာပါတော့တယ်။
"ဟေ့ကောင်တွေ ရပ်စမ်း တော်တော့ ရပ်"
သစ္စာ သေနတ်သံတွေကြားမှာ အတင်းကုန်းအော် လိုက်တော့ သေနတ်သံတွေ ရပ်လို့သွားပါတော့တယ်။ အဲဒိ့အချိန်မှာပဲ သစ္စာရယ် ဒယ်ဒီ ကျောက်စွန်းအကွယ် ကနေထွက်လာပြီး
"ပစ်စမ်း ပစ်ကြစမ်း အဲဒိ့ နှစ်ကောင်လုံးကို အသေဝိုင်း ပစ်..."
လူကြီး စကားပင် မဆုံးလိုက် သစ္စာနီ ဂူပေါက်ရဲ့ အပြင်ဖက်ကို တရှိန်ထိုး ပြေးထွက်သွားပါတော့တယ်။ ဇေယျ လဲ ခုနကလူကို ကာထားပြီး ဂူဝဖက်ကို ဆုတ်လာပါတယ်။ ဂူဝရောက်မှ ခုနလူသေကြီးကိုချပြီး ဂူပြင်ဖက် ပြေးထွက်လိုက်ရလေရဲ့။ သေနတ်သံတွေက ဂူကြီး တစ်ခုလုံး ညံစီလိုနေပါလေပြီ။
သစ္စာနီနားကို ရောက်တာနဲ့ ဇေယျ သစ္စာနီရဲ့ လက်က ကြိုးကို သူ့ခြေသလုံးမှာ ကပ်ထည့်လာတဲ့ ခေါက်ဓါးနဲ့ ထိုးဖြတ်ချလိုက်ပါတယ်။ ကြိုးဖြတ်နေတုန်း အနောက်က သေနတ်သမားတွေလဲ ကပ်ပါလာတာမို့
"မြန်မြန်လုပ် ဇေယျ"
"ဒိုင်း ...ဒိုင်း...ဒိုင်း..."
"အင့်"
ဇေယျကို သစ္စာနီ ကန်ထုတ်လိုက်တာမို့ တစ်ပတ်လည် ထွက်သွားပါတော့တယ်။ ဂူပေါက်ရဲ့ ဘယ်ညာ တစ်ဖက် စီမှာ သူတို့ နှစ်ယောက် နေရာ အသင့်ယူ လိုက် ကြပါတော့တယ်။
ဇေယျ လက်ထဲမှာ ကျည်အနည်းငယ်သာ ကျန်တော့တဲ့ ပစ္စတို တစ်လက်ရှိနေပေမယ့် သစ္စာနီကတော့ လက်ဗလာ ဖြစ်နေပါတယ်။
သူတို့နှစ်ယောက် အကွယ်ကို ရောက်သွားတာမို့ အထဲက လူတွေ ချက်ခြင်းထွက်မလာပဲ စောင့်ကြည့် နေကြပါတယ်။
ဟိန်းဇေယျ ကို သေချာစိုက်ကြည့်ရင်းက သစ္စာနီ ခေါင်းတစ်ချက်ငြိမ့်ပြ လိုက်ပါတယ်။ ဇေယျကလဲ သစ္စာနီ ကိုခေါင်းပြန်ငြိမ့်ပြရင်း အနားက ကျောက်တုံး တစ်တုံးကို ကောက်ရင်း အထဲက ဂူနံရံကို အားနဲ့ ပစ်ပေါက် ချလိုက်တော့ သေနတ်သံတွေ ပြန်ထွက်လာပါတယ်။
ကျောက်တုံးနဲ့အတူ ဇေယျလဲ ဂူဝဖက်ကို ကိုယ်တစ်စောင်း ထွက်ခါ တစ်ဖက်က လူတွေကို ပစ်လိုက် ပါတယ်။
ပြီးတာနဲ့ သစ္စာဖက်ကို ကူးပြီး အကွယ်မှာ ပြန်ကပ်နေလိုက်စဉ်မှာပဲ သစ္စာက
"ငါတို့ ဒီကထွက်မယ် ဇေယျ ငါ့နောက်လိုက်ခဲ့"
ပြောပြီးတာနဲ့ သစ္စာက ရှေ့ကထွက်သွားသလို ဇေယျလဲ နောက်က ချက်ခြင်း လိုက်သွားပါတော့တယ်။
ခုနက ခွေးတွေ ထွက်လာတဲ့ အခန်းထဲကို သစ္စာပြန်ဝင် သွားပြီး ဂူထဲကို ဖြတ်လျောက်နေတာမို့ ဇေယျလဲ နောက်က အခြေအနေကို လှည့်ကြည့်ရင်း လိုက်လာ ခဲ့ ပါတော့တယ်။
ဂူပေါက်တစ်ခုကို လှမ်းတွေ့နေရတုန်းမှာပဲ နောက်က သေနတ်သံတွေ ပြန်ပေါ်လာတာမို့ သူတို့ ဂူနံရံမှာ ကပ်နေလိုက် ကြရပါတယ်။
"ဇေယျ ဂူပေါက်ဆုံးတာနဲ့ ခုန်ချ အဲဒိ့ရေစီးအတိုင်းလိုင်း လိုက်သွား ချောင်းကြီးထဲရောက်သွားလိမ့်မယ်"
နောက်က သေနတ်သံက နီးတာတာမို့ ဇေယျ ပြန်လှည့်ပစ် တော့ ကျည်က မထွက်တော့ပေ။
"ရှစ်ထ်"
"ကျည်ကုန်ပြီ မဟုတ်လား မင်းပြေးတော့ ဇေယျ"
"မင်း အရင်ဆင်း သစ္စာ"
"ငါမလိုက်ဘူး ဒီကောင်တွေ ငါထိန်းနိုင်တယ် သွားးးးး မင်း အမြန်သွားတော့"
အဲဒိ့အချိန်မှာပဲ ဂူကြီးထဲမှ ဂျိန်းခနဲ အသံကြီးနဲ့ အတူ ဂူကြီး လှုပ်ခါသွားကာ အပေါ်က ကျောက်များ ပဲ့ကျလို့ လာပါတော့တယ်။ သစ္စာနီ အတင်းအော်ပြောပါတော့တယ်။
"သွားတော့ ဟိန်းဇေယျ သွားးးး ဂူပြိုပြီ"
ဇေယျ ဂူပေါက်ကို ပြေးထွက်သွားပြီး ခုန်ချ မလို့ ပြင်လိုက်စဉ်မှာပဲ လူက ပူခနဲဖြစ်ခါ မခုန်နိုင်တော့ပဲ ပြုတ်ကျ သွားရပါတော့တယ်။
"ဒိုင်း"
"ေဇယ်----"
သစ္စာနီ အနောက်ကနေအတင်းပြေးလိုက်ခါ ရေထဲ ခုန်ချ လိုက်ပါတော့တယ်။ ဂူထဲမှ နောက်ဆုံးကြည်တစ်ချက်က ဇေယျကို ထိမှန်ခဲ့ပြီလေ။ သစ္စာ ခုန်ချလို့ ရေထဲ ပင်မရောက်သေး ဂူပေါက်ကြီးလဲ ဝုန်းခနဲ ပြိုကျလို့ သွားပါတော့တယ်။
အေးစက်နေတဲ့ ရေထဲမှာ မနည်းကူးခတ်ရင်းက သစ္စာ ဇေယျကို ရှာဖွေနေမိပါတယ်။ ညအမှောင်ကြောင့် အရာဝတ္ထုတွေကို သဲကွဲစွာ မမြင်ရ။ ခပ်ကြမ်းကြမ်းရေစီးမို့ လူကလဲ လျင်မြန်စွာ ရွေ့လျားလို့ နေပါတယ်။ နောက်ကတဖြေးဖြေး ပြိုကျနေတဲ့ ကျောက်သားတွေကိုလဲ ရှောင်နေရသလို ရေအောက်မှာ ရှိတဲ့ မညီမညာ ကျောက်သားမာမာတွေရဲ့ ဒဏ်ကိုလဲ အံကျိတ်ခံနေရင်းက ဇေယျကိုသာ အတင်းရှာဖွေနေမိပါတော့ရဲ့။
"ေဇယ် -- ေဇယ် --- ေဇယ် ---------"
ချောင်းကြီးထဲရောက်တော့မှ လရောင်အနည်းကြောင့် သူ့ရှေ့ခပ်လှမ်းလှမ်းက ရေစပ်မှာ တင်နေတဲ့ ဇေယျကို တွေ့တာမို့ သူ အမြန် ကူးသွားလိုက်ရင်း ဇေယျကို ချောင်းစပ်ကို ဆွဲတင်လိုက်ပါတော့တယ်။
ပေါင်မှာ သေနတ်ဒဏ်ရာနဲ့ ဇေယျ သတိမေ့နေဆဲ။ သစ္စာ ဇေယျရဲ့ ရင်ဖက်ပေါ်ကို လက်နှစ်ဖက် ထက်ခါ သုံးကြိမ်ဖိချလိုက်ပါတယ်။ ပြီးတော့မှ အသက်ကို ဝအောင်ရှုသွင်းလိုက်ပြီး ဇေယျ ပါးစပ် ကို သူ့ပါးစပ်နဲ့ကပ်ခါ လေတွေ မှုတ်သွင်းလိုက်ပါတောတော့တယ်။
"အွတ် ဟွတ် အွတ် အဟွတ် အဟွတ်"
"ဇေယျ ဇေယျ မင်း သက်သာရဲ့လား"
ဇေယျ ခေါင်းကို ငြိမ့်ပြလိုက်ပေမယ့် ဘာစကားမှ ပြန် မပြောနိုင်သေးပေ။
သစ္စာ ဒူးထောက်ထားရာမှ ချောင်းစပ်ပေါ် ဖင်ထိုင်ချ လိုက်ပြီး ခေါင်းကိုမော့ကာ အသက်ကို ဝအောင် ရှုသွင်းလိုက် ပါတော့ရဲ့။
"စော တီး"
ဇေယျ အသံကြောင့် သစ္စာ ဇေယျကို လှည့်ကြည့်လိုက် ပါတယ်။
"ဘာကို ပြောတာလဲ ဟိန်းဇေယျ .. ဂျလောက် ... ဟင်"
သစ္စာနီ စကားပင် မဆုံးလိုက် ဇေယျက သစ္စာနီရဲ့ လက်တစ်ဖက်ကို သူ့လက်နဲ့တွဲခါ လက်ထိပ်ခတ်ထား လိုက်တာတွေ့လိုက်ရပါတယ်။ လက်ထိပ်ခတ်ပြီးမှ ဇေယျ အနားယူသလို ကောင်းကင်ကို မော့ကြည့်လို့ နေပါတော့တယ်။
သစ္စာ လက်ထိပ်ကို ကိုင်ကြည့်လိုက်ပြီးမှ သဘောပေါက်သွားကာ ဇေယျ ဘေးမှာ ပက်လက်လှန်ချ လိုက်ပါ တော့တယ်။ ခနနေမှ ဇေယျ စကားကို တစ်လုံးချင်း အေးအေးဆေးဆေး ပြောလာပါတယ်။
"မင်း ငါ့နောက်လိုက်လာမယ်ဆိုတာ ငါသိလို့ မင်းတို့ စခန်းကို ငါ ဖြိုချ လိုက်တာ မင်းအဖေ ပါ သွားတဲ့အတွက် စိတ်မကောင်းဘူး သစ္စာ"
ဇေယျ ရောက်ခဲ့တဲ့ အခန်းတိုင်းမှာ နံရံကပ် မိုင်းတွေ တပ်ဆင်ထားခဲ့တာလေ။ သစ္စာက သူ့ကို အတင်းသွား ခိုင်းပြီး နေခဲ့မယ် ပြောလို့ အဲ့ဒိ့မိုင်းတွေကို သူကိုယ် တိုင်ကဲ ခလုပ်နှိပ်ခါ ခွဲပစ်လိုက်တာပါ။
"အင်း ငါတို့လုပ်ရပ်တွေအတွက် ငါတို့ တစ်နေ့ဒါမျိုး ကြုံမှာ ကြိုတွေးပြီးသားပါ ဒယ်ဒီက ငါ့မိဘ အရင်းမဟုတ်ပေမယ့် တစ်သက်လုံး ငါ့အပေါ် ကျွေးမွေးပြုစု လာတဲ့ ကျေးဇူးရှင်မို့ ငါလဲ စိတ်တော့ မကောင်းဘူး"
ဇေယျ သစ္စာဖက်ကို မျက်နှာ လှည့်လိုက်ပြီး သစ္စာမျက်နှာကို သေချာကြည့်ခါ
"မင်း ကို ငါဖမ်းမှ ဖြစ်မယ် ဆိုတာ မင်းသိလား"
သစ္စာက ဇေယျဖက်ကို လှည့်မကြည့်ပဲ တချက်ရီလိုက်ခါ
"ဟက် ဖမ်းပေါ့ကွာ မင်းကိုတိုင် ဖမ်းတာပဲ ငါကျေနပ် ပါတယ်"
"သစ္စာ.."
ဇေယျအသံက ချောင်းရေစီးသံတွေ ကြားမှာ တိုးတိတ်တုန်ခါ နေပါတယ်။ သစ္စာ ပြန်လှည့်ကြည့်ရင်း
"ပြော ဇေယျ"
"ငါလဲ မင်းကို ..."
ဇေယျ စကားတွေ တစ်ဆို့နေတာမို့ သစ္စာ ပြုံးလိုက်ပြီး
"ရတယ် ဇေယျ မင်းမပြောလဲ ငါသိတယ် ဒါတွေက ပါးစပ်က ဖွင့်မပြောလဲ အလိုလို နားလည် ခံစားလို့ ရပါတယ်"
သူတို့ သစ်ပင်တွေကို ကျော်ပြီး ကောင်းကင်က ကြယ်တွေကို ငေးကြည့်နေမိကြတယ်။ အသံတွေတိတ် ဆိတ်ပြီး အမှောင်ထုဖုံးနေတဲ့ ချောင်းစပ်လေးမှာ သူတို့ အနားယူနေရင်းပေါ့။
တစ်ယောက်လက်ကို တစ်ယောက် တင်းကျပ်စွာ စုပ်ကိုင်လို့ ထားနေမိပြန်တယ်။ အသက်ရှုသံတို့ တဖြေးဖြေး မြန်ဆန်လို့လာတာ သူတို့နှစ်ဦးစလုံးပေါ့။
ပြီးတော့မှ တစ်ယောက်ကို တစ်ယောက် လရောင်မှိန်မှိန် အောက်မှာ ထွင်းဖောက်ပြီး မျက်တောင်အခတ်မှာတင် ပျောက်သွားတော့မလို ငတ်မွတ်စွာ မမှိတ်မသုန် ကြည့်နေမိလေရဲ့။
ချောင်းရေစီးသံတွေ ကြားနေလျက်ကပင် အာခေါင်တွေ ခြောက်သွေ့လို့ လာပါတော့တယ်။
သစ္စာ လက်တစ်ဖက်က ဇေယျ ခါးကိုဖက်ကာ ဆွဲလှည့် လိုက်တာမို့ သူတို့နှစ်ဦး မျက်နှာချင်းဆိုင်လျက်သား ဖြစ်လို့ သွားပါတော့တယ်။
YOU ARE READING
တိမ်လွှာ ထိုးတဲ့ စီးခြင်း။
Actionလူဆိုးတစ်ယောက်နဲ့ ရဲဝန်ထမ်းတစ်ဦး တို့ကြားက စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း။ (Zawgyi & Unicode)