အပိုင်း (၃)

4.8K 210 1
                                    

တိမ်လွှာ ထိုးတဲ့ စီးချင်း (၃)

ဆရာမင်းဝေကို ဆေးခန်းပြပေးပြီး ပြန်လာတော့လဲ ဇေယျ မနားပေ။ စာရွက်စာတမ်းတွေ ဖိုင်တွဲတွေ ကြားမှာ ခေါင်းမဖော်တမ်း အလုပ်တွေ ရှုတ်နေတာ အတော် ကြာနေပြီလေ။ ထမင်းစားချိန်ပင် ကျော်နေပြီ။ ထူးမြတ် သွားခေါ်တော့လဲ 'အေးအေး ခနနေ စားမယ်' ပြောပြီး မထ။ ခေါ်နေတာ (၃) ခါရှိပြီ။ ထူးမြတ် မထူးတော့တာမို့ ဇေယျ ဘေးနားသွားထိုင်ခါ ဇေယျရဲ့ မျက်နှာကို သေချာစိုက် ကြည့်နေလိုက်ပါတယ်။
အတော်လေးကြာမှ ဇေယျက သတိထားမိသလိုနဲ့ သူ့ ကိုမော့ကြည့်လာခါ
"ဘာကြည့်နေတာလဲ ထူးမြတ် ဘာပြောမလို့လဲ"
"ပြောပြီးတာ (၃)ခါတောင် ရှိပြီ ကိုဇေ"
ဇေယျ စဉ်းစားသလို လုပ်နေရင်းက
"ဘာပြောတာပါလိမ့် ငါလဲ မသိလိုက်ပါလား"
"ဟား သေပါတော့ဗျာ ထမင်းစားဖို့ ခေါ်နေတာလေ ကိုဇေရ"
"ဟာ မင်းက ငါ့ကို သေခိုင်းနေတာလား"
"ဟာ မဟုတ်ပါဘူးဗျာ ကန်တော့ ကန်တော့ လာပါ ကိုဇေ ရာ အားရှိမှ အရာရာရင်ဆိုင်နိုင်မှာ ကျန်းမာရေး က အဓိကလေဗျာ လာ ထမင်းစားရအောင် အချိန်လဲ ကြည့်ဦး (၃) နာရီ ထိုးနေပြီ ညနေစာပါ ပေါင်းစားရတော့မယ်"
သူ့ကို ဂရုတစိုက်နဲ့ ပြောနေတဲ့ ထူးမြတ်ကို ကြည့်ရင်းက ဇေယျ လှစ်ခနဲ ပြုံးလိုက်ခါ လက်ထဲက ဘော့ပင်ကို စာရွက်ပေါ် ချလိုက်ရင်း
"ကဲ သွားမယ် သွားမယ် ငါသိတယ် မင်း ငါ့ကိုစောင့် နေတာ ဟုတ်မလား အခု မင်း စာနေပြီမလား"
"အစာတောင် လွန်နေပြီဗျ"
"အေးပါကွာ လာပါ စားကြမယ်"
ဇေယျက ထူးမြတ်ပုခုံးကို ဖက်လိုက်ရင်း ထမင်းစားခန်း ဖက်ထွက်ခဲ့ လိုက်ပါတော့တယ်။
ညနေပိုင်းရောက်တော့ အပြင်ပြန်ထွက်လာကြ ပါတယ်။
"ကိုဇေ ဘယ်သွားမလဲ"
"ဟိုပတ်ဒီပတ်ပေါ့ကွာ"
"ဥတုချောင်း ဖက်သွားမလား"
"သွားမယ်ကွာ"
သူတို့ ဆိုင်ကယ်ကို ဥတုချောင်းဖက် မောင်းလာခဲ့ကြပါတယ်။ ချောင်းစပ်ကို မဆင်းပဲ ကုန်းပေါ်ကနေ ဆိုင်ကယ်ကို ရပ်ခါ ချောင်းဖက်ကို ငေးကြည့်နေတုန်း နောက်ကနေ ကားတစ်စီးထိုးရပ် လာတာမို့ တပြိုင်ထဲ လှည့်ကြည့်လိုက်မိကြပါတော့တယ်။
ကားအကောင်းစားအသစ်ကြီး ပေါ်ကနေ ဆင်းလာတဲ့ လူနှစ်ယောက် သာမန် ပုံစံတွေပါပဲ။ သူတို့ ထဲက တစ်ယောက်က ကားနောက်ခန်း တံခါးကို ဖွင့်လိုက်စဉ် ဆင်းလာတဲ့ သူကိုတွေ့တော့ ဇေယျ မျက်မှောင်ကျုတ် လိုက်မိပါတယ်။ ဒီလူပဲ။
ပုံမှန် အိမ်နေရင်းပုံစံ အင်္ကျီအကွက် လက်ရှည်ကို ကပိုကယို တံတောင်စစ်နားထိ ခေါက်ထားသလို၊ ဂျင်းပင်က အပြဲ ဗလပွနဲ့ ဆံပင်ရှည်တို့ကို ဖြစ်သလို စီးနှောင်ထားတဲ့လူ။ ဟုတ်တယ် ဒါ လမ်းမှာ ဇေယျနဲ့ တွေ့ခဲ့တဲ့ သူပဲ။ မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးတွေကလဲ ကျိုးတို့ ကျဲတဲ အထာပဲ ကျနေသလိုလို။ နှာတံချွန်ချွန် မျက်လုံးဝိုင်းဝိုင်းနဲ့ သူမှသူပါပဲ။
သူကားပေါ်က ဆင်းတာနဲ့ ဘောင်းဘီ အိတ်ထဲက ဆေးလိပ်ကို ထုတ်လိုက်ပြီး မီးတို့ခါ အားရပါးရဖွာရှိုက် လိုက်ပြီးမှ ဇေယျ တို့နားကို လျောက်လာပါတယ်။
"သူ့နာမည်က သစ္စာနီ။ ခေါင်းဆောင်ပိုင်းကပဲ ကိုဇေ။ သတိတော့ထားနော်။ ရှော့ရှိတယ်။"
နောက်ကနေ ထူးမြတ် သတိပေးလာတာမို့ ဟိန်းဇေယျ ခေါင်းကို အသာငြိမ့် ပြလိုက်ပါတယ်။
"ဘယ်လိုလဲ ကောင်လေး ကိုတို့နယ်က နေလို့ထိုင်လို့ အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"အင်း ပြေတယ် မပြေဘူးဆိုတာက မင်းပေါ်မှာပဲ မူတည်တာပါ"
"ကျုပ်ကလဲ ဒီနေရာကို အဆင်ပြေလို့ နေချင်လို့ ပြောင်းလာတာ မဟုတ်ဘူးဆိုတာတော့ ခများ သိမှာပါ သစ္စာနီ"
သစ္စာနီ က ဆေးလိပ်ကိုရှိုက်ရာမှ မှုတ်ထုတ်လိုက်ပြီး
"ဟားးးး သိပါ့ဗျာ သိပ်သိတာပေါ့ အဲဒိ့အတွက် မင်းနဲ့ ငါနဲ့ ဆွေးနွေးလို့ ရမယ် မထင်ဘူး လိုလဲ မလိုအပ်ပါဘူးကွာ ဟုတ်တယ် မလား"
"ခများ သိပြီးသား ကိစ္စတွေ ဆိုမမေးနဲ့တော့လေဗျာ ကျုပ် အနားယူနေတဲ့ အချိန်ကို တန်ဖိုးထားပေးပါ"
"အိုခေ လိုရင်းပဲပြောမယ်။ အခု မင်းအဆောင်ပြန် ရောက်ရင် ငါပို့ထားတဲ့ ပစ္စည်းမင်းစီရောက်နေ လိမ့်မယ်။ အဲဒါကို မင်းလက္ခံရမယ် ပြီးရင်တော့ လိမ်လိမ်မာမာနေပေါ့ကွာ ဟုတ်ပြီလား ဟားးးးးဟားးးးး"
"တောက်"
ဇေယျ တောက်ခတ်လိုက်တာနဲ့ တပြိုင်နက်မှာ သစ္စာနီရဲ့ လူနှစ်ယောက်ကော ထူးမြတ်ပါ ဆတ်ခနဲ ရှေ့တိုး လို့ လာကြပါတယ်။
သစ္စာနီက ဇေယျနားကို ကပ်လာခါ ဇေယျ မျက်လုံးတွေကို စိုက်ကြည့်နေပါတယ်။ ပြီးတော့မှ သစ္စာနီရဲ့ လက်တွေ တဖြေးဖြေး အပေါ်ကို တက်လာခါ ဇေယျရဲ့ ပါးကို လိမ်ဆွဲ မလို့ ပြင်လိုက်စဉ်မှာပဲ ဇေယျ သူ့လက်ကို ဖတ်ခနဲ ပုတ်ထုတ်လိုက် ပါတော့တယ်။
ကျန်တဲ့ (၃) ယောက် အခြေအနေကို စောင့်ကြည့်နေပြီး ရုတ်တရက် မဝင်သေးပေ။ သစ္စာနီ နှတ်ခမ်း တစ်ဖက် ကို တွန့်ကွေးကာ ပြုံးထားရင်း လက်တွေကို လှုပ်ရှားနေပါတယ်။ ဟိန်းဇေယျ ကတော့ မျက်မှောင်ကို တွန့်ထားကာ ဝင်လာတဲ့ သစ္စာနီရဲ့ လက်တွေကို အဆက်မပြတ် ပုတ်ထုတ်နေပါလေရဲ့။
တစ်ခုရှိတာက သူတို့လက်တွေက အားအပြည့်ပါနေပေမယ့် အန္တရယ်မရှိဘူးဆိုတာ သူတို့သိနေကြတယ်။ ဒါကြောင့်လဲ ဟိန်းဇေယျ ပြန်လည်တိုက်ခတ်ခြင်း မပြုပဲ အသာအယာပဲ ပုတ်ထုတ်နေတာပါ။
ရုတ်တရက် မထင်မှတ်ထားချိန်မှာပဲ သစ္စာနီရဲ့ လက်တစ်ဖက်က ဇေယျ ပါးပြင်ကို ဖျတ်ခနဲ လိမ်ဆွဲ မိလိုက် တာမို့ ချက်ခြင်းဇေယျ အနောက်ကိုဆုတ်ခါ ရှောင်လိုက် ပါတယ်။
သစ္စာနီက ပါးကို ဆွဲလိမ်ထားတဲ့ လက်ညှိုးနဲ့ လက်မလေးကို မျက်နှာနဲ့ တည့်တည့်မှာ ထားရင်း ဇေယျ ကို စိုက်ကြည့်ရင်း ပွတ်ချေပြနေပါတယ်။ ပြီးမှ သူ့နှာခေါင်းနား ကပ်ခါ ရွှတ်ခနဲ နမ်းလိုက်ရင်း ခေါင်းကို မော့ခါ ခပ်ဟဟ ရယ်ရင်း လှည့်ထွက်သွားပါတော့တယ်။
ဇေယျအံကို တင်းနေအောင်ကျိတ်ရင်းက မျက်နှာတစ်ခုလုံး နီရဲလို့နေပါတယ်။ သစ္စာနီတို့ ကားထွက်သွားမှ ထူးမြတ်က ဇေယျ လက်မောင်းကို ကိုင်လိုက်ခါ
"သွားရအောင် ကိုဇေနော်"
ဇေယျ လက်ကို လှုပ်ခါ ထူးမြတ်ရဲ့ လက်ကို ဖယ်လိုက်ပြီး ဆိုင်ကယ်ပေါ် တက်ခွလိုက်ပါတော့တယ်။
"ကျနော်မောင်းမယ်လေ ကိုဇေ"
"မရှေနဲ့တက်"
"ဟုတ် ဟုတ်"
စခန်းပြန်လာတော့ လုံခြုံရေး ဂိတ်မှ လူက
"ဗိုလ်လေး ဟိန်းဇေယျ အိမ်က ပါဆယ်ရောက်နေတယ် ခမျ"
ဇေယျ မျက်မှောင်ကျုတ်လိုက်ရင်းက
"ခများ စစ်လိုက်သေးလား"
"ဗိုလ်လေး ပစ္စည်းမို့ မစစ်တော့ပဲ လက်ခံထားလိုက် တာပါဗျ ဘာဖြစ်လို့လဲခမျ"
"ထားတော့ သွားယူခဲ့"
အထုပ်ဆိုပေမယ့် ဘီယာပုလင်းဖာလောက်ရှိတာကို အပေါ်ကနေ ပီနံအိတ်နဲ့ ပတ်ခါ တိပ်နဲ့ ကပ်ထားတာ တွေ့ရပြီး အပေါ်မှာ ရေးထားတာက ဇေယျအိမ်လိပ်စာနဲ့ မေမေ့နာမည်။ စိတ်ထဲမှာ ထစ်ခနဲ့ ဖြစ်သွားပြီး
"ထူးမြတ် ကိုင်ခဲ့ ကြားမှာညှုပ်ထား"
ဆိုင်ကယ်ကို အဆောင်ထိ မောင်းလာပြီး အထုပ်ကို အခန်းထဲ သယ်ခဲ့လိုက်ကြတယ်။ အခန်းထဲရောက်တော့ ထူးမြတ်က
"ကိုဇေ သတိထားဦးနော် ကျနော်တို့ချည်းပဲ ဖွင့်လို့ ဖြစ်ပါ့မလား တော်ကြာ"
"ရတယ် ငါ့ကို နောက်ဖေးက ဓါးယူပေး ပြီးရင် tester နဲ့ ကတ်ကြေးပါ ရှာခဲ့ ကြားလား"
"ဟုတ်ကဲ့ ကိုဇေ"
ခနနေတော့ ထူးမြတ် ပစ္စည်းအစုံယူလာရင်း အခန်းထဲ ပြန်ရောက်လာပါတယ်။ ဇေယျ အသက်ကို ဝအောင်ရှု လိုက်ရင်း ပါဆယ် ထုပ်ကို ဖြေးညှုင်းစွာ ဓါးနဲ့ စပြီး ဖောက်ပါတော့တယ်။
ဘေးကနေ ကြည့်နေတဲ့ ထူးမြတ် ပါ ချွေးစေးတွေ ပျံလို့ လာပါတော့တယ်။ အပေါ်က ပီနံအိတ်ကို ဖယ်လိုကတော့ အထဲမှာ ထင်တဲ့အတိုင်း အရက်ပုလင်းဖာ တစ်ခု။ ဖာအပေါ်က ကပ်ထားတဲ့ တိပ်ကို အသာဓါးနဲ့ ထိုးခွဲ လိုက်တယ်။ ပြီးမှ စက္ကူကတ်ထူ ပြားကြားထဲကို ဓါးဖြားလေး တဖြေးဖြေးချင်း သွင်းခါ ဖြေးညှုင်းစွာ မ တင်လိုက်ပါတယ်။
ဇေယျ အနည်းငယ်မပြီးချိန်မှာ မျက်နှာချင်းဆိုင်က ထူးမြတ်ကို မော့ကြည့်လိုက်တော့ ထူးမြတ်က စိုးရိမ်ကြီးစွာနဲ့ သူ့ကို စိုက်ကြည့်နေတာ တွေ့ရပါတယ်။
တစ်ယောက်ကို တစ်ယောက် ခေါင်းငြိမ့်ပြမိကြပါတယ်။ ဇေယျ လက်ကို တဖြေးဖြေးချင်း အားမထည့်ပဲ မရာသို့ ကတ်ထူးပုံးရဲ့ အဖုံးလေးကြွခါ ပါလာပါတယ်။
အဲဒီ့ အချိန်မှာပဲ အဖုံးလေးပွင့်သွားပါတယ်။ အထဲမှာ ကြွတ်ကြွတ်အိတ် အမဲနဲ့ပတ်ထားတဲ့ အထုပ်တစ်ထုပ်။
ဇေယျ လက်ဖဝါးတင်ပြီး အသာစမ်းကြည့်လိုက်မိပါတယ်။ ပြီးတော့မှ လက်ထဲက ဓါးကို နံရံကို ပစ်ပေါက်လိုက်ခါ အားရပါးရ အော်ချလိုက်ပါတယ်။
"ရှစ်ထ်"
"ဘာဖြစ်တာလဲ ကိုဇေ"
"ပိုက်ဆံတွေ"
"အဲဒါဆို ကျနော် ဖွင့်လိုက်ရတော့မလား"
"ဖွင့်ကွာ"
ထူးမြတ် အိတ်ကို သတိနဲ့ ဓါးနဲ့ ဖြဲကာ ကြည့်လိုက်တော့ (၅) ထောင်တန် အသစ်တွေ အုပ်လိုက် အုပ်လိုက် ရဲရဲနီလို့ နေပါတော့တယ်။
"ဒီပုံက ဘယ်သူ့ပုံလဲ ကိုဇေ"
ထူးမြတ်ပြတဲ့ ပုံကို ကြည့်လိုက်တော့ ဇေယျရဲ့ မေမေ့ပုံ။ မျက်လုံးတွေပင် ပြာသွားကာ ဖုန်းထုတ်ပြီး မေမေ့ဆီကို ချက်ခြင်း ခေါ်မိပါတော့တယ်။
"ဟယ်လို သားလေး မေမေ စောင့်နေတာ ဒီနေ့တော့ ဖုန်းခေါ်တာစောသားပဲ"
မေမေ့ အသံကြားမှ သက်ပြင်းကို ချလိုက်ခါ အသက်ကို ဝအောင်ရှုသွင်းပြီးမှ
"ဟုတ်ကဲ့ မေမေ သား ဒီနေ့ စောစောနားတာနဲ့ စောပြီး ခေါ်လိုက်တာ မေမေ ထမင်းစားပြီးပြီလား"
"စားပြီးတာကြာလှပေါ့ စောစောရေချိုး၊ ထမင်းစားပြီး ပုတီးစိပ်ရင်း သားလးဖုန်းကို စောင့်နေတာ သားရဲ့"
"ဟုတ်ကဲ့ မေမေ ကျန်းမာရေး ဂရုစိုက်နော် အပြင်တွေ ဘာတွေ သွာစရင် တစ်ယောက်ထဲမသွားနဲ့ မသူကို ခေါ်သွား အိမ်ကို ဒီတိုင်းသာထားခဲ့ သိလား သွာစရင်လာရင်လဲ ညဖက်တွေ မသွားနဲ့နော်"
"ဘာဖြစ်လို့လဲ သားလေးပြောမှ မေမေတောင် ရင်ထိပ် လာပြီ ဘာတွေ ဖြစ်လို့လဲ သားရယ်"
"မဟုတ်ပါဘူး မေမေရယ် သားက စိတ်မချလို့ပါ ညဖက် ဆိုတော့လဲ မေမေက မျက်စိက သိပ်မကောင်းတော့ စိတ်ပူလို့ပါ"
"အော် ... တော်သေးတာပေါ့ ဟုတ်ပါပြီ သားလေးရယ် သားလေးသာ ဂရုစိုက်နော်"
"သာူက မေမေပို့ပေးတဲ့ မေတ္တာတွေကြောင့် အမြဲတမ်း ခလုတ်မထိ ဆူးမငြိပါဘူးဗျာ ကျန်းမာတာမှ ဒေါင်ဒေါင့်ကိုမြည်နေတာပဲ"
မေမေနဲ့ စကားပြောနေလိုက်ရတော့ ခုနက ကိစ္စတွေ ခနမေ့သွားပြီး အေးချမ်းလာတာ အမှန်ပါပဲ။ ဖုန်းပြော ပြီးတော့ ထူးမြတ်က သူ့ကို
"ဒါတွေ ဘယ်လို လုပ်ရမလဲ ကိုဇေ"
"မင်း အခန်းကို ယူသွားလိုက် ထူးမြတ်"
"မဟုတ်ဘူးလေ ဘာလုပ်မှာလဲမေးတာ ကိုဇေရ"
ဇျေယ မျက်လုံးတွေက ထူးမြတ်ကို သေချာစူးစမ်းကာ စိုက်ကြည့်လိုက်ရင်း
"မင်း ဘာလုပ်စေချင်လဲ ထူးမြတ်"
"ကျနော်ကတော့ မယူစေချင်တာ အမှန်ပဲ ကိုဇေ"
"မင်းကော မလိုချင်ဘူးလား"
"မလိုချင်ပါဘူးဗျာ စိတ်မသန့်ဘူး ယူလိုက်ရင် သူတို့ လူဖြစ်သွားမှာ သူတို့ကြိုးဆွဲရာ ကရတော့မှာ"
"ဟုတ်တယ် ထူးမြတ် အဲဒီ့တော့ ငါတို့ ဒီပိုက်ဆံတွေကို သူတို့ကိုလဲ ပြန်မပေးဘူး ငါတို့လဲ မယူဘူး မနက်ကျရင် အဲဒိ့ပိုက်ဆံတွေကို အုပ်ကနေဖြုတ်ပြီး ပီနံအိတ်နဲ့ ထည့်မယ် ပြီးရင် ဥတုချောင်းထဲမှာ သွားမြှောပစ်မယ်ကွာ အဲဒါမှ ဒီကောင်တွေလဲ ငါတို့ သိမှာ"
"ကောင်းတယ်ကိုဇေ အရမ်းကောင်းတယ်"
"ပြီးတော့ စခန်းထဲက ချို့တဲ့တဲ့သူတွေ တစ်ယောက်တစ်အုပ် ဝေပေးလိုက် မကောင်းဘူးလား ဟားးးးးး"
"သိပ်ကောင်း အရမ်းကောင်း ကိုဇေရေ့"

တိမ်လွှာ ထိုးတဲ့ စီးခြင်း။Where stories live. Discover now