အပိုင်း (၂)

5.6K 226 3
                                    

တိမ်လွှာ ထိုးတဲ့ စီးချင်း (၂)

ဆိုင်ကယ် နဲ့ အပြင်ထွက်မလို့ လုပ်တော့
"ထူးမြတ်က ဆိုင်ကယ်မရှိဘူးလား"
"ရှိတယ် ကိုဇေ သူငယ်ချင်းတစ်ယောက် ငှားထားလို့ မနက်ဖြန်တော့ လာပို့မယ် ပြောတာပဲ"
"အော် ဒါဆို တက် နောက်က စီးရဲတယ် မဟုတ်လား"
"ဟာ စီးရဲပါတယ်ဗျ ဒါပေမယ့် လမ်းမသိတော့ အဆင်ပြေ ပါ့မလား"
"တက်စမ်းပါ ထူးမြတ်ရာ"
ထူးမြတ် ဆိုင်ကယ်ပေါ်တက်ခါ ခွလိုက်ပေမယ့် ခပ်ခွါခွါလေး ထိုင်မိတယ်။ အသားချင်းထိရင် စိတ်ဆိုးမှာ ဆိုး နေတာလေ။
"ဟျောင့် အဆင်ပြေသလို ထိုင်နော် ထူးမြတ်"
"ဟုတ် ကိုဇေ"
ဆိုင်ကယ်နဲ့ ဖားကန့်မြို့ထဲပတ်ပြီးတော့မှ
"ဘယ်မှာ ထိုင်ကြမလဲ ထူးမြဂ
"ဒီကနေ တည့်တည့်သွားပြီး ညာချိုးလိုက် တံတားတွေ့လိမ့်မယ် အဲ့ကနေ သွားရင် တာမခံ ဖက်ရောက်လိမ့်မယ် ကိုဇေ အ့မှာ ဒီအချိန်စည်တယ် ဟိုကောင်တွေ စတည်းချတဲ့နေရာ ကိုပါ ကြည့်လို့ရတယ်"
"အိုခေ"
ဆိုင်ကယ်ကို ဆက်မောင်းလာရင်းက တစ်ဖက်ကမ်းကို ရောက်တော့ ဆိုင်ကယ်ကို ဆက်မောင်းလာရင်းက ကုမ်းလေးပေါ်ကို ဆိုင်ကယ်ကို တကိလာလိုက်ပါတယ်။
"ဒီလမ်းအတိုင်း ဝင်သွား ကိုဇေ ပြီးရင် ညာတွေ့လိုက် ရောက်ပြီ"
ထူးမြတ်ပြောတဲ့အတိုင်း မောင်းလာချိန်မှာတော့ တွေ့ လိုက်ရတဲ့ မြင်ကွင်းတွေက တစ်ခြားနိုင်ငံတစ်ခု အလား ထင်မှတ်မှားချင်စရာပေ။
လမ်းဘေး ဘယ်ညာမှာ ဂလုံးဂလုံး ခေါ်တဲ့ အံစာတုံး ကြိုးဆွဲ ကစားတဲ့ ဆိုင်တွေ၊ စက်ဝိုင်းကြီးကိုလှည့်ရတဲ့ ၃၆ ကောင်တွေ အမျိုးကိုစုံနေတာပါပဲ။
အဲဒိ့အပြင် ထူးခြားတာတစ်ခုက အိမ်အချို့ရှေ့မှာရပ်နေတဲ့ မိန်းမငယ်လေးတွေပါပဲ။ ပုံစံကြည့်ရုံနဲ့ အပျော်မယ်လေးတွေမှန်း သိသာအောင် ပြင်ဆင်ထားကြပြီး ရပ်နေကြတာ မနည်းမနောပေ။
"ဒါတွေ ဒီတိုင်းကြီးလားဟ့ ပေါ်တင်ကြီးတွေပါလား"
"ဟုတ်တယ်ကိုဇေ ဒီမှာတင်လူရွေးပြီး ခြံထဲကအိမ်ထဲကို ဝင်သွားရုံပဲ"
"အာပါးပါး ကြမ်းချက်"
"ဟားဟား ကိုဇေက အစမို့ပါ ဟေးးး"
သူ့ကိုပြောရင်း ထူးမြတ်က သူနဲ့သိတဲ့သူတွေကို လက်လှမ်းပြနေပါတယ်။ ထူးမြတ်ကို ရဲဆိုတာ သိကြပြီး ထူးမြတ်နဲ့ အတူပါလာတဲ့ ဇေယျကိုပါ စူးစမ်းစွာ ကြည့်နေကြတာတွေ့ရပါတယ်။
ဇေယျကလဲ အားလုံးကို ခပ်တည်တည်ပဲ ပြန်ကြည့်ရင်း ပြုံးရယ်ပြချင်း မရှိပေ။ ဆိုင်ကယ်ကိုလဲ ဖြေးဖြေးပဲ မောင်းလာရင်း တစ်ဆိုင်ချင်းစီကို လိုက်ကြည့်နေမိ ပြန်ပါတယ်။
"ကိုဇေ ဝင်ကြည့်ချင်သေးလား အထဲကို"
"Nonono ငါအဲဒါတွေ ဝါသနာမပါဘူး"
"ဟာ အဲ့လိုပြောတာ မဟုတ်ပါဘူး ဒီတိုင်း အခြေအနေ ဝင်ကြည့်ဖို့ပြောတာပါ"
"တော်ပါပီကွာ ဒီနေရာရောက်မှတော့ ဝင်သွားလဲ ဘာလုပ်နေမယ်ဆိုတာ သိနေတာပဲ နေပါစေတော့ ဒါနဲ့ ဟိုကောင်တွေ အဖွဲ့တွေက ဘယ်မှာ စတည်းချတာလဲ"
"သူတို့ကတော့ ဒီတဝှိုက်မှာ သူတို့လူတွေ ပုံစံမျိုးစုံနဲ့ ရှိတယ် ကိုဇေ ကောင်မလေးတွေကအစ ဟိုးအရှေ့က ကစားရုံကြီးက အဲဒါ ဇော်ဒိန် ပိုင်တဲ့ရုံပဲ"
"အိုခေ အဲ့ဒိကို ဝင်ကြည့်မယ်"
သူတို့ ကစားပွဲရုံကြီး တစ်ခုရှေ့မှာ ဆိုင်ကယ်ကိုထိုးရပ် လိုက်ပါတယ်။ အထဲကို ဝင်လိုက်တာနဲ့ ယောက်ျား မိန်းမ အရွယ်မျိုးစုံ ပိုက်ဆံတွေ အထပ်လိုက် ကိုင်ပြီး ကစားနေကြတာ ကစားနည်းတွေ ကစားတဲ့ စက်ပစ္စည်းတွေ အစုံအလင်ပါပဲ။
အကြွေစေ့သံတွေလဲ တချွင်ချွင်နဲ့ ကြားနေရသလို ဆေးလိပ်ငွေ့တွေကလဲ မြူတွေဆိုင်းနေသလား ထင်ရလောက်တယ်။ အားလုံးက သူ့အာရုဏ်နဲ့သူ ကစားနေ ကြပြီး ကျန်တာတွေကို ဂရုမစိုက်ကြပေ။
"သူ ဘယ်မှာ ရှိနိုင်လဲ ထူးမြတ်"
"ဇော်ဒိန်က ဒီမှာ ထိုင်လေ့မရှိဘူး ကိုဇေရ သူက တခါတလေမှ လာတာ သူ့အိမ်က ဟိုဖက် တစ်လမ်းကျော်မှာ ရှိတယ် အိမ်မှာလဲ တစ်ခါတလေမှ တွေ့ရတာ"
"အင်း"
ဇေယျ ကစားတဲ့ စက်တွေကို သေချာ လိုက်ကြည့်နေမိပါတယ်။ လူအတော်များများက ဆေးလိပ်လက်ကြား ညှုပ်ခါ မိမိတို့ဂိမ်းကိုသာ သဲသဲမဲမဲ အာရုံစိုက်နေရဲ့။
"သွားမှနဲ့တူတယ် ကိုဇေ ၁၀ နာရီတောင် ထိုးတော့မယ်"
"အင်း သွားကြတာပေါ့"
ဆိုင်ကယ်ကို ရွာလေးထဲကနေ ထွက်ပြီး ကုန်းလေးအတိုင်း ဆင်းလာချိန်မှာတော့ အောက်ဖက်ကတက်လာတဲ့ ဆိုင်ကယ် (၅) စီးက သူတို့ကို ရှောင်လမ်းမရှိအောင် ပိတ်ခါ ရပ်လိုက်ပြီး ဆိုင်ကယ်မီးတွေနဲ့ ဝိုင်းထိုးထား ပါတော့တယ်။ ဇေယျ ဆိုင်ကယ် ရပ်လိုက်တာနဲ့ ထူးမြတ် ဆိုင်ကယ်ပေါ်က ဆင်းကာ
"ဟေ့ကောင်တွေ မင်းတို့ ငါ့ကို သိရင် ကို့လမ်းကိုသွား ရှေ့ကဖယ်"
အသံတွေ ရုတ်တရက်ငြိမ်သွားပြီးမှ
"ဟားဟားဟားဟားဟား"
တစ်ပြိုင်ထဲ ဝိုင်းရီလိုက်ကြတာမို့ ထူးမြတ်ရှေ့တိုးမလို့လုပ်နေစဉ် ထူးမြတ်ပုခုံးကို ဇေယျ လှမ်းဆွဲလိုက်ခါ ရပ်ခိုင်းလိုက်ပါတယ်။
ဆိုင်ကယ်မီးရောင်တွေ စုပြုံ ထိုးထားတဲ့ အလည်တည့်တည့်မှာ ရပ်နေတဲ့ ဟိန်းဇေယျ ပုံစံက ပါးပါးလှပ်လှပ်နဲ့ ဖြူဖြူသွယ်သွယ်၊ မိန်းမဆန်ဆန် ချောမောနေတဲ့ လူငယ်လေးကို ကြည့်ပြီး သူတို့ထက်ရီကြပြန်ပါတယ်။
ဇေယျ လက်ကို ပိုက်ပြီးမီးရောင်တွေကို ကြည့်လိုက်တော့ မီးရောင်ခံနေတာမို့ လူတွေကိုမမြင်ရ။
ဟိန်းဇေယျ ဘာမှမပြောပဲ လက်ခလယ်လေး ထောင်ပြ လိုက်ပါတယ်။ ချက်ခြင်းပဲ မီးရောင်နောက်ကနေ လူ တစ်ယောက်အရှေ့ကို ထွက်လာပြီး
"ဟားဟား နယ်ထိန်း အသစ်ဆိုလို့ ဘာကောင်ကြီးများလဲ လို့ကွာ မဖြစ်လောက် ဖြုတ်ဂွေးစိလောက် ကောင်လေးပါလားကွ ဟားဟားဟား"
"ဟေ့ကောင်"
နောက်ကနေလှမ်းအော် လိုက်တဲ့ ထူးမြတ်ကို ဇေယျ လက်ကာပြလိုက်ပါတယ်။ ပြီးမှ ထွက်လာတဲ့ လူမိုက် လိုလိုကောင်ကို
"မင်း တစ်ယောက်ထဲ ဖြစ်ပါ့မလား"
"ဟားဟား လူကဖြင့် တစ်ချက်စာမရှိတဲ့ကောင်က လာခဲ့စမ်း"
"ထူးမြတ် မင်းလုံးဝ မဝင်ခဲ့နဲ့နော်"
ဇေယျ ဖျတ်ခနဲ ပြေးသွား တံတောင်နဲ့ မေးစေ့ကို ချိန်ကာ ဒူးတစ်ဖက်က ရင်ညွန့်စီ ပစ်သွင်းလိုက်ပါတယ်။ တဖက်က လူကလဲ လျင်မြန်စွာရှောင်ပြီး ဇေယျ နံကြားကို လက်ဝါးနဲ့ စောင့်တွန်းလိုက်ပေမယ့် ဇေယျ လက်တစ်ဖက်က သူ့လည်ပင်းကို ဖက်ပြီးသားဖြစ်နေပါပြီ။ နောက်ကနေ ကျောပိုးထားသလို ခြေနှစ်ဖက်ကို ချိတ်ခါ တဖက်လူရဲ့ ခေါင်းကိုတံတောင်နဲ့ တင်းကျပ်စွာ ချုပ်ထားရင်း မြေပေါ်ဖင်ထိုင်ရက် ကျသွားချိန်မှာတော့ ဆိုင်ကယ်မီးရောင်နောက်ကနေ လူ (၉) ယောက်အရှေ့ကို ထွက်လာသလို ထူးမြတ်လဲ မလှမ်းမကမ်းကို ရောက်လို့လာပါတယ်။
တစ်ဖက်လူကို လှုပ်လို့မရချုပ်ထားရင်းက
"ခနနေအူးမင်းကိုပြီးမှ ဖြုတ်ဂွေးစိကျွေးမယ်"
ဇေယျထရပ် လိုက်ရင်း ထိုင်လျက်ဖြစ်နေတဲ့သူရဲ့ ခေ့င်းကို ဒူးနဲ့ ပစ်တိုက်တာမို့ ပစ်လဲကျသွားချိန်မှာ ထပ်ဝင်လာတဲ့ လူနှစ်ယောက်ကို ရှောင်ထွက်ခါ နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ရဲ့ ဗိုက်ထဲကို လက်သီးစုံလိုက် ပစ်ထည့်လိုက်ပါတယ်။
အားနဲ့ စောင့်ခါထိုးလိုက်ပြီး လူကဒူးထောက်လျက်သား ဖြစ်သွားချိန်မှာ နံကြားကို ဝင်လာတဲ့ ခြေထောက်တစ်ဖက်ကို ရှောင်ချိန်မရတော့ပဲ အွတ်ခနဲ မြည်ကာ ဘေးကို ပစ်လဲကျသွားပါတော့တယ်။
ထူးမြတ် စိုးရိမ်ကြီးစွာနဲ့ ကြည့်နေမိသလို လူကလဲ ဝင်ပါချင်နေပြီ။ ကိုဇေရဲ့ စကားကိုလဲ မပါယ်ရှားဝံ့ပေ။ အခြေအနေ မလှရင်တော့ ဘာပဲဖြစ်ဖြစ် ဝင်ချတော့မှာ။
ဇေယျ လဲကျသွားလျက်ကပင် လက်နှစ်ဖက်ကို မြေမှာထောက်ရင်းက နောက်တစ်ယောက်ကို ခြေနဲ့ ပက်လိုက်ပြီး ကုန်းထလိုက်ပါတော့တယ်။
"ကိုဇေ သတိထား"
ထူးမြတ်လှမ်းအော် ပြောလိုက်ချိန်မှာ ထူးမြတ်အနားကို လူနှစ်ယောက်ကပ်လာတာမို့ သတိအနေအထားနဲ့ နောက်တစ်လှမ်းဆုတ်ခါ ရင်ဆိုင်လိုက်ပါတယ်။
ဇေယျ အနားကလူတွေ မှောက်သွားကြပေမယ့် ခုနက လူတစ်ယောက်ကတော့ နာနေတဲ့ကြားကပဲ အသည်းအသံ အံတုတိုက်ခိုက်နေဆဲ။
ထူးမြတ် သူ့နားက နှစ်ယောက်ကို ဖြိုပြီးချိန်မှာ ဇေယျ ကိုလှမ်းကြည့်လိုက်တော့ ဇေယျက တစ်ဖက်က ခပ်ကြီးကြီး အကောင်ရဲ့ လည်ပင်းကို ခြေတစ်ဖက်နဲ့ နင်းထားရင်း မျက်နှာက ခြွေးတွေကို လက်ပြန်နဲ့ သုတ်နေတာတွေ့ လိုက်တာမို့ သက်ပြင်းကို အသာချလိုက် ပါတော့တယ်။
ဇေယျသူ့ ခါးပတ်က်ုကျော်ကာ ဘောင်းဘီအတွင်းထဲက်ု လက်ကောက်ဝတ်လောက်အထိ ထိုးထည့်လိုက်ပြီး လဲကျနေတဲ့ သူနားမှာ ဒူးထောက်ချလိုက်ပါတယ်။
ပြီးတော့ လက်ကို ထုတ်လိုက်ပြီး တဖက်လူရဲ့ မျက်နှာ ကို အသာပွတ်ချလိုက်ပြီး
"ဖြုတ်ဂွေးစိ အနံ့လေးခံကြည့်ပေါ့ကွာ ကျန်တဲ့ကောင် တွေကိုလဲ ပြောထားလိုက် မင်းတို့အကုန်လုံးကို ရှင်းပြီးမှ ငါ ဒီနယ်က ပြန်မယ်လို့ ဟုတ်ပြီလား"
"ထွီ"
"ဖြောင်း"
ဇေယျ စကားဆုံးတာနဲ့ တစ်ဖက်ကလူက တံတွေးကို ထွေးထုတ်လိုက်သလို ဇေယျရဲ့ လက်ဖဝါးကလဲ သူ့မျက်နှာပေါ် တပြိုင်ထဲ ကျပြီးသွား ဖြစ်သွားပါတော့တယ်။ ထူးမြတ် ကျေနပ်စွာ ပြုံးလိုက်မိပါတယ်။
ဇေယျ ဆိုင်ကယ်ပေါ်တက်လိုက်တာနဲ့ ထူးမြတ်လဲ နောက်နေ ခွထိုင်လိုက်ပါတယ်။ ဇေယျ ဆိုင်ကယ်ကို စက်နှိုးလိုက်ချိန်မှာ ထူးဖြတ်က ဇေယျလက်မောင်းကို ကိုင်ခါ မသိမသာလေး ဖြစ်ညှုစ်လိုက်တာကို သတိထား မိတာမို့ ဇေယျ အသာလေး ပြုံးလိုက်ရင်း ဆိုင်ကယ်ကို မောင်းထွက်ခဲ့ပါတော့တယ်။

တိမ်လွှာ ထိုးတဲ့ စီးခြင်း။Onde histórias criam vida. Descubra agora