အပိုင်း (၅)

4.3K 161 5
                                    

တိမ်လွှာ ထိုးတဲ့ စီးချင်း (၅)

စားပွဲထိုးလေးနောက်လိုက်လာတော့ အပေါ်ထပ် အခန်း တစ်ခန်းကို ရောက်လာပါတယ်။ အခန်းထဲဝင်တာနဲ့ ဇေယျဖက်ကို မျက်နှာ မူပြီးထိုင်နေတဲ့ သစ္စာကို တန်းပြီး တွေ့ရပါတော့တယ်။
အခန်းက အထဲမှာ အတော်ခမ်းခမ်းနားနား ပြင်ဆင်ထားပြီး ဂျပန်စတိုင် ဖွဲ့စည်းထားပုံလေးက ချစ်စဖွယ် ကောင်းနေပေမယ့် အနီရောင်ကို ဦးစားပေးထားပြီး မီးရောင်ဝါကျင့်ကျင့်လေးတွေ ကြောင့် သစ္စာနီကို ပိုပြီး တောက်ပနေစေသလိုပါပဲ။
ဇေယျ ဝင်လိုက်တာနဲ့ အခန်းတံခါးကို အပြင်ကနေ လော့ချလိုက်သံ ကြားရပါတယ်။ ဇေယျ စားပွဲမှာ ဝင်ထိုင် လိုက်ပြီး သစ္စာနီကို စကားပြောမလို့ ပြင်လိုက်တုန်းမှာပဲ သစ္စာက လက်တစ်ဖက်ကို ထောင်ပြခါ ရပ်တန့်စေလိုက်ပါရဲ့။
ပြီးတော့မှ ဇေယျကို သေချာ စိုက်ကြည့်ရင်းက
"မင်း ဒီကနေ အမြန်ဆုံး ထွက်သွားတော့ ဟိန်းဇေယျ"
ဇေယျ နှတ်ခမ်းတစ်ဖက်ကို ကွေးအောင် ပြုံးလိုက်ရင်း
"ငါ့တာဝန်မပြီးမချင်း ငါလုံးဝ ပြန်မှာ မဟုတ်ဘူး"
သစ္စာ မျက်မှောင်ကျုတ်လိုက်ခါ
"မင်း သိပ်မိုက်နေပါလား ဟိန်းဇေယျ မင်းကို ငါက သေမှာစိုးလို့ သတိပေးနေတာကွ"
"ဟဟ ဒီအလုပ်ကို လက်ခံထဲက ငါ့အသက်ကို ငါမေ့ပစ် ထားပြီးသား သစ္စာနီ"
"မင်း တစ်ယောက်ထဲ မဟုတ်ဘူးဆိုရင်ကော"
ဇေယျ မျက်လုံးတွေ မှေးဆင်းသွားခါ သစ္စာနီကို ကြည့် လိုက်ပြီး ရုတ်တရက် ဝုန်းခနဲ ထခါ သစ္စာနဲ့ လည်ပင်း ကို လှမ်းညှုစ်လိုက်ပါတယ်။ သစ္စာနောက်ကို လန်ကျ သွားခါ ဇေယျက အပေါ်က မိုးလျက်သား အနေအထား။
"ငါ့ မေမေ တစ်ခုခုဖြစ်ရင် မင်းတို့ တစ်ဖွဲ့လုံးကို ပြာချ ပစ်မယ် သစ္စာနီ"
လည်ပင်း အစ်နေတဲ့ ကြားက သစ္စာနီ လက်တွေက ဟိန်းဇေယျ လက်ကို အပေါ်က အုပ်ကိုင်ထားရင်း ပြုံး လိုက်တာတွေ့ရပါတယ်။
"မင်း ငါပြောတာ ကြားလား"
သစ္စာ ပုခုံးကို တွန့်ြ့ပရင်း ဇေယျရဲ့ လက်ကို လက်ညှိုးထိုး ပြလိုက်တော့မှ ဇေယျ ညှုစ်ထားတဲ့ လက်ကို လျော့ ပေးလိုက်ပါတယ်။
"မင်း ကိုငါ သတိပေးနေတယ်လေ အချိန်မရှိတော့ဘူး ဟိန်းဇေယျ"
"ငါ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး သစ္စာနီ"
ရုတ်တရက် ဖျတ်ခနဲ ဇေယျရဲ့ တံတောင်စစ်ကွေးနေရာကို သစ္စာဖြတ်ရိုက်ချလိုက်ပြီး လက်တစ်ဖက်ကလဲ ဇေယျ လည်ပင်းကို ဖမ်းညှုစ်ခါ ဆွဲလှည့်လိုက်ပါတယ်။ အခုတော့ ဇေယျ က အောက်က ပြန်ဖြစ်သွားပြန်တာပေါ့။
"မင်း ကို ငါမသေစေချင်ဘူး ဟိန်းဇေယျ"
အသံတို့ ရုတ်တရက် တိတ်ဆိတ်သွားသလို မှိန်ပြပြ မီးရောင်အောက်မှာ စူးရှတဲ့ မျက်လုံးနှစ်စုံ အကြည့်ချင်း ပြိုင်လို့နေပါတယ်။
မျက်ဝန်းအိမ်က အရောင်တို့က တလက်လက် တရိပ်ရိပ် ပြေးလွှားစော့ကစားရင်း သံစဉ်မဲ့ ဘာသာစကားတွေကို ကခုန်ဖော်ကြူးနေလေရဲ့။
ဟိန်းဇေယျ မျက်လဲုးတွေကို မှိတ်ချလိုက်ပြီး စကားပြန် ပြောဖို့ နှတ်ခမ်း အဟမှာ စကားလုံးတို့ တဖန် ဆိတ်သုန်း ကုန်ပြန်လေပါရော။ နူးညံ့တဲ့အထိအတွေ့ ပြင်းရှတဲ့ ရနံ့တွေနဲ့ အတူ မျက်ခွံတွေ လေးလံကျခါ အာရုဏ်တို့က ထိုနေရာမှာသာ စုစည်းလေကုန်ရဲ့။
စက္ကန့်ကနေ မိနစ်ကို ကူးလို့ တစ်မိနစ်အကျော်မှာ
"ဝုန်း"
ဇေယျ စောင့်တွန်းလိုက်တာမို့ သစ္စာနောက်ကို လန်ခါ ကျသွား ပါတော့တယ်။ ဇေယျ သူ့ကို လှမ်းကြည့်တော့ သူ့မျက်လုံးတွေက ပကတိ ရန်လိုခြင်းကင်းစွာနဲ့ တစ်စုံတစ်ရာကို ငံ့လင့်နေတာ မြင်လိုက် ရပါတယ်။
ဇေယျ မျက်နှာလွှဲလိုက်ရင်း ခေါင်းကို အသာခါယမ်းလိုက် မိပါတယ်။
မဖြစ်သင့်ဘူး။ မဖြစ်ရဘူး။ တီရှပ်အဖြူလေးဝတ်ထား တဲ့ ဇေယျရဲ့ လက်မောင်းသားတွေကို ညင်သာစွာ ပွတ်တိုက်လာတဲ့ လက်တစ်ဖက်။ ဇေယျ အံကို တင်းနေအောင် ကျိတ်ထား လိုက်မိပါတယ်။
"ဒီအခန်းထဲကနေ ထွက်သွားတာနဲ့ ငါတို့ရဲ့ ပုံမှန်ဘဝ ကို ငါတို့ ပြန်သွားရတော့မယ် ဇေယျ ငါတို့နောက်ထပ် ဒီလို နှစ်ယောက်ထဲ တွေ့ဖို့ ဆိုတာ..."
သစ္စာနီ စကားပင် မဆုံးလိုက်ပါ။ ဇေယျ သစ္စာနီကို သိုင်းဖက်ခါ တင်းနေအောင် ညှုစ်ထား လိုက်မိပါတော့တယ်။ သူတို့လက်တွေ တရွေ့ရွေ့ လှုပ်ရှား လာပါတယ်။ အဲဒိ့ လက်တွေထဲမှာ ချစ်ခြင်းရဲ့ အမြင့်ဆုံး အားအင်တွေ၊ ကြိုသိနေတဲ့ ခွဲခွါခြင်းအတွက် စိုးရွံမှုတွေ၊ ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ ချစ်ခြင်းရဲ့ ချိုမြိန်မှုတွေ ရောထွေးလို့ နေပါတော့တယ်။
"ဂလုံး ခလွမ်း"
သစ္စာနီ က ဇေယျကို ဘေးဖက်ကို ဆွဲလှဲချလိုက်တာ စားပွဲ အသေးလေးနဲ့ မလွတ်ပဲ စားပွဲပေါ်က ရေခွက်တွေ ပြုတ်ကျခါ ကွဲကုန်လေရဲ့။
ဟင့်အင်း စိတ်မဝင်စားသလို လှည့်ပင်မကြည့်အား။ ဇေယျ ရဲ့ အကြောတွေ ထောင်ထနေတဲ့ လည်တိုင်သွယ်သွယ်မှာ သစ္စာရဲ့ မုတ်ဆိတ်ကျင်ဆွယ်တွေ ပွတ်ပြေးလွှား စော့ကစားနေပြန်ပါရော။
သစ္စာရဲ့ လက်တွေက ကျစ်လစ်တောင့်တင်းတဲ့ ဇေယျ ရဲ့ ဗိုက်သားတွေကို အင်္ကျီ အတွင်းထဲနှိုက်ခါ ပွတ်သတ်နေမိသလို၊ ဇေယျ လက်တွေကလဲ သစ္စာရဲ့ စွပ်ကျယ် အင်္ကျီလေးကို ဆွဲတင်ခါ ကျောပြင်ကျယ်ကြီးကို ပွတ်သပ်လျက်။ နံရံအထက်က ရဲရဲနီနေတဲ့ ပန်းပွင့်လေးတွေက ရှက်သွေးများဖြာနေသယောင်။
ရင်ဘတ်ထဲက ရင်ခုန်သံတွေ မဆိုထားနဲ့ နှာခေါင်းဖျားက ဝင်သက်ထွက်သက်တွေပင် ဒေါသမာန်ပြင်းပြ နေတဲ့ နွားရိုင်း တစ်ကောင်မလား။
ဇေယျ လက်တွေက သစ္စာရဲ့ ခေါင်းကို မတင်လိုက်ခါ ငတ်မွတ်စွာသော အနမ်းတို့ကို ပါဒပြင်ပေါ်မှာ ပွင့်အာ ကျစေပါတယ်။ ပါးနှစ်ခု ကပ်ခါ ပွတ်လိုက်တိုင်း ဆန့် တက်လာတဲ့ လည်တိုင်တို့က မြောလွင့်နေတဲ့ တိမ်တွေလို။
"မင်းကို ငါချစ်တယ် ဇေယျ ဟင်း ငါမင်းကို အရမ်း ချစ်တယ် ဟင်း ဟင်း"
ဇေယျ နားရွက်နားကိုကပ်ခါ ပြောလာတဲ့ သစ္စာရဲ့ အသံတို့က လှိုက်မော တုန်ရီလျက်။ ဇေယျ အောက်နှတ်ခမ်းရဲ့ အစွန်းတစ်ဖက်ကို ဖိခါ ကိုက်ထားလိုက်ပါတယ်။
"ချစ်တယ် ဇေယျ"
ပါးစပ်က ပြောသလို လက်ကလဲ ဇေယျရဲ့ တီရှပ်လေးကို မလှန်ခါ ဆွဲချွတ်လိုက်ပါတယ်။ သစ္စာ ကြောင့် ဇေယျရဲ့ ကျစ်လစ်ပြီး ဖြူဖွေးနေတဲ့ ခန္ဓာကိုယ်လေး ထင်းခနဲ ပေါ်လာသလို ဇေယျ ကလဲ သစ္စာရဲ့ စွပ်ကျယ်ကို မခါ သစ္စာခေါင်းပေါ်ကို ကျော်ပြီး စွပ်ထားလိုက် ပြန်ပါတယ်။
သစ္စာရဲ့ ရင်ပြင်ကျယ်ကြီးထဲမှာ ဇေယျရဲ့ ခန္ဓာကိုယ် လေးလွန့်လူးနေတာက ခြင်္သေ့ကြီးရဲ့ရင်ခွင်မှာ ပျော်ပါးစွာကစားနေတဲ့ ယုန်ငယ်လေး တစ်ကောင်လို။
သစ္စာရဲ့ လက်က ဇေယျ ကျောပေါ်မှ ဆင်းခါ ဘောင်းဘီ နား အရောက် မာကျောသော သတ္တုတစ်ခုကို စမ်း လိုက်မိပါတော့တယ်။
သစ္စာ ဖျတ်ခနဲ ဆွဲထုတ်လိုက်ချိန်မှာ သစ္စာရဲ့ ခါးကြားက ပစ္စတိုလေးကလဲ ဇေယျ လက်ထဲမှာ တပြိုင်နက်ထဲ ပါသွားပြီးသား ဖြစ်လို့နေပါတော့တယ်။ သစ္စာက ဇေယျရဲ့ ပါးပြင်ကို သေနတ်နဲ့ ပွတ်ရင်းက ဇေယျကို စိုက်ကြည့်နေပါတယ်။ ဇေယျကလဲ သစ္စာရဲ့ သေနတ်နဲ့ သစ္စာရဲ့ ရင်ညွန့်ကနေ ဆီးစပ်ထိ အထပ်အောက် စုတ်ဆန်ခါ ဖိကပ်ပွတ်ဆွဲလျက်။
"ဝုန်း"
"ဖျောက် ဖျောက်"
ဝုန်းခနဲ တံခါးပွင့်သွားချိန်မှာတော့ နှစ်ဦးသား သေနတ် မောင်းကို ဆွဲခါ အခန်းဝသို့ ချိန်ပြီး လျက်သား ဖြစ်သွားပါတော့တယ်။ အခန်းဝမှာ သူတို့ကို သေနတ်နဲ့ ချိန်ခါ ရပ်နေသူက ထူးမြတ်စံ။

တိမ်လွှာ ထိုးတဲ့ စီးခြင်း။Onde histórias criam vida. Descubra agora