တိမ်လွှာ ထိုးတဲ့ စီးချင်း (၄)
ရောက်လာတာမှ (၁) ပတ် ကျော် လေးပဲ ရှိသေးတယ်။ စွာပြန်လိုက်တာတွေ မရပ်မနား။ မနေ့က သူ့ဆိုင် ထဲ ဝင်မွှေသွားတာကိုတော့ အတော်လေး တင်းသွား ရပါတယ်။ ဒီကောင် တော်တော် အနေမတက် အထိုင်မတက်တာပဲ။ ဒီပုံအတိုင်းဆို ဒီကောင် သူတို့ စခန်းကို မကြာခင် အချိန်မှာရောက်လာတော့မှာ သေချာသလောက် ရှိနေပါတယ်။
ဇေယျ ... ဇေယျ မင်း က တကယ့် ပြသနာပဲ။ စိတ်ထဲမှာ ဒေါသတွေ တလိပ်လိပ် ထနေတဲ့ ကြားက ဟိန်းဇေယျ ရဲ့ မျက်နှာကို မြင်ယောင်မိပြန်ပါတယ်။ ရင်ထဲက ဒေါသတွေ သူ့မျက်နှာမြင်ယောင်တဲ့ အခိုက်မှာ အားလုံးက ပြေလျော့လို့ သွားရပြန်ပါတယ်။
ဟူးးးးး ပြသနာပဲ။ တစ်သက်လုံးက လူမိုက်လုပ်လာပြီး ဘယ်တော့မှ လက်မတွန့်တက်တဲ့ သစ္စာနီ။ သတ်ရဲဖြတ်ရဲ လက်မတွန့်သလို အတိုက်အခိုက်ဆိုလဲ အင်မတန် ထူးချွန်ခဲ့တဲ့ သစ္စာနီ။ ဒီတစ်ခါတော့ ဟိန်းဇေယျ အရှေ့မှာ ဒူးထောက်ရတော့မလား ဆိုတာ ကိုကိုယ်တိုင်ပင် မတွေးတက်အောင် ဖြစ်လို့ နေပါတော့တယ်။ တကယ်ပဲ ကိုယ်ကိုတိုင်က လိင်တူချင်း စိတ်ဝင်စားတက်တာ ကို့ဖာကိုသိပေမယ့် အမြဲတမ်း ဖြေသိမ့်နေ နိုင် ခဲ့တယ်။ တရုတ်ပြည်တို့ ဘန်ကောက်တို့ ရောက်ရင် အခကြေးငွေနဲ့ ကြေးစားတွေငှားခါ ပျော်ပါခဲ့ဖူးတယ်။ ဒါပေမယ့် အချစ်ဆိုတာကို တစ်ခါမှ မတွေးဖူးသလို လိုချင်တပ်မက်မှုလဲ မရှိခဲ့ပါဘူး။
အခု တစ်ခါတော့ သူအချစ်ဆိုတာကို တွေ့ရှိသွားတာ များလား? မဖြစ်နိုင်ဘူး။ သူနဲ့ ဟိန်းဇေယျ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ လူနှစ်ယောက်။ ဟိန်းဇေယျက အဖြူ၊ သူက အမဲ။ ဟိန်းဇေယျက အလင်းရောင်မှာ တောက်ပ နေသလို သူကလဲ အမှောင်မှာ အုပ်စိုးနေတဲ့ သူ။ တကယ်က သူတို့ဟာ ရန်သူတော်တွေ။
"ဗိုလ်သစ် ဆရာကြီး ဒီဖက်ကို လာနေပြီလို့ လှမ်းပြောတယ်"
"ဟင် ငါ့ကိုလဲ ဖုန်းမဆက်ပါလား"
သစ္စာနီ ဖုန်းကိုထုတ်ခါ ဒယ်ဒီ့စီ ဖုန်းခေါ် လိုက်ပါတော့ တယ်။ ဒယ်ဒီဆိုတာ ဒီလုပ်ငန်းတွေ အားလုံးရဲ့ အရှင်သခင်ကြီးပေါ့။ သူ့ရဲ့ မွေးစား အဖေ။
ဖုန်းက ဆက်သွယ်မှု ဧရိယာ ပြင်ပတဲ့။
"သူဘာနဲ့ လာတာလဲ ဇော်ဒိန်"
"ကားနဲ့တဲ့ မနက် အစော (၅) နာရီလောက်ထဲက ထွက် လာတာလို့ ပြောတယ် ဗိုလ်သစ်"
"ဒါဆို ရောက်တော့မှာပဲ မင်းတို့ ပြင်စရာရှိတာ ပြင်ထား စခန်းကို အခုသွားမယ် ပုံမှန်ထက်ပိုပြီး ဂရုစိုက်"
"ဟုတ်ကဲ့ ဗိုလ်သစ်"
သစ္စာနီ ချက်ခြင်းပဲ ခရီးဆောင်အိတ်ထဲကို လိုအပ်တာတွေ ထည့်လိုက်ပါတော့တယ်။ ပစ္စတို တစ်လက်ကို ခါးကြားမှာ ထိုးလိုက်သလို ကျည်ကပ် နှစ်ကဒ်ကို ဘောင်းဘီမိပ်ကပ်ထဲ ထိုးထည့်လိုက်ပါတယ်။
အိတ်ထဲမှာလဲ သေနတ် (၃) လက်နဲ့ အဝတ်အစား နှစ်စုံ။ အားလုံးပြီးတာနဲ့ အခန်းထဲက ထွက်ခါ အသင့်ရပ် ထားတဲ့ ကားပေါ်ကို တက်လိုက်ပါတော့တယ်။
သစ္စာနီ တက်ပြီးတာနဲ့ ကားက ဝေါခနဲ မောင်း ထွက် သွားပါတော့တယ်။ စုစုပေါင်း ကား (၄)စီး။
YOU ARE READING
တိမ်လွှာ ထိုးတဲ့ စီးခြင်း။
Actionလူဆိုးတစ်ယောက်နဲ့ ရဲဝန်ထမ်းတစ်ဦး တို့ကြားက စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း။ (Zawgyi & Unicode)