အပိုင်း (၆)

3.9K 139 0
                                    

တိမ်လွှာ ထိုးတဲ့ စီးချင်း (၆)

"တီ----တီ----တီ"
ဘေးနားကပ်ခါ တီးလိုက်တဲ့ ဆိုင်ကယ်ဟွန်းသံကြောင့် ထူးမြတ် လန့်သွားကာ ဘေးကို ခုန်ရှောင်ပြီး ကြည့်လိုက်တော့ ကိုဇေ ဖြစ်နေလေရဲ့။ ချက်ခြင်း မျက်နှာကို ပြန်လွှဲလိုက်စဉ်မှာပဲ
"ဆိုင်ကယ်ပေါ်တက် ထူးမြတ် သေနတ်ကို ပြန်သိမ်း ထားပါ"
အခုမှ လက်ထဲမှာ သေနတ်ကို ကိုင်လျက်သား ဖြစ်နေ တာ သတိထားလိုက်မိပါတယ်။ သေနတ်ကို ခါးကြားထဲ ပြန်ထိုးလိုက်ပြီး ဆိုင်ကယ်ပေါ်တက်ဖို့ တွေဝေ နေတုန်းမှာ ကိုဇေက
"မင်း ကို ဆိုင်ကယ်ပေါ်တက်လို့ ငါပြောနေတယ်လေ ထူးမြတ်"
ထူးမြတ် ဆိုင်ကယ်ပေါ် ဇေယျ နောက်ကနေ တက်ခွ လိုက်တာနဲ့ ဇေယျ ဆိုင်ကယ်လေး မောင်းထွက်လို့ သွားပါတော့တယ်။
ဆိုင်ကယ်ကို စခန်းထဲ ပြန်မောင်းလာပြီး အဆောင် ကို ရောက်တော့ ထူးမြတ်က ဆိုင်ကယ် ပေါ်ကနေ ဆင်းခါ သူ့အခန်းထဲကို တန်းဝင်သွားပါတယ်။ ဆိုင်ကယ် ထောက်ထားပြီး ဇေယျ နောက်ကနေ လိုက်လာတော့ ထူးမြတ်က သူ့အခန်းထဲမှာ ငူငူကြီး ထိုင်လို့နေပါတယ်။
"ငါ့ အခန်းကို လာခဲ့ ထူးမြတ်"
ထူးမြတ် ဆတ်ခနဲ ဇေယျကို လှည့်ကြည့်လိုက်တာ အကြည့်တွေက စူးရဲ လို့နေပါတယ်။
ဇေယျ ထူးမြတ် အခန်းရှေ့ကနေ လှည့်ထွက်လာပြီး သူ့ အခန်းထဲ ဝင်ခါ ဂျင်းဘောင်းဘီကို ဆွဲချွတ်ချ လိုက် ပါတော့တယ်။ အောက်မှာ ပေါင်အလည်လောက် ထိရှည်တဲ့ ချည်သား အတွင်းခံဘောင်းဘီ တိုလေးနဲ့။ အပေါ်က တီရှပ်ကို လှန်ခါ ချွတ်နေစဉ်မှာပဲ ထူးမြတ် အခန်းထဲ ဝင်လာတဲ့ အသံကို ကြားတာမို့ လှည့်ကြည့်မနေတော့ပဲ
"အခန်းတံခါး ပြန်ပိတ်လိုက် ထူးမြတ်"
ထူးမြတ်စီက သာအသံမှ မကြားရပေမယ့် အခန်းတံခါး လော့ပြန်ချလိုက်သံကို ကြားရပါတယ်။ ဇေယျ ချွတ်လိုက်တဲ့ အင်္ကျီ ကို ကုတင်ပေါ်အားနဲ့ ဘုန်းခနဲ မြည်အောင် ပစ်ပေါက်လိုက်တာမို့ ထူးမြတ် ဆတ်ခနဲ တုန်ခါ လန့်လို့ သွားရပါတော့တယ်။
ဇေယျ ထူးမြတ်ဖက်ကို လှည့်လာပြီး
"ပြော မင်း စိတ်ထဲမှာ ရှိတာတွေကို အားမနာတမ်းပြောစမ်း ထူးမြတ် မင်း ခုနက ငါ့ကိုတွေ့သွားတယ် အေး အဲဒါ ငါ့သရုပ်အမှန်ပဲ ငါယောက်ျားချင်း ကြိုက်တယ် အဲဒိ့ထဲကမှ ငါလုံးဝ မချစ်သင့်တဲ့သူကို ငါချစ်မိသွားတယ် ဒါပေမယ့် မင်းစိတ်ချ ဒီစစ်ဆင်ရေးကို ငါအောင်မြင် အောင်လုပ်သွားမယ်"
"----"
ထူးမြတ် ဇေယျကို တွေဝေစွာ ငေးကြည့်နေရင်းက မျက်ရည်တို့ တလိမ့်လိမ့် ကျဆင်းလို့ လာပါတော့တယ်။ ထူးမြတ်ရဲ့ လက်မောင်းတွေကို ဇေယျ စုပ်ကိုင် ညှုစ်ခါ လှုပ်ရမ်းလိုက်ပြီး
"မင်း ပြောစမ်းပါ ထူးမြတ် မင်းငါ့ကို အခြောက်လို့ ပြောချင်လား ပြောလိုက် ခေါ်ချင်လား ခေါ်လိုက် အေး ဒါပေမယ့် ငါ တင်မကဘူး ငါ့ နှလုံးသားကပါ ငါ့အလုပ် ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး မင်းယုံလိုက်"
"တော်ပါတော့ တော်ပါတော့ဗျာ ကျနော် ခများကို လေးစားတယ် ယုံကြည်တယ် အားကိုတယ် ကုန်ကုန်ပြောရရင် ခများက ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပဲ ခများ ဘယ်တော့မှ သစ္စာဖောက်မယ့်သူ မဟုတ်ဘူးဆိုတာလဲ ယုံတယ် ခများကိုလဲ အခြောက်လို့ မခေါ်နိုင်သလို ကျနော်လဲ အခြောက်မဟုတ်ဘူး ဒါပေမယ့် ကျနော်လဲ ခများကို --- ခများကို --- ဟာဗျာ တော်ပါတော့ တော်လိုက်ပါတော့ ကိုဇေ ဒီကိစ္စတွေ မေ့ပစ်လိုက်ကြရအောင်ပါ ကျနော်တို့ အတွက် အရေးကြီးတဲ့ အချိန်မှာ ကျနော် တို့ စိတ်တွေကို ရှင်းထားရအောင်ဗျာ"
အားနဲ့ ပါးနဲ့ ပြောပြီး သတိစွဲကာ အလေးပြုလိုက်တဲ့ ထူးမြတ်ကို ဖက်ရင်းက ဇေယျ ငိုချလိုက်မ်ပါတော့တယ်။ ထူးမြတ်လဲ မျက်ရည်တွေ ကျနေမိတယ်လေ။
ဇေယျ မျက်ရည်ကျတာက သူ့ကိုယ်သူ သိမ်ငယ်သွားလို့ ဖြစ်သလို ထူးမြတ်ကျတဲ့ မျက်ရည်က ဆုံးရှုံး လစ်ဟာ သွားတဲ့ နှလုံးသား တစ်ခု အတွက်ပဲပေါ့။
ထူးမြတ်ရဲ့ ကျောကို ပုတ်လိုက်ခါ ဇေယျ လူချင်း ခွါလိုက်ပြီး
"ငါရေချိုးလိုက်ဦးမယ် ထူးမြတ် မင်း ရုံးကိုသွား လိုတာတွေ ပြင်ဆင်ပြီးမပြီး တစ်ချက်သွားကြည့်လိုက် ပြီးရင် ၅ နာရီမှာ အားလုံးလူစုမယ် လို့သေချာမှာခဲ့"
"ဟုတ်ကိုဇေ"

တိမ်လွှာ ထိုးတဲ့ စီးခြင်း။Where stories live. Discover now