Part 1

583 32 9
                                    

ထန်မင်းဆက်၏ ဘုရင်ထိုက်ဂျုံကို စစ်နတ်ဘုရားဟု ခေါ်ကြသည်။ သူသည် ဂိုဂုလျောအား ကျူးကျော်သိမ်းပိုက်ရန် စစ်သည်၂သိန်းကို ဦးဆောင်ခဲ့သည်။ ဂိုဂုလျော၏ ခံတပ်မြောက်များစွာသည် ထိုက်ဂျုံ၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ဂိုဂုလျော၏ စစ်သေနာပတိဖြစ်သူ ယောင်းဂယ်ဆိုမွန်သည် ထိုက်ဂျုံကို ရင်ဆိုင်ရန်အတွက် စစ်သည်တစ်သိန်းခွဲကို ဂျူဖီတောင်သို့ စေလွှတ်လိုက်သည်။

××××××××××××××××××××××××××××××××

#ဂျူဖီတောင် စစ်မြေပြင်

"ရား ရား" "ရား ရား"

မြင်းထောင်ပေါင်းများစွာရဲ့ ဟီသံနှင့်အတူ မြင်းပေါ်မှ စစ်သူရဲကောင်းတို့ရဲ့ ညာသံပေးအော်ဟစ်သံတို့က တိတ်ဆိတ်ပြီး အိပ်မောကျနေတဲ့ ဂျူဖီတောင်ကို အထိတ်တလန့် လှုပ်နိုးလိုက်သကဲ့သို့ ရှိ၏။

"စစ်သည်တွေ တစ်ယောက်မှ မကျန်ခဲ့စေနဲ့"

အော်မြင်ခန့်ညားတဲ့ အော်ဟစ်လှုံ့ဆော်သံနှင့်အတူ  စစ်သည် ၁သိန်းခွဲကို ဦးဆောင်ပြီး ရှေ့ဆုံးမှ သွားနေသူသည် အဖြူရောင် အောက်ခံဝတ်စုံပေါ်မှာ စစ်ဝတ်တန်ဆာဖြစ်တဲ့ သံချပ်ကာကို ထပ်ဝတ်ထားပြီး ခါးမှာ ဓားရှည်တစ်ချောင်းကို ချိတ်ထားသည်။ လက်နှစ်ဖက်လုံးက မြင်းဇက်ကြိုးကို သေချာဆုပ်ကိုင်ထားသည်မှာ လက်ဖမိုးမှ အကြောစိမ်းများပင် ထင်းနေသည်။ တိုက်ပွဲပေါင်းများစွာကို အတွေ့အကြုံရှိသူတစ်ဦး၏ သင်္ကေတများအဖြစ် နေလောင်ကွက်ရာ  ညိုညစ်ညစ်တို့က မျက်နှာတွင် နေရာယူထားသော်လည်း ထိုအရာတို့က လူရွယ်၏ ငယ်ရွယ်နုပျိုမှုဟန်ပန်ကို မတားစီးနိုင်။ နုပျိုချောမောခြင်း၊ ရင့်ကျက်တည်ငြိမ်ခြင်းနှင့် ရဲရင့်ပြတ်သားခြင်းတို့ အချိုးတူပေါင်းစပ်ထားသည့် ထိုလူရွယ်မှာ တခြားမဟုတ်။ ဂိုဂုလျော၏ စစ်သူကြီးယောင်းဂယ် အားထားရသည့် မြင်းစီးစစ်သည် "ဆာမူ" ပင်။

"ပစ်"  ဘုရင်ထိုက်ဂျူံ၏ အမိန်ပေးသံအဆုံး မြားပစ်စစ်သည်တို့အတွက် အချက်ပေး ခရာသံထွက်လာသည်။ ၂သိန်းသော စစ်သည်တို့ အမိန့်တစ်ခုထဲအောက်မှာ တစ်ပြေးညီ လှုပ်ရှားမှုရှိစေဖို့ အချက်ပေးခရာသံက အခရာကျ၏။ ခရာသံအဆုံးမှာ မြားပစ်စစ်သည်တို့ တုန့်ဆိုင်းမှုမရှိ လေးတင်ပြီး မျှားပေါင်းများစွာ ပစ်ခွင်းကြသည်။ "ရပ်" ဟု အမိန့်မရမချင်း ဆက်တိုက်ပစ်လွတ်နေသည့် အတွက် ဂျူဖီတောင်၏ ကောင်းကင်ယံတစ်ခုလုံး မျှားမိုးများ ရွာချနေသကဲ့သို့ ရှိ၏။

Great Battle Where stories live. Discover now