Part 7

99 13 5
                                    

တပ်မှူးအပါအဝင် ဆာမူတို့လေးယောက် ခံတပ်တံတိုင်းပေါ်ကို ရောက်သွားသည့် အချိန်တွင်တော့ သက်ဆိုင်ရာတပ်မှူးများနှင့် စစ်သည်များ ရောက်ရှိနေကြပြီ ဖြစ်သည်။ အုပ်ချုပ်ရေးမှူးကို မြင်သည်နှင့် တပ်မှူးတစ်ချို့က အရိုအသေပေးကာ နေရာဖယ်ပေးလိုက်သည်။

"တခြားသူတွေကို မမြင်ပါလား"

ခံတပ်ရှေ့ခပ်လမ်းလမ်းတွင် ရှိနေသော မြင်းစီးစစ်သည် အုပ်စုက ၁၀ ယောက်ထက် မကျော်သည်မို့ ညာလက်ရုံးချူက သံသယစကား ဆိုလိုက်ခြင်း ဖြစ်သည်။

"ရှေ့ပြေးတပ်ပဲ"
"ခံတပ်ကို သတင်းထောက်ဖို့လာတာ"

ညာလက်ရုံးချူ၏ သံသယပါသော အမေးစကားကို အုပ်ချုပ်ရေးမှူးက တွေးတွေးဆဆ နှင့် ပြန်ဖြေလိုက်သည်။ တစ်ဆက်ထဲပင် ဘေးနား ရှိသမျှ လူအားလုံး စိတ်လှုပ်ရှားပူပန်သွားစေမည့် စကားကို ဆိုလိုက်သည်။

"သူတို့ ဒီရောက်လာပြီဆိုတော့ ထိုက်ဂျုံက သိပ်မဝေးတော့ဘူး"

"သူက ထင်ထားတာထက် မြန်မြန်ရောက်လာတာပဲ"

"သူ မြို့တော်ကို သိမ်းဖို့ အလျင်လိုနေတာ"

ဆာမူတို့ ကြည့်နေဆဲမှာပင် ထိုမြင်းစီးအုပ်စုက ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။ သူအုပ်ချုပ်ရေးမှူးမျက်နှာကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ ရှုံးပွဲမရှိသည့် ထိုက်ဂျုံ၏ တပ်မဟာကို အန်ရှီးလို ခံတပ်သေးသေးလေးရဲ့ အုပ်ချုပ်ရေးမှူးက  ဘယ်လိုရင်ဆိုင်ကိုင်တွယ်မလဲ ဆိုတာ သူသိချင်လှသည်။

တင်းမားခြင်းလည်း မရှိသလို စိတ်ပူပင်ခြင်းလည်း ကင်းနေသည့် မျက်နှာထားက လေးနက်မှုကိုသာ မိတ်ဆွေဖွဲ့ထား၍ ဆာမူစိုးရိမ်နေသလို မတိုက်ပဲ အညံ့ခံမည် မဟုတ်ကြောင်း သက်သေပြနေ၏။

"အသင့်ပြင်ထားကြ"

တပ်မှူးအားလုံးကြားအောင် ပြောလိုက်သည့် အုပ်ချုပ်ရေးမှူး၏ လေသံက အလျင်လိုခြင်းကင်းလျက် ပကတိအတိုင်း တည်ငြိမ်လျက်ရှိသည်။

"မကြာခင် ထန်ဘုရင် ရောက်တော့မယ်"

"ဟုတ်ကဲ့"

Great Battle Where stories live. Discover now