နားနောက်နားမှ စပ်ဖျင်းဖျင်းနာကျင်မှုနှင့်အတူ ဆာမူမျက်လုံးတို့ ပွင့်လာရသည်။ ခန္ဒာကိုယ် ဟန်ချက်မညီ ဖြစ်နေမှုကို အာရုံစိုက်ကာ သတိထားကြည့်မိတော့ သူသည် မြင်းတစ်ကောင်ပေါ်မှာ ထိုင်စီးလျက်သား ဖြစ်နေသည်။ သူ့လက်နှစ်ဖက်လုံးကတော့ ကြိုးဖြင့် ကျပ်တည်းစွာ စည်းနှောင်ခြင်း ခံထားရသည်။ သူ သတိရလာပြီး ထွက်ပြေးမှာ စိုး၍ထင်သည်။ သူ့မြင်းဇက်ကြိုးကို ရှေ့မြင်းပေါ်မှ လူက ဆွဲကိုင်ထားသည်။ သူသေချာကြည့်မိတော့ ထိုသူက စစ်သူကြီးယောင်းဂယ်၏ အမိန့်အတိုင်း သူ အသက်နှုတ်ယူရမည့် အန်းရှီး၏ အုပ်ချုပ်ရေးမှူး ယန်မန်းချွန်းပင်။ တနည်းဆိုရသော် ခုနလေးတင်ကမှ သူ့အသက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် ကျေးဇူးရှင်ပင်။
ဆာမူနောက်လှည့်ကြည့်မိတော့ အုပ်ချုပ်ရေးမှူး၏ လူယုံဖြစ်ဟန်တူသူက လှည်းတပ်ဆင်ထားသည့်မြင်းကို ဆွဲလျက် သူ့ကို မကြည်ကြည့်နှင့် ပြန်ကြည့်သည်။ အုပ်ချုပ်ရေးမှူးအမိန့်ကြောင့် ငါ့ကို မသတ်လိုက်ရတာကို မကျေမနပ်ဖြစ်နေပုံရတယ် သူ့ကိုသတိထားရမယ် ဟု ဆာမူစိတ်ထဲမှာ တွေးမိသည်။ လှည်းပေါ်တွင်တော့ ခုနကတွေ့ခဲ့သည့် အဖွားအိုက ပေါက်ကရလေးဆယ် ရေရွတ်လျက် လိုက်ပါလာသည်။
ရှေ့မှ လမ်းမြင်နေရသည်က အန်ရှီးခံတပ်ပင်။ သူငယ်ငယ်တုန်းက မြင်တွေ့နေကြအတိုင်း ပြောင်းလဲမှု သိပ်မရှိသည့် ခံတပ်တံတိုင်းကို ကြည့်ရင်း ဆာမူသက်ပြင်းတို့ အကြိမ်ကြိမ် ချမိသည်။ ခံတပ်အတော်များများ ထိုက်ဂျုံဘုရင်၏ လက်အောက်သို့ ကျရောက်ခဲ့ရပြီးပြီ။ အန်ရှီးခံတပ်သည် သေးငယ်လှသည့်အတွက် ထိုက်ဂျုံ၏ မျက်စိကျခြင်းကို သောစောစီးစီး မခံရ၍ ကံကောင်းသည်ဟု ဆိုရမည်။ သို့ပေမယ့် မြို့တော်ကို သိမ်းပိုက်ဖို့ အန်းရှီးခံတပ်ကို အရင်တိုက်ရမည်ကို ဘုရင်ထိုက်ဂျုံကောင်းစွာ နားလည်လိမ့်မည်။ အကယ်၍ တိုက်ပွဲဖြစ်လာခဲ့လျှင် အန်ရှီးခံတပ်သည် ခဏအတွင်း ကျရှုံးရလိမ့်မည်။ ဒါဆို အုပ်ချုပ်ရေးမှူးယန်မန်းချွန်းကရော ....?
သူဘယ်လိုဖြစ်မှာလဲ ... ?အာာာ ငါဘာတွေ တွေးနေတာလဲ ငါ့တာဝန်က သူ့အသက်ကို နှုတ်ယူဖို့ပဲ။ ပြီးရင် မြို့တော်သွားပြီး ထိုက်ဂျုံဘုရင်တပ်ကို ခုခံဖို့ စစ်သူကြီးနဲ့ သွားပေါင်းရမယ်။ ဒါပဲ ကျန်တာ မတွေးချင်တော့ဘူး။
YOU ARE READING
Great Battle
Historical Fictionအန်းရှီးရဲ့ ကံကြမ္မာတင် မကပါဘူး အုပ်ချုပ်ရေးမှူးရဲ့ ကံကြမ္မာကိုပါ ဝေမျှချင်တာပါ ............. Started Date: 17/Dec/2018 ကိုယ့်ရဲ့ ပထမဆုံးပါ။ လိုအပ်ချက်တွေ အများကြီး ရှိမယ်မှန်း သိပေမယ့် ဒီ bromance လေးကို ကိုယ်သဘောကျလွန်းလို့ ချရေးမိလိုက်တာပါ။ အများကြ...