ခံတပ်အောက်ခြေတွင် အလောင်းကောင်များမှာ မရေမတွက်နိုင်အောင် ပြန့်ကျဲလျက် ရှိသည်။ အန်းစီးသားများမှာ အလောင်းများကို ရွှေ့ပြောင်းစုပုံကာ မီးရှို့နေကြသည်။ ကလေးတချို့မှာလည်း သေဆုံးသူများထံ စိုက်ဝင်ကျန်ခဲ့သည့် များတံများကို ဆွဲနှုတ်ယူကာ စုဆောင်းနေသည်။ ယောက်ျား မိန်းမ ကလေးမကျန် အားလုံး သူ့အာရုံနှင့်သူ ရှိနေသည်မို့ ဆာမူ တစ်လမ်းချင်း ဝင်လာသည်ကို မည်သူမှ သတိမထားမိကြ။ မီးပုံများမှာ ဟိုတစ်စု ဒီတစ်စုနှင့် နေရာခပ်စိတ်စိတ် အနေအထားမှာ ရှိသည်မို့ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မီးရောင်ကြောင့် လင်းထိန်နေသည်။ ဆာမူ ရှေ့ခပ်လမ်းလမ်းမှ ထူးဆန်းသည့် အရိပ်တစ်ခုကြောင့် ခြေလှမ်းတွေ သွက်သွားရသည်။ သိချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မရသည့်အခါမှတော့ ပြေးခြင်းအဆင့်ကို ရောက်၏။ သူမနားတမ်းပြေးလာခဲ့ရာ အစွန်ဆုံးမှာ ရှိနေသည့် မီးပုံနားသို့ပင် ရောက်ရှိလာသည်။ သူ့အနီးနားကို ကြည့်လိုက်တော့ သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမှ မတွေ့ရ။ ဘယ်လိုအရာက သူ့ကို ဒီလောက်အဝေးကြီးထိ ပြေးလာဖို့ တွန်းအားပေးခဲ့ရတာလဲ...။
မီးပုံတစ်ဖက်ခြမ်းမှ လှုပ်ရှားမှုကြောင့် ဆာမူ့အသိစိတ်တို့ ပြန်ကပ်လာရသည်။
"သစ္စာဖောက်ကောင် မင်းငါ့ကို လွန်ဆန်တော့မလို့လား"
ထင်ရှားစွာ မြင်လိုက်ရသည်က စစ်သူကြီးယောင်းဂယ်၏ တင်းမာခက်ထန်နေသော မျက်နှာ။
"အာား"
အသိစိတ်နှင့် ခန္ဓာ တစ်ထပ်ထဲ ကျချိန်မှာတော့ ဆာမူ အိပ်မက်ဆိုးမှ လန့်နိုးလာရသည်။ ချွေးစေးများကလည်း တစ်ကိုယ်လုံး နေရာယူလျက်။ ကိုယ့်အခန်းထဲလည်း ဘယ်လိုပြန်ရောက်နေလဲ မသိ။ သူနောက်ဆုံးမှတ်မိခဲ့တာကတော့ မနေ့ညက အုပ်ချုပ်ရေးမှူးရှေ့တွင် ရှိသမျှ အရက်အိုးအကုန် သောက်ခဲ့မိတာပဲ။ နားထဲတွင်တော့ စစ်သူကြီးယောင်းဂယ် ပြောခဲ့သည့် စကားလုံးတို့က ထပ်ခါထပ်ခါ ပဲ့တင်ထပ်လျက်။ ကုတင်ဘေး စားပွဲပေါ်ရှိ ဓားမြောင်ကတော့ သူ့အား လှောင်ပြောင်လိုဟန် အပြည့်နှင့် ကြည့်နေလေသည်။
YOU ARE READING
Great Battle
Historical Fictionအန်းရှီးရဲ့ ကံကြမ္မာတင် မကပါဘူး အုပ်ချုပ်ရေးမှူးရဲ့ ကံကြမ္မာကိုပါ ဝေမျှချင်တာပါ ............. Started Date: 17/Dec/2018 ကိုယ့်ရဲ့ ပထမဆုံးပါ။ လိုအပ်ချက်တွေ အများကြီး ရှိမယ်မှန်း သိပေမယ့် ဒီ bromance လေးကို ကိုယ်သဘောကျလွန်းလို့ ချရေးမိလိုက်တာပါ။ အများကြ...