Part 11

118 13 0
                                    

သူခံတပ်တံတိုင်းပေါ် ရောက်သည့် အချိန်တွင်တော့ တိုက်ပွဲမှာ စတင်နေလေပြီ ဖြစ်သည်။ အခြေအနေကို ရုတ်တရက် နားမလည်နိုင်ဖြစ်သွားရသည်မို့ ဘာအမိန့်မှ မပေးနိုင်။ ဘုရင် ထိုက်ဂျုံက အချိန်တစ်ခဏထဲနှင့် ဒီလို စစ်သည်မြောက်များစွာကို တင်ဆောင်နိုင်သော လူဝင်မျှော်စင်တွေကို တည်ဆောက်ပြီးစီးခဲ့တာလား။ သူကြည့်နေဆဲမှာပဲ လူဝင်မျှော်စင်များ တံတိုင်းနှင့် အနီးကပ်ဆုံးနေရာသို့ ရောက်ရှိလာပြီး တံတားထိုးချလိုက်ပြီ ဖြစ်သည်။ လူဝင်မျှော်စင်မှ ထန်စစ်သည် မြောက်များစွာသည် တံတားကို ဖြတ်ကာ တံတိုင်းပေါ်သို့ ရောက်ရှိလာပြီး အန်ရှီးစစ်သည်များနှင့် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

"ဒီအတိုင်းဆို ကျွန်တော်တို့ ကျတော့မှာပဲ"

နံဘေးတွင် ရပ်နေသော ချူထံမှ စကားသံ ထွက်လာ၏။

"အဲ့ဒီမျှော်စစ်တွေကို ဖျက်ဆီးရမယ်"

ချူမှာ သူဘာမှ ပြန်မပြောရသေးခင်မှာပင် ပြေးထွက်သွားလေသည်။ သူဘာလုပ်ရမလဲ ??? ဒီ လူဝင်မျှော်စင်တွေကို ဘယ်လို တိုက်ထုတ်ရမလဲ ??? တံတိုင်းပေါ်တွင် အန်းရှီး စစ်သည်များ အရေးနိမ့်နေသည်ကို ကြည့်ရင်း သူ့ခေါင်းမှာ ထူပူလျက် ရှိသည်။

"အုပ်ချုပ်ရေးမှူး"

အနောက်ဘက်မှ ခေါ်သံကြောင့် သူ့အသိစိတ်နှင့် ကိုယ်ကို ပြန်လည်တွဲဆက်ပြီး လှည့်ကြည့်မိလိုက်တော့ အပြေးတစ်ပိုင်းနှင့် အနားရောက်လာသည်က ဆာမူ။ ရုတ်တရက် သူ့ခေါင်းထဲတွင် လင်းလက်လာသော အကြံဥာဏ်တစ်ခု။ ဘာမှ မစဉ်းစားနေတော့ပဲ အမိန့်ပေးလိုက်တော့သည်။

"ဆီအိတ်တွေ စုလိုက်"

"ဟုတ်ကဲ့ အုပ်ချုပ်ရေးမှူး"

အမိန့်ပေးပြီးသည်နှင့် လေးနှင့်အမျှားကို အစင့်အနေအထား ပြင်ကာ တိုက်ပွဲအတွင်း ပြေးဝင်သွားသည့် အုပ်ချုပ်ရေးမှူးကြောင့် ဆာမူမှာလည်း ဓားကိုင်ကာ အနောက်မှ ပြေးလိုက်ရတော့သည်။

"ဆီအိတ်တွေစု" ဟူသော ပုစိန်တပ်မှူး၏ အော်သံတချို့သာ နောက်တွင် ပဲ့တင်လျက် ကျန်ရစ်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: May 23, 2019 ⏰

Add this story to your Library to get notified about new parts!

Great Battle Where stories live. Discover now