လက်နှစ်ဖက်ကို ချုပ်နှောင်ထားသည့် ကြိုးစကို ဆွဲကိုင်လျက် သူ့ကို ခေါ်ဆောင်လာသူသည် တံခါးမကြီး တစ်ခုကို တွန်းဖွင့်၍ အခန်းကျယ်တစ်ခုထဲ ဝင်သွားသည်။
ဒါဘာလဲ။ စစ်မေးတဲ့အခန်းလား။ သူ့ကိုလာခေါ်တာ စစ်မေးဖို့ မဟုတ်ဘူးလား။ ဘာကြောင့် အရာရှိတစ်ဦး နေအိမ်လို နေရာကို ခေါ်လာရတာလဲ။ အုပ်ချုပ်ရေးမှူးကိုယ်တိုင် စစ်မေးမှာဆို။ ခု မဟုတ်တော့ဘူးလား။
ဆာမူ့ခေါင်းထဲတွင် အတွေးတို့မှာ ပလုံစီလျက်။ မျှော်လင့်ချက်တို့ အရောင်လျော့သွားသလိုလည်း ခံစားလိုက်ရသည်။ ဟုတ်သည်။ သူ့အသက်မသေခင် အုပ်ချုပ်ရေးမှူးကို တစ်ကြိမ်လောက်တော့ မြင်တွေ့ချင်လှသည်။ ဘာကြောင့်လဲတော့ သူမပြောတတ်။
ရှေ့တွင်ရှိနေသော လှေကားထစ်၅ထစ် ခန့်ပေါ်ရှိ အခန်းတစ်ခုရှေ့တွင်တော့ လူယုံချူ တစ်ယောက် လက်နောက်ပစ်ကာ သူလာနေသည်ကို စောင့်ကြည့်နေသည်။
ဒါဆို သူအခု အုန်ချုပ်ရေးမှူး အခန်းရှေ့ ရောက်နေတာလား။ သူ့ရင်ထဲတွင် အမျိုးအမည် ဖော်မရသော ခံစားချက်တစ်ချို့ လှုပ်ခတ်သွားရသည်။ ဘာကြောင့်မှန်း သူ မသိပေမယ့် သူကြောက်၍ဟု ကိုယ့်ကိုယ်ကို သရဲဘောကြောင်သူ စာရင်း ထည့်သွင်းလိုက်သည်။
လက်နက်မဲ့ လူတစ်ဦးက ဘာမှ မစွမ်းဆောင်နိုင်လောက်ဘူး ဟု ထင်၍ ဖြစ်မည်။ သူ့ကို ခေါ်ဆောင်လာသည့် တပ်သားလေးမှာ လူယုံချူရှေ့ ရောက်သည်နှင့် သူ့လက်မှ ကြိုးကို ဖြေပေးလိုက်သည်။ လူယုံချူမှာ သူ့ကို တစ်ချက်စိုက်ကြည့်ပြီးသည်နှင့် တံခါးဖွင့်ကာ အခန်းတွင်းသို့ တွန်းပို့လိုက်သည်။
မီးတုတ်များမှ မီးရောင်ကြောင့် အခန်းတစ်ခုလုံးမှာ ဝါကျင့်ကျင့်အရောင် ဖြာကျလျက် ရှိသည်။ အခန်း၏ အလယ်ဗလိုတွင်တော့ အညိုရင့်ရောင် ညအိပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အုပ်ချုပ်ရေးမှူးသည် မျှားတံတစ်ချောင်း၏ ထိပ်ဖူးကို တည်ငြိမ်စွာ သွေးလျက် ရှိနေသည်။ သူတစ်လှမ်းချင်း ဝင်လာနေသည်ကို တစ်ချက်ပင် လှမ်းမကြည့်ပဲ သူ့အလုပ် သူလုပ်နေသည်မှာ သွေးအေးကာ ရက်စက်မည့် ပုံရိပ်တစ်ခုပင်လား။ အတွေးနှင့်ပင် ဆာမူကျောထဲ စိမ့်တက်သွားရသည်။ နောင်ခါလာ နောင်ခါဖြစ်ပင်။ ယခု လောလောဆယ်တော့ ရသည့် အခွင့်အရေးကို အပြည့်အဝ အသုံးချကာ သူ့ဆီ အာရုံမရှိသည့် အုပ်ချုပ်ရေးမှူးကို ဆာမူ အပြည့်အဝ ငေးကြည့်နေလိုက်သည်။ ဆာမူ့တစ်သက်တွင် အုပ်ချုပ်ရေးမှူးလောက် တည်ကြည်ခန့်ညားသည့် လူကို မတွေ့ဖူးခဲ့။ ထို့အတူ အုပ်ချုပ်ရေးမှူးလောက် စိတ်ဝင်စားစရာ ကောင်းသည့်လူကိုလည်း သူမမြင်ဖူးခဲ့။ သူ့အရှေ့မှာ ရှိနေသည့် အန်ရှီး၏ အုပ်ချုပ်ရေးမှူး ယန်မန်းချွန်းသည် သူ့စိတ်အာရုံကို ဖမ်းစားကာ ချည်နှောင်ထားနိုင်သည့် လူသားတစ်ဦးပင်။
YOU ARE READING
Great Battle
Historical Fictionအန်းရှီးရဲ့ ကံကြမ္မာတင် မကပါဘူး အုပ်ချုပ်ရေးမှူးရဲ့ ကံကြမ္မာကိုပါ ဝေမျှချင်တာပါ ............. Started Date: 17/Dec/2018 ကိုယ့်ရဲ့ ပထမဆုံးပါ။ လိုအပ်ချက်တွေ အများကြီး ရှိမယ်မှန်း သိပေမယ့် ဒီ bromance လေးကို ကိုယ်သဘောကျလွန်းလို့ ချရေးမိလိုက်တာပါ။ အများကြ...