Part 6

107 15 4
                                    

ညသည် တိတ်ဆိတ်လျက်......။

စားသောက်ပွဲပြီးသည့်နောက် ဆာမူသည် သူ့အတွက် ပြင်ဆင်ပေးထားသည့် အခန်းအတွင်းသို့ ဝင်လိုက်ပြီး အိပ်ယာပေါ်ပင် ခြေမချမိ။ အတွေးပေါင်းများစွာဖြင့် မတ်တပ်ရပ်လျက် တစ်စုံတစ်ခုအတွက် စိတ်လှုပ်ရှားလျက် ရှိသည်။ နောက်ဆုံး၌ သူစိတ်ကို ဒုန်းဒုန်းချလိုက်ပြီးနောက် စစ်သူကြီးယောင်းဂယ် ပေးခဲ့သည့် ဓားမြောင်ကို ဓားအိမ်ထဲမှ ထုတ်ကြည့်လိုက်သည်။ မီးရောင်ကြောင့် ဓား၏အရောင်မှာ တလက်လက်ဖြစ်နေသည်။

"ကျွီ"

တံခါးဖွင့်သံတစ်ခုကြောင့် ဆာမူအတွေးတို့မှ နိုးလာရသည်။ သူ့အခန်းတံခါးမှ ချောင်းကြည့်လိုက်ရာ မျက်နှာချင်းဆိုင် အခန်းမှ အုပ်ချုပ်ရေးမှူး အပြင်ထွက်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ နောက်တွင်တော့ သူ့ညာလက်ရုံးချူ ပါမလာပေ။

ဒါဘယ်လိုအခြေအနေလဲ? သူ လုပ်ကြံဖို့အတွက် အခွင့်အရေးကောင်းတစ်ခုလား?

ဘယ်ဘက်သို့ ခပ်သွက်သွက် လျှောက်သွားသော အုပ်ချုပ်ရေးမှူးမှာ ဓားပင် မပါပေ။ လရောင်အောင်မှ မြင်နေရသော တည်ကြည်သည့် မျက်နှာထားမှာလည်း ပေါ့ပေါ့ပါးပါးပင်။

ဒီလိုအခြေအနေတွေက အားလုံးအဆင်သင့် ဖြစ်စေဖို့ ဖန်တီးထားသလို ဖြစ်လွန်းနေသည်။ သူဒီည သူ့ရဲ့တာဝန်အတိုင်း အုပ်ချုပ်ရေးမှူးကို အပြတ်ရှင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ယခုလို အခွင့်အရေးမျိုးမှာ ၂ခါမရနိုင်။ အုပ်ချုပ်ရေးမှူးနားမှာ ကြာကြာနေပြီး စောင့်ကြည့်ချင်မိသော်လည်း ဒီထက်ပိုပြီး အချိန်မဆွဲသင့်ကြောင်း သူ့ဦးနှောက်က သတိပေးနေတာလည်း ပါသည်။ နူးညံ့တည်ကြည်သည့် အုပ်ချုပ်ရေးမှူးနားမှာ ဒီထက်ပို ကြာကြာနေပါက စစ်သူကြီးယောင်းဂယ်ထံ ပေးအပ်ခဲ့သည့် သူ့ကတိသစ္စာတို့ ပျက်ပြားရကိန်း ရှိသည်။

သူ ယောက်ျားတို့ ကတိ တည်ချင်တယ် ...

ရှေ့မှ ခပ်သွပ်သွပ်လျှောက်လမ်းနေသော အုပ်ချုပ်ရေးမှူးသည် လက်ထဲတွင်လည်း အထုပ်တစ်ထုပ်ကို ကိုင်ထားသေး၏။ ဘယ်ကိုဦးတည်သွားနေမှန်း သူမသိသော်လည်း အဆုံးထိလိုက်ကြည့်ဖို့ ဆာမူဆုံးဖြတ်လိုက်သည်။

Great Battle Where stories live. Discover now