အုပ်ချုပ်ရေးမှူး၏ ဘေးတစ်ဖက်တစ်ချက်တွင် ညာလက်ရုံးချူနှင့် ဆာမူတို့ အသီးသီး နေရာယူကာ ခံတပ်အတွင်း ဝင်လာသည့် အချိန်တွင်တော့ တပ်ဖွဲ့များအားလုံး အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူဘတ်ခါကိုလည်း မိန်းကလေးမြားပစ်အဖွဲ့ ၏ တပ်မှူးနေရာတွင် တွေ့ရသည်။ ဘတ်ခါ၏ဘေးတွင်တော့ ပါဆိုဦးဆောင်သည့် မြင်းတပ်ဖွဲ့ကို တွေ့ရသည်။ ထိုသူတို့အားလုံး၏ မျက်နှာမှာ အန်ရှီးကို အရိုးကြေကြေအရည်ခမ်းခမ်း အစွမ်းကုန် ကာကွယ်မည်ဟု သံဓိဌာန်ချထားသည့်ပုံပင်။ ရဲရင့်မှုနှင့် အန်းရှီးကို ချစ်တတ်သည့် စိတ်ထားကို ဆာမူသဘောကျပေမယ့်လို့ မနိုင်မှန်းသိနေသည့် စစ်ကို ပရိယာယ်မသုံးပဲ ထိပ်တိုက်ရင်ဆိုင်မည်ကိုတော့ ဆာမူသဘောမကျလှ။
အင်းသူပြောမယ့်သာပြောသာ။ အုပ်ချုပ်ရေးမှူးဆိုသည်ကလည်း ရဲရင့်ပြီး ဥာဏ်ရည်ထက်မြက်မည့် ပုံမျိုးဆိုတော့ သူ့မှာ အစီအစဉ်တွေ ရှိမည့်ပုံပင်။ ဘာကြောင့်မှန်းရယ်မသိ ဆာမူ့စိတ်ထဲတွင် အုပ်ချုပ်ရေးမှူးကို ယုံကြည်နေမိသည်။
ခံတပ်အပေါ်ကို ရောက်သည့် အချိန်တွင်တော့ ဓားတပ်မှူးနှင့် ပုစိန်တပ်မှူးမှာ ရောက်ရှိနေကြပြီ ဖြစ်သည်။ အန်ရှီးခံတပ် ခပ်လှမ်းလှမ်းတွင်တော့ ထိုက်ဂျုံ၏တပ်မဟာ စစ်ရေးပြကာ နေရာယူနေကြသည်။ များပြားလှသည့် စစ်သည်အင်အားနှင့် အမြောက်ပုံစံ စစ်ပွဲသုံးလက်နက်များကို မြင်မိသည့်တစ်ခဏ၌ ဓားတပ်မှူးမှာ အံ့ဩသလို ဖြစ်သွားသော်လည်း အုပ်ချုပ်ရေး၏ မျက်နှာမှာတော့ တည်ကြည်ခြင်းက မပြောင်းမလဲ နေရာယူထားမြဲ။
"ခံတပ်သေးသေးလေးကို စစ်တပ်အကြီးကြီး တကယ်ခေါ်လာခဲ့တာပဲ"
ပုစိန်တပ်မှူးမှ ကြောက်ရွံ့ခြင်းမမည်သော ခနဲ့တည့်တည့် စကားကို ဆို၏။ သူ၏ စကားကို မည်သူမှ အဖတ်မလုပ်အားသည့် အခါတွင်တော့ ဘေးမှ မတည့်အတူနေ ဓားတပ်မှူးပွန်ကို မေးခွန်းထုတ်၏။
"အဲ့ဒါဘယ်နှစ်ယောက်ရှိတယ်လို့ မင်းထင်လဲ"
"နှစ်သိန်းရှိတယ်လေ နားလည်စမ်းပါ"
YOU ARE READING
Great Battle
Historical Fictionအန်းရှီးရဲ့ ကံကြမ္မာတင် မကပါဘူး အုပ်ချုပ်ရေးမှူးရဲ့ ကံကြမ္မာကိုပါ ဝေမျှချင်တာပါ ............. Started Date: 17/Dec/2018 ကိုယ့်ရဲ့ ပထမဆုံးပါ။ လိုအပ်ချက်တွေ အများကြီး ရှိမယ်မှန်း သိပေမယ့် ဒီ bromance လေးကို ကိုယ်သဘောကျလွန်းလို့ ချရေးမိလိုက်တာပါ။ အများကြ...