Intro By Third Wheel

4.3K 214 20
                                    

သူတို့ နှစ်ယောက်ကို ကျွန်တော် စတွေ့ဖူးတာကတော့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ပထမဆုံး ကျောင်းပိတ်ရက်မှာပေါ့။

အဲ့အချိန်တုန်းက သူတို့နှစ်ယောက်သား သစ်ပင်ပေါ် တင်နေတဲ့ ကြက်တောင်ကို ပြန်ကျလာအောင် ဖိနပ်နဲ့ ပစ်ယူနေတာ။ ဒါပေမယ့် သေချာရပ်ကြည့်မိတော့မှ တစ်ယောက်တည်းကပဲ ကြက်တောင်ပြန်ရဖို့ ကြိုးစားနေတယ်လေ။ နောက်တစ်ယောက်က ဟိုဘက်ကပစ် ဒီဘက်ကပစ်နဲ့ ပြောနေရုံပဲ။

တကယ်ဆို သစ်ပင်က အဲ့လောက်မြင့်တာလည်း မဟုတ်ဘဲနဲ့ အပင်ပေါ်တက်ယူလိုက်ရောပေါ့။ မတက်တာလည်း မိန်းကလေးတွေမို့ပဲ နေမှာပါလေ။

သူ တခြားဘက်လမ်းကနေ သွားဖို့ စဉ်းစားမိလိုက်ပေမယ့် ခြေကုန်လက်ပန်းကျနေတဲ့ ကောင်မလေးက မျက်လုံးထဲက မထွက်ဘူး။ အဲ့တာနဲ့ပဲ သွားကူညီပေးဖို့ ဆုံးဖြတ်လိုက်ရတယ်။

'Hey...ဒီမှာ ။ ယူပေးရမလား'

ပင်ပန်းနေတဲ့မျက်လုံးတွေက အရောင်တွေလက်လာသလို emotionမျိုးနဲ့ သူ့ကို လှည့်ကြည့်လာတော့ အပင်ပေါ်ထိ တက်ယူပေးလိုက်တယ်။

'ငါ အောက်ကို ပစ်ချလိုက်ပြီ'

'ဂိုမားဝေါ်..' ကြက်တောင်ပြုတ်ကျလာဖို့ကြိုးစားတဲ့တစ်ယောက်ဆီက ကျေးဇူးတင်သံ။

'အင်း ဆက်ရိုက်လို့ရပြီ'

'ဆက်ရိုက်ဦးမှာလား။ ကြက်တောင်ပြုတ်ကျဖို့ လုပ်ရတာနဲ့တင် မောနေပြီ။ ငါဆက်မရိုက်နိုင်တော့ဘူး'

'ကြက်တောင် ပြုတ်ကျလာအောင်က နင်လုပ်တာမှ မဟုတ်တာ။ ဟိုအပင်ပေါ်က ဆင်းလာတဲ့တစ်ယောက်လုပ်တာလေ'
.
'ရူပဗေဒ သဘောတရားအရဆို workမဖြစ်မြောက်လိုက် အားစိုက်ထုတ်မှုမို့ နင် ကြက်တောင် ဆက်ရိုက်ရမယ်'

အပင်ပေါ်ကနေ သူမျက်လုံးပြူးသွားတယ်။ ဘယ်လိုအရူးမျိုးမို့ မောနေတဲ့ သူငယ်ချင်းကို အနိုင်ကျင့်နေရတာလဲ။ သူ့နဲ့ မရင်းနှီးတဲ့အတွက်တော့ဝင်မပြောဖြစ်လိုက်။ ဒါပေမယ့် သူလုပ်ပေးနိင်တာကို လုပ်ပေးလိုက်သည်။

အဲ့တာက ဂျီတိုက်နေတဲ့တစ်ယောက်နဲ့ သူ ကြက်တေင်ရိုက်ပေးလိုက်ခြင်း။

LIMERENCE💜 (Chaelisa)Where stories live. Discover now