Love-match👭

2.1K 196 18
                                    

လူတစ်ယောက်က လူတစ်ယောက်ကို
တကယ်ချစ်လာပြီဆိုရင်
ဘယ်လောက်စိတ်နာအောင်လုပ်ထားထား
ခွင့်လွှတ်တတ်ကြတယ်။

Chaeyoungပြန်သတိရပြီးနောက်ပိုင်း တစ်ပတ်ကျော်လောက်ထိ lisaကိုအတွေ့မခံဘူး။ Chaeyoungရဲ့ရှေ့နေရုံးခန်းကို လာရှာမှန်းလည်းသိတယ်။ သူ့အိမ်ရှေ့မှာ ညဆို လာလာစောင့်ပြီး ညလယ်လောက်ဆို ပြန်ပြန်သွားတတ်တာလည်း သူသိတယ်။

တမင်တကာထွက်မတွေ့တာပါ။ လူဆိုးလေးအပေါ် သူနည်းနည်းတော့ ပြန်ဆိုးသင့်တယ်မလား။ အထင်လွဲပြီး ဖြစ်ခဲ့တာတွေကို Chaeyoungနားလည်သည့်တိုင် သူမဟုတ်တဲ့ တခြားတစ်ယောက်ကို အဲ့လောက်တောင် သဘောကျပါတယ်လို့ ပြောခဲ့ဖူးတာကိုတော့ တကယ် စိတ်နာခဲ့တာ...

Chaeyoung...နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ပြီး...
တစ်စုံတစ်ရာကို နာကျည်းသလို ပြုံးလိုက်သည်။

ဒါပေမယ့် ဘာတွေပဲဖြစ်ဖြစ် သူlisaကို သိပ်ချစ်ပါတယ်...ကိုယ့်ကိုယ်ကို မေ့လောက်အောင်ထိပေါ့...

~~~~~~~~~~~~~~~~~~~~~

Chaeyoungအတိတ်ကို မှတ်မိလာပြီးအတွေ့မခံတာက lisaအတွက် တကယ်ဆိုးဆိုးဝါးဝါးပါပဲ။

တောင်းပန်ဖို့ အချိန်...
ဖြစ်သမျှကို ရှင်းပြဖို့အချိန်...
အထင်လွဲခဲ့တယ်ဆိုတာ ပြောပြဖို့အချိန်...
အရမ်းချစ်တယ်ဆိုတာ ထုတ်ပြဖို့အချိန်...
Lisaအတွက် အဲ့လိုအချိန်တွေ အများကြီး လိုအပ်တယ်။

ခုတော့...

'ဟင်...'ကားပေါ်ကနေ lisaလှမ်းကြည့်မိတော့ ဟိုဘက်လမ်းမှာ Chaeyoungပါလား။ မိုးတွေထဲ လမ်းကူးဖို့ လုက်နေတာ...ထီးမပါ ဘာမပါနဲ့။

Lisaကားပေါ်က ဆင်းလိုက်တယ်။

Chaeyoungဆီ မြန်မြန်ရောက်အောင်သွားရမယ်။

Chaeyoungကတော့ လမ်းကူးဖို့စောင့်ရင်း တစ်ကိုယ်လုံး စိုရွှဲနေပြီ။ ရွှေရောင်ဆံပင်တွေက ကပိုကယိုကျနေသေးတယ်။ ကိုယ်ပေါ်မှာ ကာကီရောင် ကုတ်အင်္ကျီကြီးနဲ့။

LIMERENCE💜 (Chaelisa)Where stories live. Discover now