ကိုယ်ချစ်တဲ့သူနဲ့ အတူတူ အိပ်ရာဝင်ရပြီး နိုးလာတော့လည်း သူက ဘေးမှာရှိနေတယ်ဆိုတဲ့ လုံခြုံမှုမျိုးဟာ သိပ်နွေးထွေးတယ်။ Lisaကသာ မူးပြီး အိပ်ပျော်သွားပေမယ့် Chaeyoungအိပ်မပျော်နိုင်ခဲ့။
နှာတံစင်းစင်းလေးအောက်က နှုတ်ခမ်းဖူးဖူးလေးဟာ သိပ်ချိုမြခဲ့တာ။ အမှန်အတိုင်းပြောရရင် တခြားသူတွေကို ထုတ်မပြချင်တော့လောက်အောင်ထိ သူ့ကို တစ်ယောက်တည်းအပိုင်သိမ်းထားချင်တာရယ်ပါ။
ဒါပေမယ့် သိတဲ့အတိုင်းပဲ သူ့ရဲ့ ဂျစ်ကန်ကန်ကောင်မလေးက ထိန်းချုပ်လို့ရတဲ့သူမျိုး မဟုတ်။ တစ်ခွန်းမကျန်ပြန်ပြောတတ်ပြီး ပေတေတေမျက်နှာပေးနဲ့ ရန်လုပ်တတ်သူမျိုး။
သူ့ကိုမှ...
အဲ့လိုကောင်မလေးမျိုးကိုမှ...
ဒီကလည်း...
မြတ်မြတ်နိုးနိုး ချစ်မိနေတော့တယ်။
ခက်ပါရဲ့....~~~~~~~~~~~~~~~~~~
'နင်တို့နှစ်ယောက် ပြန်ခေါ်သွားကြပြီလား။ မနေ့က ငါမအားတာ ကောင်းသွားတာပေါ့'
'JinHwan,ငါတို့နှစ်ယောက်က မခေါ်တာ မဟုတ်ဘူး'
'တော်စမ်း စိတ်ကောက်နေကြပြီးတော့များ...ဒါနဲ့...စားပြီးရင် သွားရအောင် lisa,ဆရာက နင့်ကိုသူနဲ့လာတွေ့ဖို့ မနက်က ပြောနေတာ...'
'ဘာလို့လဲ'
'ငါတို့ မေဂျာမှာ ပွဲရှိလို့လေ Chae...'
'နေဦး နေဦး မသွားနဲ့ဦး...ခဏ...ငါပြောစရာရှိတယ်'
'အင်း ပြောလေ Chaeyoung,ဘာပြောမှာလဲ'
'Lisaya...ညနေကျ ငါတို့ တွေ့ရအောင်'
'Chaeyoung...နင်သူ့ကို ချိန်းနေတာဆိုရင် နှစ်ယောက်တည်းရှိတဲ့အချိန်ပြောရမယ့်စကားလေ...နင်တို့ နှစ်ယောက်က ငါ့ကို ရှိတယ်လို့ကို သဘောမထားတော့ဘူး😎'
'ငါတို့က သူငယ်ချင်းတွေပဲကို...အဲ့လို တွေ့ရအောင် ချိန်းဖို့လိုလို့လား'
'တွေ့လား Chae...lisaရှက်နေတာလားလို့...နှစ်ယောက်တူတူရှိမှပြော...လာ လာ lisa...ရှက်မနေနဲ့ သွားကြစို့ နောက်ကျနေပြီ'
'ညနေကြရင် နှစ်ယောက်တည်းတွေ့ရအောင် lisa...'
သူအော်ပြောလိုက်တာကို lisaလှည့်ကြည့်မလာပေမယ့် JinHwanကတော့ ခေါင်းတွေငြိမ့်သွားတယ်။ ဒီလိုဆို သေချာပါတယ် သူlisaနဲ့ ညနေကျ နှစ်ယောက်တည်းတွေ့ရတော့မယ်ဆိုတာ....
YOU ARE READING
LIMERENCE💜 (Chaelisa)
Fanfictionတစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့ အခြေအနေတဲ့... The state of being infatuated with another personတဲ့.. သူ့အတွက်တော့ အဲ့ဒီတစ်စုံတစ်ယောက်ဟာ Lalisaပဲ ဖြစ်တယ်။ Chaelisa