Chaeyoungမရှိတော့တဲ့နောက်ပိုင်း သူလုံးဝ အရှုပ်အရှင်းကင်းအောင် နေခဲ့တယ်။ နောက်ဆုံးချိန်ကို ကိုယ်တိုင်မမြင်တွေ့လိုက်ရတာမို့ ဆုံးသွားပြီဆိုတဲ့စကားကိုလည်း ခုချိန်ထိ လက်မခံနိုင်သေး။
ဘာလိုလိုနဲ့ ၆နှစ်တောင်ကြာခဲ့ပေါ့။ သူတို့အသက်လည်း ၂၃ရှိနေပြီ။
အောင်မြင်တဲ့Idolတစ်ယောက်အနေနဲ့ရပ်တည်နေပြီး ခုချိန်ထိ dating မထွက်အောင် အတတ်နိုင်ဆုံး နေခဲ့တာ။ တကယ်တော့ ဒါက Chaeyoungပြောခဲ့ဖူးသလိုပဲ ကိုယ့်နှလုံးသားကိုယ်ကို သစ္စာရှိနေခြင်းရယ်ပါ။
Lisaတို့ Companyရဲ့ CEO Kimကတော့ lisaကို ချစ်တတ်တဲ့ နှလုံးသားပိုရှိစေချင်သည်တဲ့လေ။ CEO Kim Jisooက အချစ်တဲ့ပတ်သတ်ပြီး lisaကို ပြောင်းလဲစေချင်နေတာ lisaသိသည်။
အခုလည်းကြည့်...သူ့ရုံးခန်းကို ခေါ်နေပြန်သည်။
ကော်ဖီလာသောက်လှည့်ပါဦးဆိုပေမယ့် အကြောင်းမရှိဘဲ အဲ့လို မခေါ်တတ်တာမို့...'ဟူး...'
သွားရပေဦးမည်။
'ဒေါက်...ဒေါက်'
'Excuse me...'
'Lisaya...ဝင်ခဲ့ ဝင်ခဲ့'
JisooUnnieက အလုပ်ကိစ္စမှာ မညှာတတ်ပေမယ့် Lisa Appaသူငယ်ချင်းရဲ့ သမီးဖြစ်နေတာမို့ နှစ်ယောက်တည်းတွေ့ရင်တော့ သူက ညီအမတွေလိုပဲ ပြောတတ်လေ့ရှိတယ်။
.
.
.
'Unnie...CEOဆိုပြီး အဲ့လိုလုပ်လို့မရဘူးလေ။ Companyပိုက်ဆံတွေကို ဖြုန်းတီးနေတာလား''ကိုယ့်Companyရဲ့ idolအတွက် ဒီလိုလုပ်တာ ဖြုန်းတီးရာမကျပါဘူး'
'လိုမှ မလိုအပ်ဘဲ unnieရာ'
'အောင်မြင်ပြီးသားလူမှာ ကိုယ်ပိုင်ရှေ့နေရှိဖို့ လိုတယ်lisa,တစ်ခုခုဖြစ်လာရင် ကာကွယ်ဖို့'
'မဖြစ်လာနိုင်ဘူး အဲ့လို'
'ခေါင်းမမာနဲ့တော့ Lisa...နင့်အတွက်ပြောတာ...ပြီးတော့ ငါ့အတွက်လည်းပါတယ်'
'Unnieအတွက်'
'အင်း အဲ့ဒီ lawcourtက top lawyerနဲ့နီးစပ်ချင်လို့ဟာ...ရပြီလား'
'ခွီး Unnieသဘောကျနေတဲ့သူက ရှေ့နေလား'
'ဟုတ်တယ်'
YOU ARE READING
LIMERENCE💜 (Chaelisa)
Fanficတစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့ အခြေအနေတဲ့... The state of being infatuated with another personတဲ့.. သူ့အတွက်တော့ အဲ့ဒီတစ်စုံတစ်ယောက်ဟာ Lalisaပဲ ဖြစ်တယ်။ Chaelisa