သူ့စိတ်ဒဏ်ရာကို ဖျောက်ဖို့ရာ Chaeyoungဘဝထဲကနေ hypnosisလို့ခေါ်တဲ့ အိပ်မွေ့ချခြင်းနည်းနဲ့ lisaဆိုတဲ့အပိုင်းကို ဖျောက်ခဲ့ကြလို့ပဲ
မမှတ်မိချင်တော့ဘူးဆိုရုံနဲ့ ဖျောက်ဖျက်ပစ်လိုက်ဖို့ရာ ချစ်ခြင်းမေတ္တာက အဲ့လောက်လွယ်ကူလား။
သူတို့နှစ်ယောက်ကြားက သံယောဇဉ်က အဲ့လိုအလွယ်တကူ မေ့ဖျောက်ပစ်လို့မှ မရတာ...Chaeyoungကိုယ်တိုင်လည်း မေ့ဖျောက်ချင်မှာမဟုတ်ဘူး...အဲ့တာကို lisaသေချာသိနေတယ်။ သွေးပူတုန်းမို့သာ သူစိတ်ထိရှနေတုန်းမို့သာ ပူလောင်နေခဲ့တာ။
Roséရှိရာဆီ Lisa ကားကို တရှိန်ထိုးမောင်းထွက်ခဲ့တယ်။ မန်နေဂျာoppaရဲ့ တစ်ယောက်တည်းကားမောင်းလို့ ဆူမယ့်ဖုန်းကိုလည်း lisaမကိုင်ခဲ့ဘူး။ချိန်းမထားဘဲ ဝင်လို့မရပါဘူးရှင့်ဆိုတဲ့ အတွင်းရေးမှူးမလေးရဲ့စကားကို သွေဖယ်ပြီး ရုံးခန်းထဲကနေ Roséကို ဆွဲခေါ်လာမိတယ်။
Chaeyoungနဲ့Lisa ငယ်ငယ်က ရိုက်ထားတဲ့ပုံကို ထုတ်ပြပြီး ဒီပုံဟာ နင်နဲ့ငါပါလိုပြောရင်း မျက်ရည်တွေကျလာတယ်။
သတိထားပါဦးလို့်ပြောသံကြားမှ သတိကပ်မိတော့မှ Sei Yeon Unnieရှေ့ထိ Roséကိုခေါ်လာပြီး ပုံကိုမှတ်မိလားမေးနေတဲ့သူကိုယ်သူပြန်ထိန်းလိုက်ရတယ်။
'Lisashi...'
Roséက ပြောလာတယ်။
'အဲ့လောက်ထိ ယုံကြည်မှု ပြင်းပြနေတယ်ဆို မေ့ထားတဲ့ lisaရဲ့အပိုင်းကို အိပ်ငွေ့ချပြီး ပြန်သတိရအောင်လုပ်ပါမယ်'
'Anndwae...'
'ဟင်....Doctor Park..'
'ဟုတ်တယ် မဖြစ်ဘူး...' Roséရဲ့အမက ဝင်တားသည်။
'Chaeyoung ဘယ်လောက်ခံစားခဲ့ရလဲ ငါသိတာမို့ ပြန်မမှတ်မိစေချင်ဘူး lisa'
'Unnie...lisaက ယုံကြည်မှုသိပ်ပြင်းပြနေတာမို့...
ပြီးတော့ ငါကိုယ်တိုင် ပြန်သတိရပြီးတဲ့နောက် ခုလက်ရှိအခြေအနေဟာ မပြောင်းလဲဘူးနိုင်ဘူးလို့ရော သက်သေပြချင်တာကြောင့် ငါ့ကို ပြန်မှတ်မိခွင့်ပေးပါ'
YOU ARE READING
LIMERENCE💜 (Chaelisa)
Fanficတစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့ အခြေအနေတဲ့... The state of being infatuated with another personတဲ့.. သူ့အတွက်တော့ အဲ့ဒီတစ်စုံတစ်ယောက်ဟာ Lalisaပဲ ဖြစ်တယ်။ Chaelisa