ကျွန်တော့် နောက်ကျောဝိုင်းမှာ Chaeyoungနဲ့ ကောင်လေးတစ်ယောက်နဲ့ထိုင်နေတယ်။ အဲ့ဒီကောင်လေးကို ကျွန်တော်သိတာပေါ့။ Chaeyoungတို့ မေဂျာက Kingလေ။
အမှန်အတိုင်းပြောရရင် ကျွန်တော့်အမြင်မှာ သူတို့နှစ်ယောက်က သိပ်လိုက်တာပဲဗျ။ ကလေးတွေဆို ဂရုစိုက် ချစ်တတ်ပြီး ကြင်နာတတ်တယ်လို့ နာမည်ကြီးတဲ့ အဲ့ဒီ Kim Dong Hyukက ကလေးလိုsoftဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Chaeyoungနဲ့ဆို တကယ်အတွဲညီမှာ။
အကြောင်းအရာကတော့ ထုံးစံအတိုင်းပဲ သူ့ချစ်ရေးဆိုထားတာကို Chaeyoungက ငြင်းနေတာပါ။ စာအတူတူလုပ်နိုင်ပြီး သူ့ကို ဂရုစိုက် ချစ်နိုင်တဲ့သူမျိုးကို ဘာလို့ငြင်းရလဲ ကျွန်တော်တောင် အံ့သြမိသေး။ အနည်းဆုံးတွဲကြည့်လိုက်လို့ရတာပဲလေ။
Chaeyoungစိတ်ထဲလည်း သူ့ကို အမြဲတမ်းဂရုစိုက်တတ်တဲ့ Dong Hyukက နည်းနည်းတော့နေရာယူမယ်လို့ ကျွန်တော် ထင်တယ်။ အဲ့တာကြောင်ပဲ ဒီနေ့ ကျွန်တော်တစ်ယောက်တည်းကိုပဲ ခေါ်ထားတာပေါ့။ lisaနဲ့ဆို တစ်ခုခုလုပ်လိုက်မှာ စိုးပုံရတယ်။ ဒီတစ်ယောက်က အားနာရမယ့်လူမျိုးထဲမှာပါလောက်မယ်ထင်တာပဲ။
Chaeyoungရဲ့ အကျင့်ကလည်း တစ်မျိုးရယ်။ သူတခြားသူနဲ့တွေ့မယ်ဆို အမြဲအဖော်ခေါ်တယ်။ ခုလည်းကြည့် ကျွန်တော် သူတို့ပြောတာ တခြားဝိုင်းကနေ နားထောင်နေရတာရယ်ပါ။
Chaeyoungစကားတွေပြောနေတာပါ။
'တစ်ခါတုန်းက ကောင်လေးတစ်ယောက်ကနေ ကောင်မလေးတစ်ယောက်ကို ချစ်ခွင့်ပန်တယ်တဲ့။ အဲ့ဒီကောင်မလေးကိုမှ မရရင် သေရပါလိမ့်မယ်ဆိုပြီး...'
'အဲ့တာနဲ့ ကောင်မလေးက သနားပြီး ပြန်ချစ်လိုက်ရောလား'
Dong Hyukက သူ့ဘက်ကို စကားလမ်းကြောင်းသွားတယ်။ ဒါပေမယ့် စကားမဆုံးသေးတဲ့ Chaeyoungက ဆက်ပြောတယ်လေ။
'ဟင့်အင်း...ကောင်မလေးက ငြင်းလိုက်တယ်။'
'ဟာ...အဲ့တာဆို ကောင်လေးဘယ်လိုလုပ်မလဲ?'
'ကောင်လေး သေသွားတယ်လေ။'
'ဟင်...သေသွားတယ်လား'
'အွန်း...သူ့စကားအတိုင်းပဲ။ တစ်နေ့တခြား အသက်ကြီးလာပြီး နှစ်ငါးဆယ်လောက်အကြာမှာ သေသွားတယ်တဲ့။'
YOU ARE READING
LIMERENCE💜 (Chaelisa)
Fanficတစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့ အခြေအနေတဲ့... The state of being infatuated with another personတဲ့.. သူ့အတွက်တော့ အဲ့ဒီတစ်စုံတစ်ယောက်ဟာ Lalisaပဲ ဖြစ်တယ်။ Chaelisa