They call love🍀

2.1K 179 12
                                    

Rose 🌹
နှင်းဆီဆိုတဲ့ အဓိပ္ပါယ်ဟာ
အချစ်တဲ့....
ဒါဆို ♥️
Rosé....
ငါ့ရဲ့ Rosie, သူဟာ ကိုယ့်ရဲ့ အချစ်ပါ။

မနက်ဖြန် တွေ့မယ်ပြောသွားပြီး ဘယ်နေရာမှာ တွေ့မယ်မပြောသွားပေမယ့် Chaeyoungဘယ်မှာစောင့်နေမလဲ သူဘယ်ကို သွားမလဲဆိုတာကို lisaသိပါတယ်။

လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းရင်း lisaစက်ဘီးကို ဆွဲထုတ်လိုက်တယ်။ သူ အဲ့ဒီစက်ဘီးကို မစီးခဲ့တာ ခြောက်နှစ်ကျော်ကြာပြီ။ တစ်ချိန်ချိန်မှာ ပြန်စီးရမယ် မျှော်လင့်ချက်နဲ့ အမြဲပြင်ပေးနေလို့သာ ခုချိန်မှာ စီးလို့ရနေတာ။

လျှာထိုးဦးထုပ်ပေါ်မှာ hoodieမှာပါတဲ့ ဦးထုပ်ကိုပါ ထပ်ဆောင်းထားပြီး စက်ဘီးတစ်စီးနဲ့သူ့ကို idolလို့ ဘယ်သူက ထင်မှာလဲ။ အဲ့လောက်ဆို လုံလောက်ပြီပေါ့။

စက်ဘီးခြေနင်းကွင်းပေါ် ခြေထောက်တင်လို့ အရှိန်က ဖြည်းဖြည်းမှန်မှန်နဲ့.....
Lisaဦးတည်လိုက်တာက သူတို့ တွေ့နေကျ ကစားကွင်းလေးဆီကို...



Lisaရဲ့ ပျော်နေတဲ့ စိတ်ကြောင့်ပဲလားမသိ မြင်မြင်သမျှက လှနေသလို...
မူကြိုကျောင်းကားပေါ်က အော်ဟစ်ပြီး ဆော့လိုက်လာကြတဲ့ ကလေးတစ်သိုက်ကလည်း ချစ်ဖို့ကောင်းနေသည်။
တက္ကသိုလ်ကျာင်းသူလေးရဲ့ ကျောပိုးအိတ်ဘေးထဲမှာ မြင်နေရတဲ့ နှုတ်ခမ်းနီတောင့်လေးကလည်း ချစ်ဖို့ကောင်းနေပြန်သည်။
ယုတ်စွအဆုံး ရုံးသွားဖို့ busကားဂိတ်မှာ စောင့်နေတဲ့အမတစ်ယောက်ရဲ့အိတ်မှာ ချိတ်ထားတဲ့ hand gelဘူးလေးကတောင် lisaမျက်လုံးထဲ ချစ်ဖို့ကောင်းနေပြီး lisaကိုပြုံးမိစေသည်။

အဲ့တာက ဘယ်လိုခံစားချက် ဖြစ်မလဲ။ သေချာတာကတော့ ဒါက အချစ်ကြောင့်ဖြစ်လာတဲ့ ခံစားချက်ရယ်ပါ။

အချစ်...
Lisaရဲ့ အချစ်က Roséပါ...
ကမ္ဘာအစကတည်းက လူတွေက တစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့သူအချင်းချင်း နှင်းဆီပန်းတွေပေးရင်း ချစ်ခွင့်ပန်ကြသတဲ့..
Roseရဲ့ အဓိပ္ပါယ်ကလည်း အချစ်...

'ငါ့ရဲ့ အချစ်က Rosé..Roseဆိုတာလည်း အချစ်' တစ်ယောက်တည်း စက်ဘီးစီးရင်း ရီရင်း ပြုံးနေတာတွေ မရပ်တော့...
တကယ်ပါ အချစ်က အဲ့လောက်ထိကို စွမ်းတာ။

LIMERENCE💜 (Chaelisa)Where stories live. Discover now