ကိတ်ပေါ်မှာ Happy Birthdayဆိုပြီး ပုံဖော်ထားတဲ့ စာလုံးလှလှ...
စားပွဲပေါ်မှာ စားစရာအစုံအလင်နဲ့...
ဒေသထွက် လိမ္မော်သီးတွေ ကြိုက်သလောက်စားနိုင်တဲ့ နေရာ...
သူ JinHwanအဖွားရဲ့ မွေးနေ့ပွဲမှာပါ။Roséကို hotelပြန်ပို့ပြီး lisaဒီအိမ်မှာ ညအိပ်ခဲ့တာ...
Lisaရဲ့ ရှေ့နေမလေးကရော ခုချိန် ဘာတွေများလုပ်နေမလဲ။'lisaya...ဒီဘက်မှာ ဖျော်ရည်ထပ်ထည့်ပေးပါဦး'
JinHwanတို့အဖွား အော်ခေါ်တဲ့အသံပါ။Lisaသိတာပေါ့...မွေးနေ့ကိုလာတဲ့ အဖွားရဲ့အသိထဲမှာ lisa fanပါနေပြီဆိုတာ...အဖွားက အဲ့လိုဆိုခေါ်ပြီး ဒါငါ့မြးလို့ ကြွားနေကျ...
တစ်ခါတစ်လေကျ အိမ်မှာ ကူလုပ်တဲ့ကလေးလို့ ပြောပြီး ဧည့်သည်တွေကိုလန့်အောင် စနောက်နေကျ...lisaအဖွားဘက်ကို ထသွားလိုက်တယ်။ ဒီနှစ်ရော ဘယ်လိုမျိုး စနောက်ဦးမလဲ မသိ။
'Nae...လာပါပြီ'
များသောအားဖြင့် အဖွားရဲ့ ဧည့်သည်တွေက ခေတ်မီတဲ့ လူကြီးတွေပဲ ဆိုတော့...အစခံရမှာစိုးတာနဲ့ မော့မကြည့်ဘဲ ဖန်ခွက်ထဲကို အအေးထည့်ပေးလိုက်တယ်။
ဖန်ခွက်ကို ဆုပ်ကိုင်လိုက်တဲ့လက်က လူကြီးတစ်ယောက်ရဲ့လက်မဟုတ်ဘဲ မိန်းကလေးတစ်ယောက်ရဲ့ လက်ဆိုတာကို အမြင်နဲ့ပဲ သိလိုက်တော့ lisaတအံ့တသြမော့ကြည့်လိုက်မိသည်။
သွယ်လျတဲ့ လက်ချောင်တွေ....
ဖြူစင်ဝင်းမွတ်နေတဲ့ လက်ဖျံ....
ကပိုကယိုကျနေတဲ့ ရှည်လျားသည့် ဆံနွယ်များ...ပြီးတော့...
လုံးဝ မေ့ဖျောက်ပစ်နိုင်ရန် အကြောင်းမရှိခဲ့သော သူ့ရဲ့ မိန်းကလေး...
Chaeyoungလို့ ခေါ်မိကာနီးဆဲဆဲမှာပဲ...
'lisa...ကိုယ့် ဧည့်သည်တွေကို အဲ့လို တအံ့တသြ ပြန်ကြည့်နေကျလား'
'အာ...မီရားနဲ့'
'...☺️....'
'ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ'
'မွေးနေ့ရှိတယ်ဆိုလို့လေ...lisaလည်း ဒီမွေးနေ့ပွဲကို လာတာ မဟုတ်လား'
'ဟုတ်တယ်လေ...ဒီကို ဘယ်သူနဲ့ သိလို့လဲ'
'lisa...သူငယ်ချင်းကို စနောက်နေတာတော်တော့'အဖွားက ဝင်ပြောတယ်။
YOU ARE READING
LIMERENCE💜 (Chaelisa)
Fanficတစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့ အခြေအနေတဲ့... The state of being infatuated with another personတဲ့.. သူ့အတွက်တော့ အဲ့ဒီတစ်စုံတစ်ယောက်ဟာ Lalisaပဲ ဖြစ်တယ်။ Chaelisa