အဲ့ဒီနေ့က အလှပဆုံး အနုညံ့ဆုံး ညနေခင်းလေးတစ်ခုဟာ lisaရှေ့တည့်တည်မှာ ရပ်နေခဲ့တယ်။ သူမရဲ့ ရွှေဝါရောင် ဆံပင်လေးတွေကို ရမ်းခါလို့ပေါ့...crop topဝတ်ထားတော့ သိပ်လှတဲ့ သူမရဲ့ ခန္တာကိုယ်က အများကြားမှာ ပေါ်လွင်နေတယ်။
'Chaeyoung, လေယာဉ်စီးရမှာကို ဘာလို့ crop topနဲ့လဲ...ကိုယ့်ကိုယ်ကို ရှေ့နေဆိုတာ မမေ့နဲ့ဦး'ပြောပြောဆိုဆိုနဲ့ lisaသူ့ရဲ့ အပေါ်ဝတ်အင်္ကျီ Roséကို ချွတ်ပေးလိုက်တယ်။
တခြားသူတွေကြည့်နေကြတာကို lisaမလိုချင်ဘူးလေ။ ဒီကောင်မလေးက lisaတစ်ယောက်တည်း ကြည့်ဖို့...ပြီးတော့ lisaတစ်ယောက်တည်း ချစ်ဖို့်...
'Chaeyoung, ဟိုရောက်ရင် အဖြူကောင်တွေနဲ့ မတွဲနဲ့နော်'
'ဟားဟား...လုပ်ပြီ lisaကတော့...သူတို့တိုင်းပြည်သွားပြီး သူတို့နဲ့မတွဲနဲ့ဆိုတော့'
'အာ မသိဘူးဟာ မတွဲနဲ့ပဲ မကြိုက်ဘူး တိုမှာ'
'Lisaya..'
'Aww'
'နင်ရော သေချာအလုပ်ကြိုးစား...solo concertက နောက်၂ပတ်နေရင်စတော့မှာ...ခုတောင် ငါ့ကို အချိန်တွေဖဲ့ပေးနေရတာ'
'Onn...'
'Chaeyoung ဟိုရောက်ရင် ဘယ်သူတိုက်တိုက် strawberry milkမသောက်နဲ့...ငါနဲ့အတူလုပ်ဖူးတဲ့ အမှတ်တရတွေလည်း သူများတွေနဲ့ မလုပ်နဲ့'
Lisaပြောတာ နားထောင်ပြီး Roséသူ့ကို မျက်စောင်းထိုးလိုက်တယ်။
သိပ်လှတာပဲ Rosie...
'အပိုတွေပြောပြန်တဲ့ အရူးလေး...ငါသွားတော့မယ်'
Lisaကို သိုင်းဖက်နှုတ်ဆက်ပြီးတော့ Roséထွက်လာခဲ့တယ်။
Roséထွက်သွားပြီးတော့ နောက်မှာကျန်ခဲ့တဲ့ Roséရဲ့ Unnieက...
'Unnieတို့အားလုံး Chaeyoungကို ပျော်စေချင်ခဲ့ကြတယ်။ အိပ်မွေ့ချထားပြီး lisaဆိုတာကိုမေ့ပြီး ပျော်ပျော်နေစေချင်ခဲ့ကြတယ်။ သူလည်းပျော်ခဲ့ပါတယ်။ အားလုံးစိတ်ချမ်းသာဖို့ lisaကို ပြန်သတိရလာတဲ့အချိန်မှာတောင် သတိမရချင်ယောင်ဆောင်ပေးခဲ့တာ'
'ဟင်...ဘယ်လို'
'Lisaရဲ့ ရှေ့နေစလုပ်ကတည်းက Chaeyoungက သတိရနေခဲ့တာပါ။ မိသားစုနဲ့ ထားထာတဲ့ကတိကြောင့် lisaကုမေ့နေသလိုပဲ နေခဲ့တာ'
YOU ARE READING
LIMERENCE💜 (Chaelisa)
Fanfictionတစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့ အခြေအနေတဲ့... The state of being infatuated with another personတဲ့.. သူ့အတွက်တော့ အဲ့ဒီတစ်စုံတစ်ယောက်ဟာ Lalisaပဲ ဖြစ်တယ်။ Chaelisa