Episode 1

16.2K 991 129
                                    

(Zawgyi)
သိပ္ပံစက်​ပစ္စည်းများဖြင့်​ ပြည့်​နှက်​​နေသည့်​ စံအိမ်​ကြီးထဲတွင်​ Cai xukun တ​ယောက်​ အသက်​လုပြီး ​ပြေး​နေရသည်​ သူ့​နောက်​တွင်​​တော့ Zuoye ဟာ တ​ကြော်​​ကြော်​​အော်​ကာ လိုက်​​နေ၏်

"အစ်​ကို Kun အစ်​ကို KunKun မ​ပြေးပါနဲ့----"

တံခါး​ပေါက်​တခုတ​လေများ ​တွေ့​လေမလား ရှာ​ပေမယ့်​ တံခါးအားလုံးဟာ လှို့ဝှက်​ကုတ်​များဖြင့်​သာ ထိန်းချုပ်​ထား​သော​ကြောင့်​ သူ့မှာ အခက်​​တွေ့​နေရပြီ

"မဖြစ်​ဘူး အဲလိုမဖြစ်​သင့်​ဘူး ငါ့ကို ဒီကထွက်​ခွင့်​ပြုကြပါ"

Zuoye အ​ဖေဖြစ်​သူ Professor HanMubo က​တော့ Evil Smile ဆန်​ဆန်​ပြုံးရင်း

"အားကုန်​မခံပါနဲ့​တော့ ​မောင်​ရင်​ ----- ဦးရဲ့ ခွင့်​ပြုချက်​မရပဲ ဒီစံအိမ်​ကြီးထဲက ထွက်​ခွာဖို့ဆိုတာ ဘယ်​လိုမှ မဖြစ်​နိုင်​ပါဘူး
အဲ့ဒီ​တော့ မူလအစီအစဉ်​အတိုင်း ဦးရဲ့သား Zuoye ​လေးကို အသာတကြည်​ လက်​ထပ်​ပါ
ဟင်း ဟင်း ဦးလည်း သားကို ထိခိုက်​ဒဏ်​ရာရမှာမျိုး မဖြစ်​​စေချင်​ပါဘူး"

နံရံအ​ကွေ့က​နေ သူရှိရာ​နေရာကို ​လျှောက်​လာ​နေတဲ့ Professor HanMubo နဲ့ Zuoye ​ကြောင့်​ Xukun လည်း ​နောက်​ကို တလှမ်းချင်း​ရွေ့ရင်း

"ကျ--- ကျ​နော်​ အ​ကြွေး​တွေကို ဒီအတိုင်း လုပ်​အားခစုပြီး ပြန်​ဆပ်​နိုင်​ပါတယ်​"

"မဟုတ်​တာ ​မောင်​ရင်​ရယ်​ သန်း ၃၀ ကြီး​တောင်​​နော်​ မင်းအတွက်​ ဝန်​​လေးမှာ​ပေါ့ ​ကောလိပ်​တက်​​နေဆဲ ​ကျောင်းသားတ​ယောက်​က ဒီ​လောက်​ပမာဏကို ဘယ်​လိုလုပ်​ပြီး ရှာနိုင်​မှာလဲ"

"ဟို ---- ဟို"

စကားကိုတုန်​တုန်​ရီရီ ​ပြောဖို့ကြံရင်း ​နောက်​​ကျောဘက်​က နံရံများအကြား ခလုတ်​တခု သူစမ်းမိသွားသည်

"​နောင်​ဘဝကျရင်​​တော့ ကျ​နော်​ ကျိန်း​သေ​ပေါက်​ ပြန်​ဆပ်​မှာပါ ဦး ခု​တော့ တာ့တာ ----"

ကျွီခနဲ မှန်​တံခါးပွင့်​ပြီး အထဲအမြန်​ဝင်​ကာ Professor တို့ ဝင်​မလာရန်​ တံခါးအမြန်​ပိတ်​ပစ်​ပြီး အခန်းထဲတွင်​ အသင့်​ရှိ​သောကားကို ​မောင်း​ပြေးရန်​ စက်​နှိုးလိုက်​သည်​ မှန်​ချပ်​ခြားထားသည့်​ ဟိုဘက်​ခန်းက Professor တို့သားအဖက​တော့ ထိုသို့မလုပ်​ရန်​ ​ခြေဟန်​လက်​ဟန်​နင့်​ တား​နေသလိုပင်​ အားနာ​ပေမယ့်​ Xukun အတွက်​ ​ရွေးစရာမရှိ အ​ကြွေးဆပ်​ဖို့ သူ့ဘဝကို စ​တေးလိုက်​တာမျိုး​တော့ အဖြစ်​မခံနိုင်​ ထို့​ကြောင့်​ သူထွက်​​ပြေးမှရမည်

The Story of Prince CaiWhere stories live. Discover now