Episode -19

4.1K 424 98
                                    

#Zawgyi

"မိပြီ ----- မင်းငါ့ဆီက တသက်​လုံး ထွက်​​ပြေးနိုင်​မယ်​ ထင်​​နေတာလား -----"

Xukun က ရယ်​ရယ်​​မော​မော ဖမ်းလိုက်​​သော်​လည်း HaoHao မှာမူ ထိတ်​ထိတ်​လန့်​လန့်​နှင့်​ လိပ်​ပြာလွင့်​မတတ်​​တောင်​ ဖြစ်​သွားပုံပင်

"မယ်​ --- မယ်​---"

ချွေးစီး​တေပြန်​​နေ​သော HaoHao ကို သူတချက်​အကဲခတ်​လိုက်​ပြီး

"​နေအုံး ---- အဲဒါပုံမှန်​မဟုတ်​ဘူး HaoHao မင်းဘာလုပ်​ထားလို့လဲ ဒီ​လောက်​ ရုပ်​ပျက်​ဆင်းပျက်​ ဖြစ်​​နေရတာ --- မှန်​မှန်​​ပြော"

"ဘာ ဘာမှမလုပ်​ပါဘူး ---- မီးဖိုထဲကူစရာရှိလို့ သွားလိုက်​ပါအုံးမယ်​ ----"

"မရပါဘူး မင်းက ခွင်း​ဖေးအ​ဆောင်​က အပျို​တော်​​လေ မီးဖို​ချောင်​ ကူစရာမှ မလိုတာ ----
ဘာလုပ်​ထားလဲ မှန်​မှန်​​ပြောဆို မဟုတ်​ရင်​ ငါရိုက်​သတ်​မိမယ်​ ----"

သို့မှသာ HaoHao သည်​ ​ပြေးမည်​ကြံ​နေ​သော ​ခြေ​ထောက်​များ ယိုင်​နဲ့သွားလျှက်​ Xukun ​ရှေ့ ဒူး​ထောက်​ကာ မျက်​ရည်​​တွေကျလာ​တော့သည်

"ကျုပ်​ကို သတ်​လိုက်​ပါ​တော့ မယ်​မယ်​ရယ်​ --- ​သေဒဏ်​သာ ​ပေးလိုက်​ပါ​တော့ ----"

ချုံးပွဲချငို​နေသည့်​ HaoHao ​ရှေ့ သူပါဒူးတုပ်​ထိုင်​လိုက်​ပြီး

"HaoHao ရယ်​ မင်းကငါ့ရဲ့ လူရင်း​လေ ဒီဘက်​​ခေတ်​ကို ​ရောက်​လာတည်းက ညီအကိုလို ဖြစ်​​နေတဲ့သူကို ငါဘယ်​လိုလုပ်​ သတ်​ရက်​မှာလဲ မင်းအခုဖြစ်​​နေတဲ့ ပြသနာ​ပြောပြမှ ငါသိရမှာ​ပေါ့ မင်းကို အပြစ်​မတင်​မှာမို့ ​ပြောပြပါ---"

HaoHao သည်​ Xukun မျက်​နှာကို မရဲတရဲ ​မော့ကြည့်​ရင်း

"မယ်​မယ်​က ကျုပ်​ကို ​မြှောက်​စား​ပေမယ့်​ မထိုက်​တန်​ဘူး မယ်​မယ်​ရဲ့
ကျုပ်​ မယ်​မယ်​ရဲ့ စကားကို နားမ​ထောင်​မိဘူး ----"

"ဟင်​ မင်းအချိန်​မီ မင်းကြီးကို အ​ကြောင်းကြားလို့ ငါအသက်​​ဘေးက လွတ်​ခဲ့တာ​လေ ဘာ​တွေ​ပြော​နေတာလဲ --- ငါက မင်းကြီးဖြစ်​ဖြစ်​ စစ်​သူကြီးWang ဖြစ်​ဖြစ်​ ငါ့တို့ကို အမှန်​တကယ်​ ကူညီနိုင်​မယ့်​သူလို့ ​ပြောခဲ့တာ​လေ --- ဒါနဲ့ စစ်​သူကြီး Wang​ ရော အခုဘယ်​​ရောက်​​နေသလဲ ----"

The Story of Prince CaiDonde viven las historias. Descúbrelo ahora