Episode - 16

4.5K 509 81
                                    

#zawgyi

"ကျုပ်​ရဲ့ ကုသပုံနည်းလမ်းက ဆန်း​တော့ လူ​တွေက လက်​မခံရဲကြဘူး ------
ရွာမှာတုန်းက မီး​လောင်​ခံထားရတဲ့လူနာတ​ယောက်​ကို မျက်​နှာအ​ရေပြား အစားထိုး ကုမိလိုက်​လို့ ရွာသား​တွေက ကျုပ်​ကို မိစ္ဆာဆိုပြီး အသက်​အန္ဒရာယ်​ ခြိမ်း​ခြောက်​တာ​တောင်​ ခံရ​သေး ------
Wang သခင်​​လေး ကယ်​​ပေလို့​ပေါ့ မဟုတ်​ရင်​ ကျုပ်​ ဓားခုတ်​ခံရလို့ ​သေ​နေပြီ -----"

ကြောက်​စရာ​ကောင်းသည်​ဟု အစကထင်​ထားခဲ့သည့်​ သမား​တော်​ Bufan သည်​ တကယ်​တမ်းကျ အလွန်​​ဖော်​​ရွေလျှက်​ စကားလည်း များလှသည်​ Xukun ကို အပ်​စိုက်​ကာ အဆိပ်​ထုတ်​​ပေး​နေရင်း ဝမ်​အိမ်​​တော်​နဲ့ ဘယ်​လို​ကြောင့်​ သိခဲ့ပုံကို ​ပြောပြ​နေ​တော့၏

"ဟယ် ---- ​မျက်​နှာခွဲစိတ်​တာ​တောင်​ လုပ်​တတ်​တာ​ပေါ့ ----

21 ရာစုကို လိုက်​ခဲ့ပါလား တိတ်​တိတ်​သိမ်းထားတဲ့ လက်​ဝတ်​ရတနာ​တွေရင်းပြီး ​ဆေးရုံ​ထောင်​​ပေးမယ်​ ဟိုမှာဆို လူတိုင်း လှချင်​တယ်​ ပွ​ပေါက်​ကြီးပဲ"

သမား​တော်​ Bufan က​တော့ နားလည်​ပုံမ​ပေါ်

"ဗျာ ---- ကျုပ်​ကို ဘယ်​ကို​ခေါ်သွားမှာ အကျဉ်း​ထောင်​လား ---- မယ်​မယ်​ထိတ်​လန့်​သွားလို့လား"

"မဟုတ်​ပါဘူး ထားလိုက်​ပါ​တော့ ခုနက စကားပဲ ဆက်​ပါ​တော့ ကူညီ​ပေးတဲ့ Wang သခင်​​လေးဆိုတာ စစ်​သူကြီး WangZiYi လား -----"

"မဟုတ်​ဘူး သူ့ညီငယ်​ WangLinkai ----"

"​အော်​ အ​ကောင်​​သေး​လေး ----
ဒါနဲ့ ---- ArShan က​ရော ဘယ်​သူလဲ ----"

Xukun ​မေးခွန်း​ကြောင့်​ Bufan စကားစပြတ်​ရုံမက တခန်းလုံးပင်​ တိတ်​ဆိတ်​သွားသည်​ ပြီးမှ Bufan သည်​ မျက်​နှာတည်​နဲ့ပင်​ ​နောက်​ဆုံး အပ်​တ​ချောင်း နဖူးအလယ်​တွင်​ ​ဖြေးညှင်းစွာ စိုက်​​ပေးလိုက်​ကာ

"တချို့ကိစ္စ​တွေက မသိတာပဲ ​ကောင်းပါတယ်​ မယ်​မယ်​ -----
အနားယူလိုက်​ပါအုံး ​နောက်​တစ်​နာရီ​လောက်​ကြာမှ ကျုပ်​ပြန်​လာခဲ့ပါ့မယ်​"

The Story of Prince CaiTempat cerita menjadi hidup. Temukan sekarang