Episode -8

6K 730 116
                                    

#Zawgyi

ပြစ်​ဒဏ်​ကျနန်း​ဆောင်​မှာ ပြာအတိကျမသွားခဲ့​သော်​လည်း တစ်​​ဆောင်​လုံး သုံးမရ​လောက်​​အောင်​ပင်​ ပျက်​စီးသွားသည်​ဟူ၏ အ​ဆောင်​တွင်​ လူမ​နေ၍သာ ​တော်​​တော့သည်​ မီး​လောင်​ပြင်​အား မင်းကြီးကိုယ်​တိုင်​ပင်​ စစ်​​ဆေး​နေသည်​ကြား​သော်​ မီးရှို့ထားသူ Ziyi မှာ မည်​သို့မည်​ပုံ ခံစားရမည်​ မသိ​သော်​လည်း Xukun မှာမူ ရင်​ပူလျှက်​ ​နေမထိထိုင်​မသာ ဖြစ်​​နေ​လေ၏ အခန်းထဲ ​ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​ရင်း

"---- အဲဒီလိုနဲ့ သဲလွန်​စတခုခု ရှာ​တွေ့သွားရင်​ ဘယ့်​နှယ့်​လုပ်​ပါ့မလဲ -----"

HaoHao မှာမူ နှုတ်​ခမ်းဆူဆူ တို့လို့တန်းလန်း ရတနာ​လေး​တွေ တယိမ်းယိမ်းနှင့်​ အခန်းထဲပတ်​​လျှောက်​​နေသည့်​ မယ်​မယ့်​ကြည့်​ရင်း မူးလာသဖြင့်

"အဲ့လိုဆိုလည်း ကံ​ပေါ့ မယ်​မယ်​ရယ်​ ---- ဘာတတ်​နိုင်​မှာလဲ ---- စစ်​သူကြီးဝမ်​က သူ့ဟာသူ လျှာရှည်​ပြီး မီးရှို့တာ​လေ---"

အိပ်​ငိုက်​သံကြီးနှင့်​ ​ပြော​နေ​သော HaoHao ကို Xukun သူ့ယပ်​​တောင်​နဲ့ ဖွဖွတချက်​ထုလိုက်​ပြီး

"အင့်​ဟယ်​ -----"

"အမ​လေး လန့်​လိုက်​တာ မယ်​မယ်​ရဲ့ ----"

"အဲ့​လောက်​ အကြင်​နာတရား နည်းပါးရလား ကိုယ့်​အချင်းချင်းကို ----- စစ်​သူကြီးဝမ်​က သူ့သ​ဘောနဲ့သူ ရှို့တာ​ပေမယ့်​ ငါ့​ကြောင့်​​လေ ငါဘယ်​လိုလုပ်​ စိတ်​​အေးနိုင်​မှာတုန်း----"

"မယ်​မယ်​က ဘယ်​လိုဖြစ်​လို့များ စိတ်​မ​အေး​တောမူရတာတုန်း ---- မယ်​မယ့်​ကို ကြိုက်​သမျှလူတိုင်းကို စိတ်​ပူ​နေရင်​ နန်း​တော်​တခုလုံးက ​ယောက်ျား​တွေအကုန်​ စိတ်​ပူ​ပေးရလိမ့်​မယ်​ ----
မယ်​မယ်​​နော်​ တခြားပြဿနာရှာလို့ရ​သေးတယ်​ စစ်​သူကြီးဝမ်​ကို ကြိုက်​လို့မရဘူး​နော်​ ---
အခု​တောင်​ မင်းကြီးမှာ မယ်​မယ့်​ကို မနည်းကယ်​ထားရတာ"

HaoHao စကား​ကြောင့်​ Xukun မျက်​လုံးပြူးသွားသည်

"ဘယ်​လို ---- မင်းကြီးက ဘယ်​လိုကယ်​တာတုန်း"

The Story of Prince CaiOnde histórias criam vida. Descubra agora