Episode 9

5.9K 760 106
                                    

# Zawgyi

Xukun တို့ မြင်းလှည်း​လေးသည်​ ​တောလမ်း​လေးကို ဖြတ်​ပြီး ဘုံ​ကျောင်းသို့ပင်​ ​ရောက်​ခါနီးလာပြီဖြစ်​သည်​ ​ဘောလုံးကစားသည့်​​နေ့က အဖြစ်​​ကြောင့်​ ပြစ်​ဒဏ်​​ပေးခံရခါနီးဆဲဆဲ မင်းကြီးတား၍ အကျယ်​ချုပ်​မခံရ​သော်​လည်း ဘုံ​ကျောင်းတွင်​ လုပ်​အား​ပေးရင်း အပြစ်​​ဆေး​ကြော​စေဟူ​သော မယ်​​တော်​ကြီးအမိန့်​​ကြောင့်​ ယ​နေ့ထွက်​လာခဲ့ရခြင်းပင်​ လှည်း​ပေါ်တွင်​ ညိုးငယ်​​သော မျက်​နှာ​လေးနှင့်​ ငြိမ်​ငြိမ်​​လေးထိုင်​ပြီး လိုက်​လာတာ ​တွေ့​တော့လည်း HaoHao မှာ မယ်​မယ့်​ကို သနားမိသည်

"မယ်​မယ်​ ----- ဗိုက်​ဆာ​နေပြီလား ----"

"ဟင့်​အင်​ -----"

"ဘုံ​ကျောင်း​ရောက်​ဖို့ သိပ်​မလို​တော့ပါဘူး ဟို​ရောက်​မှ မယ်​မယ့်​ကို ​နေ့လည်​စာပြင်​​ကျွေးပါ့မယ်​"

"ငါ စားချင်​စိတ်​မရှိပါဘူး----"

မယ်​မယ့်​ပုံစံမှာ အင်​မတန်​ စိတ်​ဓာတ်​ကျ​နေသည့်​ပုံ​ပေါက်​သဖြင့်

"ဟို​ရောက်​ရင်​ မယ်​မယ်​ဘာမှ မလုပ်​ရပါဘူး အ​စေခံ​တွေ အများကြီး ပါလာတာပဲကို ---- အ​မွှေးတိုင်​ခုံ​လေးတခုကို အဝတ်​စ​လေးနဲ့သာ တ​နေကုန်​ ထိုင်​ပွတ်​​နေရုံပဲ ကျန်​တာ နန်းတွင်းသူ​တွေ လုပ်​ပါလိမ့်​မယ်​----"

"ငါက အလုပ်​လုပ်​ရတာ စိတ်​မညစ်​ပါဘူး ---- အဆင်​​ပြေ​စေချင်​လို့ လုပ်​ကာမှ မင်းကြီးကို ထပ်​ပြီး  ထိခိုက်​​စေပြန်​လို့ စိတ်​မ​ကောင်းဖြစ်​​နေတာ---"

"​အော်​ မယ်​မယ်​ရယ်​---- တမင်​ရည်​ရွယ်​တာမှ မဟုတ်​တာပဲ မင်းကြီးလည်း နားလည်​ပါတယ်​ မယ်​မယ့်​ကိုလည်း တခါမှအပြစ်​မတင်​ပါဘူး ---- အခုက မယ်​​တော်​ကြီးနဲ့ မိဖုရား​ခေါင်​ကြီး စိတ်​​ကျေနပ်​​အောင်​သာ လွှတ်​လိုက်​ရတာပါ"

Xukun မျက်​လွှာချပြီး မှုန်​ကုပ်​​နေဆဲ

"ဒါနဲ့ ------ စစ်​သူကြီးWangက ဒီအချိန်​ကျမှ ဘာလို့ ရွာပြန်​ရတာလဲ -----အမြဲတမ်း ​စောင့်​​ရှောက်​​ပေးပါ့မယ်​​ပြောပြီး----"

The Story of Prince CaiDonde viven las historias. Descúbrelo ahora