Episode - 7

6.1K 764 193
                                    

(Zawgyi)

"မင်းကြီးကို ဂါရဝပြုပါတယ်​----"

မင်းကြီးဝင်​လာသည်​နှင့်​ Xukun သည်​ မျက်​နှာပူ​သော​ကြောင့်​အပျို​တော်​များနှင့်​အပြိုင်​ ကျုံ့ကျုံ့​လေးထိုင်​ကာ ​စောင်​​ခေါင်းမြီးခြုံထား​လေ၏

"မင်းကြီး ---- ခွင့်​လွှတ်​​တော်​မူပါ ----- ခွင့်​မလွှတ်​နိုင်​လည်း ပြစ်​ဒဏ်​​သေး​သေးပဲ ချ​တော်​မူပါ --- ဥပမာ ထမင်းဆယ်​ပန်းကန်​ကို တနပ်​တည်းစားခိုင်းတာမျိုး​ပေါ့ အကယ်​၍ ပြစ်​ဒဏ်​ကျနန်း​ဆောင်​ ပို့မယ်​ဆိုလည်း ဖုန်​​လေးဘာ​လေး ရှင်းခိုင်းပြီးမှ ပို့​တော်​မူပါ ​နေရာမသန့်​ရင်​ ယားနာဖြစ်​တတ်​လို့ပါ "

အပျို​တော်​များ ပြုံးစိစိ ဖြစ်​သွားသည့်​တိုင်​ မင်းကြီးသည်​ မျက်​နှာတည်​​နေဆဲပင်

"ဘယ်​သူက အပြစ်​ရှိလို့လဲ ဘယ်​သူက အတင့်​ရဲပြီး မိဖုရားကို ပြစ်​ဒဏ်​​ပေးရဲလဲ ----"

မင်းကြီးစကား​ကြောင့်​ HaoHao အသည်းသန်​ ​တောင်းပန်​​တော့၏

"​တောင်းပန်​ပါတယ်​ မင်းကြီး-----"

"မိဖုရားကလွဲရင်​ အားလုံးအခန်းထဲက ထွက်​သွားကြ"

HaoHao တို့ လန့်​ဖြပ်​သွားသည်

"အရှင်​မင်းကြီး -----"

"ဒီ​နေ့က မင်္ဂလာ​ဆောင်​ည​လေ--- ငါကိုယ်​​တော့်​အမိန့်​ကို ဘယ်​သူလွန်​ဆန်​ရဲလဲ ---- မသွားကြ​သေးဘူးလား"

သို့မှသာ ​ကြောက်​လန့်​ပြီး ထွက်​သွားရ​တော့သည်​ စိတ်​ထဲတွင်​​တော့ အိပ်​​ဆောင်​ဝင်​ခါနီး မင်းကြီးအားလိမ်​လည်​မှုဖြင့်​ သူတို့အကုန်​လုံး အဆုံးသတ်​​တော့မည်​ဟု ထင်​မှတ်​လျှက်​ နန်း​ဆောင်​နှင့်​မလှမ်းမကမ်းတွင်​ ငို​နေကြ​လေ၏

နန်း​ဆောင်​တွင်​မူ----

"ကဲ မင်းထင်​ရာမြင်​ရာ​တွေ ​ပြောမ​နေပဲ ​စောင်​ကြီးသာ ဖယ်​လိုက်​ပါ မပူဘူးလား -----"

သို့မှသာ Xukun လည်း မရဲတရဲနှင့်​ ခြုံထားသည့်​​စောင်​ကို ဖယ်​ကာကြည့်​​လေ​သော်​ ပဝါအနီစ​လေးကိုင်​ထား​သော မင်းကြီးသည်​ သူ့​ရှေ့တည့်​တည့်​တွင်​ ရပ်​​နေ​လေ၏

The Story of Prince CaiTempat cerita menjadi hidup. Temukan sekarang