Episode - 11

5.5K 688 166
                                    

#Zawgyi

Xukun သည်​ ညဉ့်​နက်​သည်​အထိ အိပ်​ချင်​​ယောင်​​ဆောင်​ကာ​စောင့်​၏ HaoHao နှင့်​တကွ အပျို​တော်​တသိုက်​ အိပ်​ပြီဆိုမှ မီးပုံး​လေးအသာယူကာ ချန်​​ဖေးမိဖုရား​ပျောက်​သွားသည့်​ ​တောလမ်းဘက်​သို့ ထွက်​လာခဲ့သည်​ ​တောလမ်းဟုဆို​သော်​လည်း တကယ်​တမ်းမူ နန်းမြို့ရိုးထဲကလည်း မထွက်​​သေး လူသွားလူလာလည်း သိပ်​မရှိသည်​မို့ နန်း​တော်​မှ လှို့ဝှက်​ထွက်​လမ်းလိုမျိုး ဖြစ်​မည်​ဟု ယူဆသည်

မင်းကြီးကိုနမ်းသည့်​ကိစ္စတည်းက ပြသနာ​တောက်​​လျောက်​တက်​​နေသည်​မို့ အသာ​လေး ငြိမ်​​နေရ​သော်​လည်း 21ရာစုကိုပြန်​ချင်​​နေတုန်းပင်​ ဘဲ​ချော​ချောများက ဝိုင်းချစ်​သည့်​တိုင်​ တက်​လွယ်​ ပျက်​လွယ်​သည့်​ 'မင်းခ​ယောက်ျား ကမ်းနားသစ်​ပင်​' ဘဝကို သူ​ကြောက်​သည်​ မိဖုရား​ခေါင်​ကြီးက မျက်​မုန်းကျိုးပါဘိသနဲ့ အချိန်​မ​ရွေး သူဒုက္ခ​ရောက်​နိုင်​သည်​ ChengCheng ​ပြောပြ​သော အ​ကြောင်းအရာများထဲမှ သတင်း​ကောင်းသည်​ကား ဟိုဘက်​​ခေတ်​လူသားများသည်​ ဤ​နေရာတွင်​ တုတ်​ပြီးဓားပြီး​နေခြင်းပင်

20 ရာစုလူသား ချန်​​ဖေးမိဖုရား ပြန်​နိုင်​လျှင်​ 21 ရာစုလူသား မိမိလည်း ကျိန်း​သေ​ပေါက်​ ပြန်​နိုင်​ရမည်​ ကြိမ်းဝါးလျှက်​ မီးပုံးအားကိုးနှင့်​ သဲလွန်​စတခုခု ရလိုရငြား ရှာ​နေ​တော့၏ လမိုက်​ညမို့ထင်​သည်​ ပတ်​ဝန်းကျင်​တခွင်​တပြင်​လုံးမှာ ​မှောင်​မိုက်​​နေသည်​ မိမိတ​ယောက်​တည်းဖြစ်​​နေ၍လား​တော့မသိ ကြည့်​ဖူးသည့်​ သရဲကားထဲမှ ဇာတ်​ဝင်​ခန်းများ ​ပြေး​ပြေးမြင်​​နေသဖြင့်​ ဘုရားစာရွတ်​ရ​သေးသည်

ထိုသို့ ဆက်​​လျှောက်​လာရင်း စကား​ပြောသံလိုလိုပါ ကြား​နေရသည်​ ကြက်​သီးထမိ​သော်​လည်း ​အော်​​ပြေးလို့မဖြစ်​ ခိုးထွက်​လာတာမိလျှင်​ ပြသနာတစ်​မှု တိုးမည်​ဖြစ်​သဖြင့်​ သူ့စိတ်​သူတည်​ငြိမ်​​အောင်​ လုပ်​သည်​ ပြီးမှ စကားသံကြားရ​သော​နေရာအား လူလား သရဲလား ကွဲကွဲပြားပြားသိရန်​ စူးစမ်းရ​တော့သည်

The Story of Prince CaiTahanan ng mga kuwento. Tumuklas ngayon