Episode - 13

5.3K 601 92
                                    

#Zawgyi

"ဘာ ----- စစ်​သူကြီး Wang ကို မင်းရဲ့ ကိုယ်​ရံ​တော်​ ပြန်​ခန့်​ရမယ်​ ဟုတ်​စ ------ ခိုးထွက်​ပြီး တခြား​ယောက်ျားနဲ့​တွေ့တာတင်​ မင်းအပြစ်​ကကြီး​နေပြီ အခွင့်​အ​ရေးယူတယ်​ဆိုတာ ​တော်​ရုံပဲ ​ကောင်းလိမ့်​မယ်​ ခွင်း​ဖေးမယ်​မယ်​ -----"

နန်း​ဆောင်​တခုလုံးတွင်​ မင်းကြီးနှင့်​ Xukun နှစ်​​ယောက်​သာရှိ၏ မင်းကြီးသည်​ ခါတိုင်း တည်​ငြိမ်​သူဖြစ်​​သော်​လည်း ယခုကိစ္စတွင်​​တော့ ရှုးရှုးရှဲရှဲ ​ဒေါသထွက်​​နေ​ချေပြီ Xukun လည်း အနည်းငယ်​ထိတ်​လန့်​မိ​သော်​လည်း အားတင်းပြီး ဒူး​ထောက်​ထိုင်​လိုက်​သည်

"အဲ့လို​ပေမယ့်​ အရှင်​မင်းကြီးဟာ ကျ​နော့်​ရဲ့ ​တောင်းဆိုမှုကို ကျိန်း​သေ​ပေါက်​ လိုက်​​လျောရပါလိမ့်​မယ်​"

"ရဲတင်းလှချည်​လား -----"

"စစ်​သူကြီး Wang ဟာ ကျ​နော့်​အတွက် လုပ်​တာ​ပေမယ့်​​ သူ့ကို မီးရှို့ဖို့အကြံ​ပေးတဲ့သူကို အရှင်​မင်းကြီး မသိချင်​ဘူးလား -----"

မင်းကြီး ငြိမ်​သွား၏

"ဘယ်​လိုသူ့ကို အကြံ​ပေးတဲ့သူရှိတယ် --- ​ဘယ်​သူလဲ --- မဟုတ်​မှလွဲ​ရော ----"

မင်းကြီးစိတ်​ဆိုးတာငြိမ်​သွားပြီမို့ Xukun လည်း သူ့စကားကိုဆက်​သည်

"အရှင်​မင်းကြီးလည်း သံသယဖြစ်​မိတယ်​ မဟုတ်​လား ညီ​တော်​ ChengCheng မင်းသားရဲ့ စကား​တွေဟာ ဖြစ်​နိုင်​​ချေရှိတယ်​ဆိုတာ ---- အဲဒီစိတ်​​ကြောင့်​ ကျ​နော့်​ကို လက်​ထပ်​ခဲ့တာ မဟုတ်​လား -----"

မင်းကြီးသည်​ ဆတ်​ခနဲ ဆိုသလို Xukun ပုခုံးကို ကိုင်​လျှက်မျက်​နှာ​စေ့​စေ့ကြည့်​ကာ

"မင်း --- ဘာကို ဆိုလိုချင်​တာလဲ ----"

"ChengCheng မင်းသားက မရူးဘူး မင်းကြီး --- သူက တကယ်​ဖြစ်​ခဲ့တာကို မှတ်​မိ​နေခဲ့တာ ---- ကျ​နော်​မျိုး ​ရောက်​လာတဲ့အတွက်​ အကုန်​လုံး လွဲ​ချော်​ကုန်​ခဲ့တာ မင်းကြီးတို့ရဲ့ ကံ​ကောင်းမှုဆိုတာ အမြဲတမ်းဖြစ်​​နေမှာ မဟုတ်​ဘူး ပုန်​ကန်​မှုနဲ့ ​သွေး​မြေကျမယ့်​ကိန်း​တွေက ဒီအတိုင်းဆို ပြန်​​ရောက်​လာ​တော့မှာ သမိုင်းအ​ထောက်​အထားအရဆို ​တော်​ဝင်​​သွေး အ​တော်​များများဟာ စစ်​ပွဲ​ကြောင့်​ ပျက်​စီးကြရလိမ့်​မယ်​ ဒါ​ပေမယ့်​ ဘုရင်​မင်းမြတ်​ရဲ့ မှားယွင်းစွာ ဆုံးဖြတ်​ပြီး ရာထူးရုတ်​သိမ်း အိမ်​ပြန်​​စေတဲ့အတွက်
စစ်​သူကြီး Wang က​တော့ ​သေတဲ့အထဲ မပါခဲ့ဘူး LiNong မင်းသား နန်းတက်​တဲ့အခါ အခစားဝင်​ရပြီး နံပါတ်​သုံးအဆင့်​ အရာရှိဖြစ်​လာခဲ့တယ်​ ----
အကယ်​၍ စစ်​သူကြီး Wang ကို အခုတည်းက ကိုယ့်​​တော့်​ဘက်​မှာ ရှိခဲ့ရင်​ သမိုင်းကို ထပ်​လွဲ​ချော်​​စေပြီး ကျ​နော်​တို့ဟာ အ​ပြောင်းအလဲတခု ထပ်​ဖန်​တီးနိုင်​လိမ့်​မယ်​ ----
အရှင်​မင်းကြီးလည်း ထူးချွန်​တဲ့အမှုထမ်း​ကောင်း​တွေ လိုအပ်​တယ်​ မဟုတ်​လား ---"

The Story of Prince CaiWhere stories live. Discover now