Episode - 5

6.4K 769 99
                                    

(Zawgyi)

HaoHao သည်​ ​ရွှေခြည်​အနည်းငယ်​ပြုတ်​​နေ​သော Xukun ၏ မင်္ဂလာဝတ်​စုံကို ပြန်​ပြင်​​နေရင်းမှပင်​ ​ဆောင်​ရန်​ ​ရှောင်​ရန်​များကို တတွတ်​တွတ်​ ​ပြော​နေ​တော့သည်
မိမိတို့သည်​ မနက်​ကမှ နန်းတွင်း​ရောက်​သည်​ ဖြစ်​​သော်​ငြား မနက်​ဖြန်​တွင်​လျှင်​ မင်္ဂလာပွဲကျင်းပရ​တော့မည်​ ဤမျှ​လောက်​ အချိန်​ကပ်​​နေတာ​တောင်​ မယ်​မယ်​သည်​ လက်​​ဆော့ပြီး မင်္ဂလာဝတ်​စုံက အရုပ်​ကိုဆွဲကြည့်​​သော​ကြောင့်​ ပြုတ်​ထွက်​ပြီး HaoHao ပြန်​ချုပ်​​နေရခြင်းပင်

"မယ်​မယ့်​ အ​နေနဲ့ နန်းတွင်း​ရောက်​ပြီဆိုရင်​ အထူးသတိထားရမယ့်​သူ​တွေ ရှိလာပြီ---
ပထမဆုံး တ​ယောက်​က မယ်​မယ့်​​ယောက်​ခမ မယ်​​တော်​ကြီး------
မယ်​​တော်​ကြီးက Yuan နိုင်​ငံမင်းသမီးကို ချစ်​မြတ်​နိုး​ပေမယ့်​ မင်းသမီးမို့လို့ ချစ်​တာ​လေ မယ်​မယ်​သာ ​ယောက်ျား​လေးမှန်းသိရင်​ သူကအရင်​ မိုးမီး​လောင်​မှာ"

Xukun မှာမူ သူ​ပြောသည့်​အ​ကြောင်းအရာကို စိတ်​မပါလက်​မပါနဲ့ နား​ထောင်​ရင်း ​ရေ​နွေးခြမ်း​မွှေး​မွှေး​လေးနှင့်​ မုန့်​အချိုများကို မြည်း​နေရင်းမှပင်

"​နောက်​တ​ယောက်​က မိဖုရား​ခေါင်​ကြီးလား ---"

"အား--- မယ်​မယ်​က အငြိမ်​မ​နေတတ်​​ပေမယ့်​ ဥာဏ်​​တော့​ကောင်းသားပဲ"

Xukun ဘဝင်​​လေဟပ်​ပြီး ​ခေါင်း​လေး​မော့ကာ

"အဟက်​ ဒါက ဘာဆန်းလို့လဲ မိဖုရား​ခေါင်​ကြီးက မိန်းမ​လေ သူ့လင်​ရဲ့​နောက်​မိန်းမ အဲ ​နောက်​​ယောက်ျား အွန်း ဘယ်​လို​ခေါ်ရမယ်​မသိ ကို သ​ဘောကျ​နေမလား မိန်းမပီပီ သဝန်​တိုပြီး မမြင်​ရ​သေး​ပေမယ့်​ ငါ့ကို ကျိန်​ဆဲ​နေမှာ​ပေါ့"

"ဟုတ်​ပါရဲ့ မင်းကြီးပစ်​ထားတာ ခံရမှာချင်းတူတူ မယ်​မယ်​က အရမ်း​ချော​တော့ မနာလို​နေမှာပဲ ဟီးဟီး----"

"​တော်​ပါ ---- ​မြှောက်​ပင့်​မ​နေပဲ ငါ့ကို ​ဆေး​ရေ​နွေးဆိုတာပဲ ယူလာ​ပေးစမ်းပါ ငါ Allegic ထချင်​​နေပြီ---"

The Story of Prince CaiDonde viven las historias. Descúbrelo ahora