(Zawgyi)
သိပ္ပံစက်ပစ္စည်းများဖြင့် ပြည့်နှက်နေသည့် စံအိမ်ကြီးထဲတွင် Cai xukun တယောက် အသက်လုပြီး ပြေးနေရသည် သူ့နောက်တွင်တော့ Zuoye ဟာ တကြော်ကြော်အော်ကာ လိုက်နေ၏်"အစ်ကို Kun အစ်ကို KunKun မပြေးပါနဲ့----"
တံခါးပေါက်တခုတလေများ တွေ့လေမလား ရှာပေမယ့် တံခါးအားလုံးဟာ လှို့ဝှက်ကုတ်များဖြင့်သာ ထိန်းချုပ်ထားသောကြောင့် သူ့မှာ အခက်တွေ့နေရပြီ
"မဖြစ်ဘူး အဲလိုမဖြစ်သင့်ဘူး ငါ့ကို ဒီကထွက်ခွင့်ပြုကြပါ"
Zuoye အဖေဖြစ်သူ Professor HanMubo ကတော့ Evil Smile ဆန်ဆန်ပြုံးရင်း
"အားကုန်မခံပါနဲ့တော့ မောင်ရင် ----- ဦးရဲ့ ခွင့်ပြုချက်မရပဲ ဒီစံအိမ်ကြီးထဲက ထွက်ခွာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး
အဲ့ဒီတော့ မူလအစီအစဉ်အတိုင်း ဦးရဲ့သား Zuoye လေးကို အသာတကြည် လက်ထပ်ပါ
ဟင်း ဟင်း ဦးလည်း သားကို ထိခိုက်ဒဏ်ရာရမှာမျိုး မဖြစ်စေချင်ပါဘူး"နံရံအကွေ့ကနေ သူရှိရာနေရာကို လျှောက်လာနေတဲ့ Professor HanMubo နဲ့ Zuoye ကြောင့် Xukun လည်း နောက်ကို တလှမ်းချင်းရွေ့ရင်း
"ကျ--- ကျနော် အကြွေးတွေကို ဒီအတိုင်း လုပ်အားခစုပြီး ပြန်ဆပ်နိုင်ပါတယ်"
"မဟုတ်တာ မောင်ရင်ရယ် သန်း ၃၀ ကြီးတောင်နော် မင်းအတွက် ဝန်လေးမှာပေါ့ ကောလိပ်တက်နေဆဲ ကျောင်းသားတယောက်က ဒီလောက်ပမာဏကို ဘယ်လိုလုပ်ပြီး ရှာနိုင်မှာလဲ"
"ဟို ---- ဟို"
စကားကိုတုန်တုန်ရီရီ ပြောဖို့ကြံရင်း နောက်ကျောဘက်က နံရံများအကြား ခလုတ်တခု သူစမ်းမိသွားသည်
"နောင်ဘဝကျရင်တော့ ကျနော် ကျိန်းသေပေါက် ပြန်ဆပ်မှာပါ ဦး ခုတော့ တာ့တာ ----"
ကျွီခနဲ မှန်တံခါးပွင့်ပြီး အထဲအမြန်ဝင်ကာ Professor တို့ ဝင်မလာရန် တံခါးအမြန်ပိတ်ပစ်ပြီး အခန်းထဲတွင် အသင့်ရှိသောကားကို မောင်းပြေးရန် စက်နှိုးလိုက်သည် မှန်ချပ်ခြားထားသည့် ဟိုဘက်ခန်းက Professor တို့သားအဖကတော့ ထိုသို့မလုပ်ရန် ခြေဟန်လက်ဟန်နင့် တားနေသလိုပင် အားနာပေမယ့် Xukun အတွက် ရွေးစရာမရှိ အကြွေးဆပ်ဖို့ သူ့ဘဝကို စတေးလိုက်တာမျိုးတော့ အဖြစ်မခံနိုင် ထို့ကြောင့် သူထွက်ပြေးမှရမည်
ESTÁS LEYENDO
The Story of Prince Cai
Ficción históricaကောလိပ်ကျောင်းသားလေး Cai xukun ဟာ ကြွေးနဲ့သိမ်းခံရမှာ ကြောက်တဲ့အတွက် ထွက်ပြေးရင်း အရင်ခေတ်ကို ရောက်ရှိသွားပါတယ် လွဲမှားနေတဲ့ သမိုင်းအကြောင်းအရာတွေကို သူပြောင်းလဲနိုင်မှာလား 21 ရာစုကို အဆင်ပြေပြေ ပြန်ရောက်နိုင်ပါ့မလား